ဘာစီလိုနာ ဂိုးသမား တာစတီဂျန်ကို ပစ်မှတ်ထား စောင့်ကြည့်နေတဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ ပွဲထွက် ဂိုးသမား ကီပါကို အပြိုင် စိန်ခေါ်နိုင်မယ့်၊ အစားထိုးနိုင်မယ့် ဂိုးသမားကောင်း ဈေးကွက်ထဲမှာ ရှာဖွေနေမှုကို မရပ်တန့်သေးပါဘူး။ အခု နောက်ဆုံးပစ်မှတ်ထားလာတာက နာမည်ကျော် ဘာစီလိုနာကလပ်မှ ဂျာမန်သား ဂိုးသမား တာ စတီဂျန်ပဲ ဖြစ်ပါတယ်။

ချယ်ဆီးက ဘာစီလိုနာရဲ့ အခြေအနေနဲ့ တာစတီဂျန်ကို စောင့်ကြည့်နေပြီး လာမယ့်နွေမှာ လှုပ်ရှားမှု ပြုလုပ်နိုင်ဖို့ တွက်ဆ နေပါတယ်။ ဂိုးသမား ကီပါကို ချယ်ဆီး စတင် ချန်လှပ်စဉ်က အေဂျက် ဂိုးသမား အိုနာနာနဲ့ အေစီမီလန်မှ ဒွမ်နမာတို့ကို ချိန်ရွယ်ဖူးပြီး ၎င်းတို့က ချယ်ဆီး အတွက် ဖြစ်နိုင်တဲ့ ပစ်မှတ်တွေလည်း ဖြစ်ပါတယ်။

တာစတီဂျန်က မဖြစ်နိုင်သလောက်နီးပါး ပစ်မှတ်လို့ ဆိုနိုင်ေ်ပမယ့် ဘာစီလိုနာမှာ မက်ဆီနဲ့ တာစတီဂျန်တို့ အဆင်မပြေမှုများ ရှိလာတာကြောင့် ဂျာမန်သားဟာ မမျှော်လင့်ဘဲ ခေါ်ယူနိုင်တဲ့ အနေအထား ဖြစ်လာခဲ့ပါတယ်။

ချယ်ဆီးဘက်မှာတော့ အရန် ဂိုးသမား ကာဘယ်လာရိုကို ပွဲ ဆက် သုံးနေရာကနေ လမ်းပတ်က ကီပါကို လီဗာပူးနဲ့ ပွဲမှာ ပြန် ထုတ်သုံးခဲ့ပြီး စပိန်သားကလည်း လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်ပြထားပါတယ်။ လမ်းပတ်က ကီပါရဲ့ တုန့်ပြန်မှုကို နှစ်သက်ကြောင်းလည်း ပြောဆိုထားပါတယ်။

ကီပါကို ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားဟန် ပြသလာတာကြောင့် ချယ်ဆီး အနေနဲ့ လာမယ့်နွေမှာ တာစတီဂျန်ကို ခေါ်ယူခွင့် ရှိရင် ကီပါကို ရောင်းထုတ်ပြီး ဂျာမန်သားကို အရ ခေါ်ယူဖို့ အကွက်ရွှေ့လာဖွယ် ရှိနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ပြဲထြက္ ဂိုးသမား ကီပါကို အျပိဳင္ စိန္ေခၚနိုင္မယ့္၊ အစားထိုးနုိင္မယ့္ ဂိုးသမားေကာင္း ေစ်းကြက္ထဲမွာ ရွာေဖြေနမႈကို မရပ္တန္႔ေသးပါဘူး။ အခု ေနာက္ဆံုးပစ္မွတ္ထားလာတာက နာမည္ေက်ာ္ ဘာစီလိုနာကလပ္မွ ဂ်ာမန္သား ဂိုးသမား တာ စတီဂ်န္ပဲ ျဖစ္ပါတယ္။

ခ်ယ္ဆီးက ဘာစီလိုနာရဲ႕ အေျခအေနနဲ႕ တာစတီဂ်န္ကို ေစာင့္ၾကည့္ေနျပီး လာမယ့္ေႏြမွာ လႈပ္ရွားမႈ ျပဳလုပ္နုိင္ဖို႔ တြက္ဆ ေနပါတယ္။ ဂိုးသမား ကီပါကို ခ်ယ္ဆီး စတင္ ခ်န္လွပ္စဥ္က ေအဂ်က္ ဂိုးသမား အိုနာနာနဲ႕ ေအစီမီလန္မွ ဒြမ္နမာတို႔ကို ခ်ိန္ရြယ္ဖူးျပီး ၄င္းတို႔က ခ်ယ္ဆီး အတြက္ ျဖစ္နုိင္တဲ့ ပစ္မွတ္ေတြလည္း ျဖစ္ပါတယ္။

တာစတီဂ်န္က မျဖစ္နိုင္သေလာက္နီးပါး ပစ္မွတ္လို႔ ဆိုနုိင္ေ္ပမယ့္ ဘာစီလိုနာမွာ မက္ဆီနဲ႕ တာစတီဂ်န္တို႔ အဆင္မေျပမႈမ်ား ရွိလာတာေၾကာင့္ ဂ်ာမန္သားဟာ မေမွ်ာ္လင့္ဘဲ ေခၚယူနိုင္တဲ့ အေနအထား ျဖစ္လာခဲ့ပါတယ္။

ခ်ယ္ဆီးဘက္မွာေတာ့ အရန္ ဂိုးသမား ကာဘယ္လာရိုကို ပြဲ ဆက္ သံုးေနရာကေန လမ္းပတ္က ကီပါကို လီဗာပူးနဲ႕ ပြဲမွာ ျပန္ ထုတ္သံုးခဲ့ျပီး စပိန္သားကလည္း လက္စြမ္းျပ ကာကြယ္မႈေတြ လုပ္ျပထားပါတယ္။ လမ္းပတ္က ကီပါရဲ႕ တုန္႔ျပန္မႈကို နွစ္သက္ေၾကာင္းလည္း ေျပာဆိုထားပါတယ္။

ကီပါကို ရီးရဲလ္မက္ဒရစ္က စိတ္၀င္စားဟန္ ျပသလာတာေၾကာင့္ ခ်ယ္ဆီး အေနနဲ႕ လာမယ့္ေႏြမွာ တာစတီဂ်န္ကို ေခၚယူခြင့္ ရွိရင္ ကီပါကို ေရာင္းထုတ္ျပီး ဂ်ာမန္သားကို အရ ေခၚယူဖို႔ အကြက္ေရႊ႕လာဖြယ္ ရွိေနပါတယ္။