စီနီယာ ၉ ဦးထိ လွဲမယ့် အဲဗာတန်ပွဲ၊ ဒိုင်ယာဘက်က ရပ်တည်တဲ့ လမ်းပတ်နဲ့ ချယ်ဆီး ညနေခင်းသတင်းများ

အဲဗာတန်နဲ့ပွဲကို ပွဲထွက်ကစားပေးဖို့ ခံစစ်မှူး ခရစ်စတန်ဆန်ဟာ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာနေတယ်လို့ သတင်းထောက် Nizaar Kinsella က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဂိုးသမား ကီပါက သူ အလိုရှိတဲ့ အတိုင်း ကွက်တိ တုန့်ပြန်မှုမျိုး ပြုလုပ်ထားခဲ့ပြီ ဖြစ်ကြောင်း ချယ်ဆီးနည်းပြ လမ်းပတ်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ကီပါက သူ့ရဲ့ ပွဲထွက် တစ်နေရာ ပြန်လည် သိမ်းပိုက်နိုင်ဖို့ ရှိနေပါတယ်။

စပါးကွင်းလယ်ကစားသမား အဲရစ်ဒိုင်ယာက နောဝစ်ချ်ကို ရှုံးတဲ့ အက်ဖ်အေပွဲမှာ ပွဲကြည်စင်သို့ ပြေးသွားခဲ့ပြီး ပရိသတ် တစ်ဦးနဲ့ သူ့ညီ ဖြစ်သူ အငြင်းပွားတာ ဖြန်ဖြေခဲ့တဲ့ ကိစ္စ အပေါ် နည်းပြ လမ်းပတ်က အလိုလျောက် ဖြစ်သွားတဲ့ တုန့်ပြန်မှု တစ်ခု ဖြစ်ကြောင်း ဒိုင်ယာဘက်က ကာကွယ် ပြောဆိုပေးခဲ့ပါတယ်။ အက်ဖ်အေက ကစားသမားအပေါ် နောက်ဆက်တွဲ အရေးယူမှုတွေ ပြုလုပ်ဖို့ ရှိနေပါတယ်။

ချယ်ဆီး တောင်ပံတိုက်စစ်သမား အိုဒွိုင်းဟာ ဒဏ်ရာက ပြန်ကောင်းလာပြီး လေ့ကျင့်ရေး ပြန်ဆင်းတဲ့ ပထမနေ့မှာပဲ တံကောက်ကြော ဒဏ်ရာ ပြန်ရသွားခဲ့ကြောင်း လမ်းပတ်က အတည်ပြုခဲ့ပါတယ်။

အဲဗာတန် နည်းပြ အန်ဆယ်လော့တီက အရင် ချယ်ဆီး နည်းပြ အဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဖြစ်ရအပေါ် အညှိုးအတေးများ မရှိကြောင်း ဆိုလိုက်ပြီး ချယ်ဆီးပိုင်ရှင်နဲ့လည်း အခုထိ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဒီတစ်ပတ် အဲဗာတန်နဲ့ ပွဲစဉ်မှာ ချယ်ဆီးအသင်းဟာ စီနီယာအသင်းသား ၉ ဦးထိ မပါဝင်နိုင်ဘဲ ရင်ဆိုင် ကစားရဖွယ် ရှိပါတယ်။ ကွင်းလယ် ကစားသမား ကိုဗာဆစ် မပါဝင်နိုင်သည့် အပြင် ဝီလီယံ အခြေအနေကလည်း စောင့်ကြည့်ရဆဲလို့ သိရပါတယ်။

Zawgyi – အဲဗာတန္နဲ႔ပြဲကို ပြဲထြက္ကစားေပးဖို႔ ခံစစ္မွဴး ခရစ္စတန္ဆန္ဟာ ၾကံ႕ခိုင္မႈ ျပန္လည္ ျပည့္ဝလာေနတယ္လို႔ သတင္းေထာက္ Nizaar Kinsella က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဂိုးသမား ကီပါက သူ အလိုရွိတဲ့ အတိုင္း ကြက္တိ တုန္႔ျပန္မႈမ်ိဳး ျပဳလုပ္ထားခဲ့ျပီ ျဖစ္ေၾကာင္း ခ်ယ္ဆီးနည္းျပ လမ္းပတ္က ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။ ကီပါက သူ႔ရဲ႕ ပြဲထြက္ တစ္ေနရာ ျပန္လည္ သိမ္းပိုက္နုိင္ဖို႔ ရွိေနပါတယ္။

စပါး ကြင္းလယ္ကစားသမား အဲရစ္ဒိုင္ယာက ေနာ၀စ္ခ်္ကို ရွံဳးတဲ့ အက္ဖ္ေအပြဲမွာ ပြဲၾကည္စင္သုိ႔ ေျပးသြားခဲ့ျပီး ပရိသတ္ တစ္ဦးနဲ႕ သူ႔ညီ ျဖစ္သူ အျငင္းပြားတာ ျဖန္ေျဖခဲ့တဲ့ ကိစၥ အေပၚ နည္းျပ လမ္းပတ္က အလိုေလ်ာက္ ျဖစ္သြားတဲ့ တုန္႔ျပန္မႈ တစ္ခု ျဖစ္ေၾကာင္း ဒိုင္ယာဘက္က ကာကြယ္ ေျပာဆိုေပးခဲ့ပါတယ္။ အက္ဖ္ေအက ကစားသမားအေပၚ ေနာက္ဆက္တြဲ အေရးယူမႈေတြ ျပဳလုပ္ဖို႔ ရွိေနပါတယ္။

ခ်ယ္ဆီး ေတာင္ပံတိုက္စစ္သမား အိုဒြိဳင္းဟာ ဒဏ္ရာက ျပန္ေကာင္းလာျပီး ေလ့က်င့္ေရး ျပန္ဆင္းတဲ့ ပထမေန႕မွာပဲ တံေကာက္ေၾကာ ဒဏ္ရာ ျပန္ရသြားခဲ့ေၾကာင္း လမ္းပတ္က အတည္ျပဳခဲ့ပါတယ္။

အဲဗာတန္ နည္းျပ အန္ဆယ္ေလာ့တီက အရင္ ခ်ယ္ဆီး နည္းျပ အျဖစ္ကေန ထုတ္ပယ္ခံခဲ့ရတဲ့ ျဖစ္ရအေပၚ အညွိဳးအေတးမ်ား မရွိေၾကာင္း ဆိုလိုက္ျပီး ခ်ယ္ဆီးပိုင္ရွင္နဲ႕လည္း အခုထိ ေကာငး္မြန္တဲ့ ဆက္ဆံေရး ရွိေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ဒီတစ္ပတ္ အဲဗာတန္နဲ႕ ပြဲစဥ္မွာ ခ်ယ္ဆီးအသင္းဟာ စီနီယာအသင္းသား ၉ ဦးထိ မပါ၀င္နိုင္ဘဲ ရင္ဆိုင္ ကစားရဖြယ္ ရွိပါတယ္။ ကြင္းလယ္ ကစားသမား ကိုဗာဆစ္ မပါ၀င္နုိင္သည့္ အျပင္ ၀ီလီယံ အေျခအေနကလည္း ေစာင့္ၾကည့္ရဆဲလို႔ သိရပါတယ္။