တံကောက်ကြော ပြန်ထိသွားတဲ့ အိုဒွိုင်းအပါအဝင် ကိုဗာဆစ်၊ ဝီလီယံတို့ အခြေအနေ

ချယ်ဆီး တောင်ပံတိုက်စစ်သမား အိုဒွိုင်းဟာ သူ့ရဲ့ပထမဆုံး ထရိန်နင်မှာပဲ တံကောက်ကြော ပြန်ထိသွားခဲ့တာကြောင့် ပြန်ကောင်းဖို့ ထပ် အချိန်ယူရဦးမှာ ဖြစ်ကြောင်း နည်းပြ လမ်းပတ်က အတည်ပြုသွားပါတယ်။ ကွင်းလယ်ကစားသမား ကိုဗာဆစ်ကလည်း ဒီတပတ် အဲဗာတန်နဲ့ ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ၎င်းက ဆိုပါတယ်။

အဲဗာတန်နဲ့ ပွဲကြို ရှင်းလင်းပွဲမှာ ချယ်ဆီး နည်းပြ လမ်းပတ်က အသင်း ဒဏ်ရာရ ကစားသမားများ အခြေအနေကို အသိပေးခဲ့တာ ဖြစ်ပြီး ပွဲမတိုင်ခင် ကြံ့ခိုင်မှု စစ်ဆေးကာ ပါဝင်ကစားဖို့ ဆုံးဖြတ်ရမယ့် သူများလည်း ရှိနေပါတယ်။

” အိုဒွိုင်းက မနေ့ကပဲ ဒဏ်ရာ ပြန်ရသွားတယ်။ ဒီနေ့ ပြန် စစ်ဆေးရဦးမှာ ဖြစ်လို့ အရင် ခန့်မှန်းထားတာထက်တော့ သူ ပြန်ကစားနိုင်ဖို့ ကြာဦးမှာပါ။ ဒါက သူ့အတွက်လည်း ခက်ခဲမှာ ဖြစ်တယ်။”

” အိုဒွိုင်းက ပြန် ကစားနိုင်ဖို့ လောသွားတာ မဟုတ်ဘူး။ သူ့ အခြေအနေက အားလုံး ပြန်ကောင်းပြီ လေ့ကျင့်လို့ ရနေပါပြီ။ ဒါပေမယ့် ပြန် လေ့ကျင့်တဲ့ ပထမ တစ်ချိန်မှာပဲ ပြန် ဒဏ်ရာရသွားခဲ့တာ။ သူ့လို ပြန်ကစားဖို့ စိတ်အားထက်သန်နေတဲ့ လူငယ်တစ်ယောက် အတွက်တော့ အခြေအနေက စိတ်ပျက်စရာပါ။ အသင်းဘက်လည်း စိတ်ညစ်ရပါတယ်။ ကျနော်တို့မှာ ဒဏ်ရာရ ကစားသမား အုပ်စုလိုက် ရှိပြီး ဖြစ်တယ်။ ကစားသမား အများကြီးပဲ။ ကျနော်တို့ အနေနဲ့ကတော့ အကောင်းဆုံး ရလဒ်တွေ ရအောင် ကြိုးစားနေပါတယ်။ ” လို့ လမ်းပတ်က ဆိုခဲ့ပါတယ်။

ကိုဗာဆစ်နဲ့ ဝီလီယံ ဖနောင့် အခြေအနေနဲ့ ပတ်သတ်ပြီးလည်း – ” ကိုဗာဆစ်က ကြံ့ခိုင်မှု မပြည့်သေးဘူး ဒီတစ်ပတ်ပွဲမှာတော့ သူ မပါနိုင်ဘူး။ အဲဒီထက် ပိုမကြာဖို့ ကျနေ်ာတို့လည်း မျှော်လင့်ပါတယ်။ နောက်ပြီး ဝီလီယံ။ သူ့ကို ကျနေ်ာတို့ စောင့်ကြည့် စစ်ဆေးရဦးမှာပါ။ ဒီတနင်္ဂနွေ ပါနိုင်မလားဆိုတာ ကျနေ်ာလည်း မသိသေးတဲ့ မေးခွန်းပဲ။ ” လို့ နည်းပြ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

ဒဏ်ရာရ စာရင်းကနေ တိုက်စစ်မှူး တမ်မီ အေဗရာဟမ်က ဒီလကုန်လောက်မှာ ပြန်လာနိုင်မယ် ခန့်မှန်းရပြီး ကန်တေ ပြန်ကစားနိုင်မယ့် အချိန်ကိုတော့ မသိရသေးပါဘူး။ သတင်းကောင်း အနေနဲ့ကတော့ လော့ဖ်တပ်ချိစ်နဲ့ ပူလီဆစ်တို့ဟာ မနက်ပိုင်း ကော့ဘ်ဟမ်းကွင်းက လေ့ကျင့်ရေးပွဲမှာ ပါဝင်ကစားနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

Zawgyi – ခ်ယ္ဆီး ေတာင္ပံတိုက္စစ္သမား အုိဒြိဳင္းဟာ သူ႔ရဲ႕ပထမဆံုး ထရိန္နင္မွာပဲ တံေကာက္ေၾကာ ျပန္္ထိသြားခဲ့တာေၾကာင့္ ျပန္ေကာင္းဖို႔ ထပ္ အခ်ိန္ယူရဦးမွာ ျဖစ္ေၾကာင္း နည္းျပ လမ္းပတ္က အတည္ျပဳသြားပါတယ္။ ကြငး္လယ္ကစားသမား ကိုဗာဆစ္ကလည္း ဒီတပတ္ အဲဗာတန္နဲ႕ ပြဲမွာ ပါ၀င္နိုင္မွာ မဟုတ္ဘူးလို႔ ၄င္းက ဆိုပါတယ္။

အဲဗာတန္နဲ႔ ပြဲၾကိဳ ရွင္းလင္းပြဲမွာ ခ်ယ္ဆီး နည္းျပ လမ္းပတ္က အသင္း ဒဏ္ရာရ ကစားသမားမ်ား အေျခအေနကို အသိေပးခဲ့တာ ျဖစ္ျပီး ပြဲမတိုင္ခင္ ၾကံ႕ခိုင္မႈ စစ္ေဆးကာ ပါ၀င္ကစားဖို႕ ဆံုးျဖတ္ရမယ့္ သူမ်ားလည္း ရွိေနပါတယ္။

” အိုဒြိဳင္းက မေန႔ကပဲ ဒဏ္ရာ ျပန္ရသြားတယ္။ ဒီေန႔ ျပန္ စစ္ေဆးရဦးမွာ ျဖစ္လို႔ အရင္ ခန္႔မွန္းထားတာထက္ေတာ့ သူ ျပန္ကစားနုိင္ဖို႕ ၾကာဦးမွာပါ။ ဒါက သူ႔အတြက္လည္း ခက္ခဲမွာ ျဖစ္တယ္။”

” အိုဒြိဳင္းက ျပန္ ကစားနိုင္ဖို႔ ေလာသြားတာ မဟုတ္ဘူး။ သူ႔ အေျခအေနက အားလံုး ျပန္ေကာင္းျပီ ေလ့က်င့္လို႔ ရေနပါျပီ။ ဒါေပမယ့္ ျပန္ ေလ့က်င့္တဲ့ ပထမ တစ္ခ်ိန္မွာပဲ ျပန္ ဒဏ္ရာရသြားခဲ့တာ။ သူ႔လို ျပန္ကစားဖို႔ စိတ္အားထက္သန္ေနတဲ့ လူငယ္တစ္ေယာက္ အတြက္ေတာ့ အေျခအေနက စိတ္ပ်က္စရာပါ။ အသင္းဘက္လည္း စိတ္ညစ္ရပါတယ္။ က်ေနာ္တို႔မွာ ဒဏ္ရာရ ကစားသမား အုပ္စုလိုက္ ရွိျပီး ျဖစ္တယ္။ ကစားသမား အမ်ားၾကီးပဲ။ က်ေနာ္တို႔ အေနနဲ႔ကေတာ့ အေကာင္းဆံုး ရလဒ္ေတြ ရေအာင္ ၾကိဳးစားေနပါတယ္။ ” လို႔ လမ္းပတ္က ဆိုခဲ့ပါတယ္။

ကိုဗာဆစ္နဲ႕ ၀ီလီယံ ဖေနာင့္ အေျခအေနနဲ႕ ပတ္သတ္ျပီးလည္း – ” ကိုဗာဆစ္က ၾကံ႕ခိုင္မႈ မျပည့္ေသးဘူး ဒီတစ္ပတ္ပြဲမွာေတာ့ သူ မပါနုိင္ဘူး။ အဲဒီထက္ ပိုမၾကာဖို႔ က်ေန္ာတို႔လည္း ေမွ်ာ္လင့္ပါတယ္။ ေနာက္ျပီး ၀ီလီယံ။ သူ႔ကို က်ေန္ာတို႔ ေစာင့္ၾကည့္ စစ္ေဆးရဦးမွာပါ။ ဒီတနဂၤေႏြ ပါနုိင္မလားဆုိတာ က်ေန္ာလည္း မသိေသးတဲ့ ေမးခြန္းပဲ။ ” လို႔ နည္းျပ လမ္းပတ္က ေျပာၾကားခဲ့ပါတယ္။

ဒဏ္ရာရ စာရင္းကေန တိုက္စစ္မွဴး တမ္မီ ေအဗရာဟမ္က ဒီလကုန္ေလာက္မွာ ျပန္လာနုိင္မယ္ ခန္႔မွန္းရျပီး ကန္ေတ ျပန္ကစားနုိင္မယ့္ အခ်ိန္ကိုေတာ့ မသိရေသးပါဘူး။ သတင္းေကာငး္ အေနနဲ႕ကေတာ့ ေလာ့ဖ္တပ္ခ်ိစ္နဲ႕ ပူလီဆစ္တို႔ဟာ မနက္ပိုင္း ေကာ့ဘ္ဟမ္းကြင္းက ေလ့က်င့္ေရးပြဲမွာ ပါ၀င္ကစားနုိင္ခဲ့ၾကတယ္လို႔ သိရပါတယ္။