ချယ်ဆီးနဲ့ အဲဗာတန်က ဖျော်ဖြေမှုပေးနိုင်တဲ့ ပွဲကောင်းတစ်ပွဲဖြစ်မယ်လို့ အိုဝင် သုံးသပ် ခန့်မှန်း

ချယ်ဆီးဟာ ဒီအပတ်မှာတော့ ဒုတိယရာသီဝက်မှာ ခြေစွမ်း တက်ရိပ်ပြလာပြီး အသင်းကြီးတွေကို ခြိမ်းခြောက်နိုင်စွမ်း ကောင်းမွန်နေတဲ့ အဲဗာတန်နဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။

အရင်အပတ်က ယူနိုက်တက်နဲ့ပွဲမှာ အဲဗာတန်မန်နေဂျာ အန်ဆယ်လော့တီဟာ အနီကဒ် ပြခံရပေမယ့် ဒီပွဲကို ကိုင်တွယ်ခွင့် ရဦးမှာပါ။ စတမ်းဖိုဒ့်ဘရစ်ကတော့ နောက်ထပ် မန်နေဂျာဟောင်း တစ်ဦးကို ပြိုင်ဘက်အဖြစ် ထပ်မံ မြင်တွေ့ရမှာဖြစ်ပြီး အဲဗာတန်ဟာ ဒီနောက်ပိုင်းတွေမှာ ခြေစွမ်းတိုးတက်လာတာ သိသာခဲ့တယ်။

ချယ်ဆီးမှာတော့ ဒဏ်ရာပြဿနာတွေ ရင်ဆိုင်နေရတာက တိုက်စစ်ပိုင်း အင်အားကို လျော့နည်းစေတယ်။ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ လီဗာပူးနဲ့ အက်ဖ်အေပွဲမှာတော့ အသင်းသားတွေက တိုက်ခိုက်နိုင်စွမ်းတွေ ပြသခဲ့ပြီး ဒီစွမ်းဆောင်ရည်မျိုးကို ထပ်မြင်ရဖို့ မျှော်လင့်ထားပါတယ်။

အိုဝင်က သုံးသပ်ရာမှာ ” ချယ်ဆီးကော အဲဗာတန်ကောပါ အရင်အပတ်က ပရီးမီးယားလိဂ်ပွဲတွေမှာ သရေရလဒ်တွေ ထွက်ပေါ်ထားကြတာဖြစ်ပါတယ်။ နောက်ဆုံးအကြိမ် ဒီနှစ်သင်း တွေ့ဆုံတုန်းက အဲဗာတန်ရဲ့ တိုက်စစ်သမား ကာဗက် လီဝင်က သူ့ရဲ့ ဒီရာသီ ၁၃ ကြိမ်မြောက် သွင်းဂိုးကို ရယူခဲ့ပါသေးတယ်။

ချယ်ဆီးက ဒဏ်ရာပြဿနာတွေ ရင်ဆိုင်နေရပြီး လက်ရှိ အချိန်ထိတော့ အဆင့်လေးနေရာကို ဆုပ်ကိုင်ထားနိုင်ဆဲပါ။ ဒီအပတ်ပွဲမှာ ချယ်ဆီး အနိုင်ရမယ်လို့ မထင်ပဲ နှစ်သင်းလုံးက ဖျော်ဖြေမှုပေးနိုင်တဲ့ ပွဲကောင်းတစ်ပွဲကို ကစားသွားရမယ်လို့ ထင်ပါတယ် ” လို့ ဖြစ်ပါတယ်။

ချယ်ဆီးနဲ့ အဲဗာတန်ပွဲအတွက် မိုင်ကိယ်အိုဝင်ရဲ့ ရလဒ်ခန့်မှန်းကတော့ နှစ်သင်းလုံး ဂိုးသွင်းမှာဖြစ်ပြီး သရေရလဒ်နဲ့ အဆုံးသတ်သွားမယ်လို့ ဖြစ်ပါတယ်။

ZAWGYI





