ချယ်ဆီးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အပေါ် အညှိုးအမျက် မထားကြောင်း အန်ဆယ်လော့တီ ဖွင့်ဟ

ဒီတစ်ပတ် ချယ်ဆီးနဲ့ ပွဲ မတိုင်ခင်ပဲ အဲဗာတန်နည်းပြ အန်ဆယ်လော့တီ က ၎င်း ယခင်က ချယ်ဆီးအသင်းက ထုတ်ပယ်ခံရဖူးတဲ့ အပေါ် အညှိုးအတးများ ရင်ထဲ မရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ၎င်းဟာ ၂၀၁၁ ချယ်ဆီးကနေ ထုတ်ပယ်ခံရပြီး နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် အသင်းဟောင်းနဲ့ ပြန် ထိပ်တိုက်တွေ့တော့မှာ ဖြစ်ပါတယ်။

အီတလီသားကြီးဟာ ၎င်းရဲ့ ချယ်ဆီးနဲ့ ဒုတိယရာသီမှာပဲ ဂွတ်ဒီဆင့်ပါခ်က ကော်ရစ်တာမှာ ချက်ချင်း ထုတ်ပယ်ခံခဲ့ရတဲ့ အဖြစ်က နာမည်ကျော်ခဲ့ပါတယ်။ ချယ်ဆီး မန်နေဂျာ အဖြစ် ရှိစဉ်က အန်ဆယ်လော့တီ ဟာ ပရီးမီးယားလိဂ်ဖလားနဲ့ အက်ဖ်အေဖလား တစ်ကြိမ်စီ ရယူပေးခဲ့ပြီး ၎င်းရဲ့ ဒုတိယရာသီမှာတော့ ချယ်ဆီးက အဆင့် ၂ ရခဲ့ပါတယ်။

ချယ်ဆီးမှာ ဖြစ်ခဲ့တဲ့ အဖြစ်တွေ အပေါ် အန်ဆယ်လော့တီ က အညှိုးလည်း မထားသလို အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ချ်နဲ့လည်း အဆက်အသွယ် ရှိခဲ့သေးကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

” ဒါတွေက ဖြစ်တတ်ပါတယ်။ ကလပ်အသင်းက အသင်း တည်ဆောက်ပုံပဲ ဖြစ်ဖြစ် တခြား အပိုင်းမှာပဲ ဖြစ်ဖြစ် ပြန် ပြင်ချင်တာ ရှိရင် သူတို့က မန်နေဂျာကို ထုတ်ပယ်ဖြစ်တတ်တယ်။ ဒါက ကိစ္စ မရှိပါဘူး။

ကျနော် ထုတ်ပယ်ခံခဲ့ရတာနဲ့ အဲဒီမှာ ခံစားခဲ့ရတာက ဒါတွေကို ပြောင်း မပစ်နိုင်ဘူး။ ကျနော် ချယ်ဆီးနဲ့ အတူ ၂ နှစ်တာ ကောင်းစွာ ရှိခဲ့တယ်။ နောက်ဆုံးနှစ်ရဲ့ ဒုတိယပိုင်းလောက်မှာ ပြသနာတွေ ရှိလာခဲ့တာပါ။ ဒါပေမယ့် အဆုံးမှာတော့ ပြန်ကြည့်ရင် အတွေ့အကြုံကောင်းတွေ ရခဲ့တယ် ဆိုနိုင်ပါတယ်။

ကျနေ်ာ (ထုတ်ပယ်ခံရပြီးနောက်) အဲဒီနောက် အေဗရာမိုဗစ်ချ်နဲ့ သုံးကြိမ်လောက် စကားပြောဖြစ်လိုက်သေးတယ်။ ကျနော် သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ကျနော် ချယ်ဆီးပွဲ ကြည့်ဖို့ ပြန်လာတော့ နှစ်ကြိမ် သုံးကြိမ်လောက် ဆုံဖြစ်တယ် သူက ကောင်းကောင်းမွန်မွန်ပဲ ကျနော့် အပေါ် ဆက်ဆံပါတယ်။ ဒီတော့ သူ့ကို ကျေးဇူးတင်ပါတယ်တောင် ကျနော်က ပြောရဦးမှာ။ သူ့ကြောင့် အင်္ဂလန်က ထိပ်သီးအသင်း တစ်သင်းကို နည်းပြခွင့် အခွင့်အရေးကောင်း ရခဲ့တာ ဖြစ်တယ်။” လို့ အန်ဆယ်လော့တီ က ဆိုပါတယ်။

အန်ဆယ်လော့တီက ပြီးခဲ့တဲ့ ယူနိုက်တက်နဲ့ ပွဲစဉ်မှာ ပွဲပြီးခါနီး သွင်းဂိုးနဲ့ ပတ်သတ်ကာ စောဒကတက်ခဲ့မှုများကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ချယ်ဆီးနဲ့ ပွဲမှာတော့ နောက်ဆက်တွဲ ပွဲပယ် ပြစ်ဒဏ် ကင်းလွတ်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အီတလီသားကြီးက အဲဗာတန်အသင်းကို အနီးကပ် ကြီးကြပ် ညွှန်ကြားနိုင်တော့မှာ ဖြစ်ပါတယ်။

Zawgyi – ဒီတစ္ပတ္ ခ်ယ္ဆီးနဲ႕ ပြဲ မတိုင္ခင္ပဲ အဲဗာတန္နည္းျပ အန္ဆယ္ေလာ့တီ က ၄င္း ယခင္က ခ်ယ္ဆီးအသင္းက ထုတ္ပယ္ခံရဖူးတဲ့ အေပၚ အညွိဳးအတးမ်ား ရင္ထဲ မရွိေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။ ၄င္းဟာ ၂၀၁၁ ခ်ယ္ဆီးကေန ထုတ္ပယ္ခံရျပီး ေနာက္ပိုင္း ပထမဆံုး အၾကိမ္ အျဖစ္ အသင္းေဟာင္းနဲ႕ ျပန္ ထိပ္တိုက္ေတြ႔ေတာ့မွာ ျဖစ္ပါတယ္။

အီတလီသားၾကီးဟာ ၄င္းရဲ႕ ခ်ယ္ဆီးနဲ႕ ဒုတိယရာသီမွာပဲ ဂြတ္ဒီဆင့္ပါခ္က ေကာ္ရစ္တာမွာ ခ်က္ခ်င္း ထုတ္ပယ္ခံခဲ့ရတဲ့ အျဖစ္က နာမည္ေက်ာ္ခဲ့ပါတယ္။ ခ်ယ္ဆီး မန္ေနဂ်ာ အျဖစ္ ရွိစဥ္က အန္ဆယ္ေလာ့တီ ဟာ ပရီးမီးယားလိဂ္ဖလားနဲ႕ အက္ဖ္ေအဖလား တစ္ၾကိမ္စီ ရယူေပးခဲ့ျပီး ၄င္းရဲ႕ ဒုတိယရာသီမွာေတာ့ ခ်ယ္ဆီးက အဆင့္ ၂ ရခဲ့ပါတယ္။

ခ်ယ္ဆီးမွာ ျဖစ္ခဲ့တဲ့ အျဖစ္ေတြ အေပၚ အန္ဆယ္ေလာ့တီ က အညွိဳးလည္း မထားသလို အသင္းပိုင္ရွင္ ရိုမန္ ေအဗရာမိုဗစ္ခ်္နဲ႕လည္း အဆက္အသြယ္ ရွိခဲ့ေသးေၾကာင္း ဖြင့္ဟလာခဲ့ပါတယ္။

” ဒါေတြက ျဖစ္တတ္ပါတယ္။ ကလပ္အသင္းက အသင္း တည္ေဆာက္ပံုပဲ ျဖစ္ျဖစ္ တျခား အပိုင္းမွာပဲ ျဖစ္ျဖစ္ ျပန္ ျပင္ခ်င္တာ ရွိရင္ သူတို႔က မန္ေနဂ်ာကို ထုတ္ပယ္ျဖစ္တတ္တယ္။ ဒါက ကိစၥ မရွိပါဘူး။

က်ေနာ္ ထုတ္ပယ္ခံခဲ့ရတာနဲ႕ အဲဒီမွာ ခံစားခဲ့ရတာက ဒါေတြကို ေျပာင္း မပစ္နုိင္ဘူး။ က်ေနာ္ ခ်ယ္ဆီးနဲ႕ အတူ ၂ နွစ္တာ ေကာင္းစြာ ရွိခဲ့တယ္။ ေနာက္ဆံုးနွစ္ရဲ႕ ဒုတိယပိုင္းေလာက္မွာ ျပသနာေတြ ရွိလာခဲ့တာပါ။ ဒါေပမယ့္ အဆံုးမွာေတာ့ ျပန္ၾကည့္ရင္ အေတြ႔အၾကံဳေကာင္းေတြ ရခဲ့တယ္ ဆိုနုိင္ပါတယ္။

က်ေန္ာ (ထုတ္ပယ္ခံရျပီးေနာက္) အဲဒီေနာက္ ေအဗရာမိုဗစ္ခ်္နဲ႕ သံုးၾကိမ္ေလာက္ စကားေျပာျဖစ္လိုက္ေသးတယ္။ က်ေနာ္ သူနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိပါတယ္။ က်ေနာ္ ခ်ယ္ဆီးပြဲ ၾကည့္ဖို႔ ျပန္လာေတာ့ နွစ္ၾကိမ္ သံုးၾကိမ္ေလာက္ ဆံုျဖစ္တယ္ သူက ေကာင္းေကာင္းမြန္မြန္ပဲ က်ေနာ့္ အေပၚ ဆက္ဆံပါတယ္။ ဒီေတာ့ သူ႔ကို ေက်းဇူးတင္ပါတယ္ေတာင္ က်ေနာ္က ေျပာရဦးမွာ။ သူ႔ေၾကာင့္ အဂၤလန္က ထိပ္သီးအသင္း တစ္သင္းကို နည္းျပခြင့္ အခြင့္အေရးေကာင္း ရခဲ့တာ ျဖစ္တယ္။” လို႔ အန္ဆယ္ေလာ့တီ က ဆိုပါတယ္။

အန္ဆယ္ေလာ့တီက ျပီးခဲ့တဲ့ ယူနုိက္တက္နဲ႕ ပဲြစဥ္မွာ ပြဲျပီးခါနီး သြင္းဂိုးနဲ႕ ပတ္သတ္ကာ ေစာဒကတက္ခဲ့မႈမ်ားေၾကာင့္ အနီကတ္နဲ႕ ထုတ္ပယ္ခံခဲ့ရျပီး ခ်ယ္ဆီးနဲဲ႕ ပြဲမွာေတာ့ ေနာက္ဆက္တြဲ ပြဲပယ္ ျပစ္ဒဏ္ ကင္းလြတ္သြားျပီ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ အီတလီသားၾကီးက အဲဗာတန္အသင္းကို အနီးကပ္ ၾကီးၾကပ္ ညႊန္ၾကားနုိင္ေတာ့မွာ ျဖစ္ပါတယ္။