ချယ်ဆီး Vs အဲဗာတန်ပွဲ အတွက် စကိုင်းစပေါ့ ခန့်မှန်းသုံးသပ်ချက်

အက်ဖ်အေဖလားမှာ နိုင်ပွဲကြီး ရထားလို့ တက်ကြွနေတဲ့ ချယ်ဆီးအသင်းက ဒီတပတ် ပရီးမီးယားလိဂ်မှာ အဲဗာတန်ကို အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၈း၃၀ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။

ချယ်ဆီး အဲဗာတန် ပွဲစဉ်အတွက် စကိုင်းစပေါ့မှ နာမည်ကျော် တစ်ဦး ဖြစ်သူ ချာလီနစ်ကိုးလပ်စ်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” အဲဗာတန်ပွဲ တော်တော်များများ ကျနော် သုံးသပ်မှုတွေ ပြုလုပ်ဖူးပါတယ်။ သူတို့က အန်ဆယ်လော့တီ ရောက်လာပြီးနောက် ပုံစံကောင်းရ နေပြီး အန်ဆယ်လော့တီက အလုပ်ကောင်း လုပ်ပြထားပါတယ်။ ဒါပေမယ့် သူတို့အသင်း ကောင်းကောင်း မကစားနိုင်တဲ့ အချိန်တွေလည်း ရှိပါတယ်။

အဲဗာတန်နဲ့ ဝက်စ်ဟမ်းပွဲမှာ ကျနော် သုံးသပ်ဖူးသလို ဝက်ဖို့ဒ်ကို နောက်ကျဂိုးနဲ့ နိုင်တုန်းကလည်း သူတို့ ကံကောင်းခဲ့တာလို့ တွေးမိခဲ့တယ်။ တချို့ပွဲ ရလဒ်တွေက မထိုက်တန်ခဲ့ပါဘူး။ ဒါပေမယ့် သူ့မှာ ဂိုးတွေ သွင်းပေးနေတဲ့ ကဲလ်ဗတ် လီဝင် ရှိနေတယ်။

အဲဗာတန်က ခန့်မှန်းရခက်ပါတယ်။ နောက်တန်းမှာ ပြသနာတွေ ရှိနေဆဲ ဖြစ်တယ်။ ဒါပေမယ့် ချယ်ဆီးအသင်း အိမ်ကွင်းကလည်း တည်ငြိမ်မှု မရှိပါဘူး။ တခါတလေ ခြေ လုံးဝပျောက်နေတဲ့ပွဲတွေ ရှိတယ်။ ဒီရာသီ အစောပိုင်းက အကောင်းတွေ ယူဆောင်ပေးခဲ့တဲ့ ချယ်ဆီး လူငယ်တွေဟာ ဒီတလောမှာ ပြန် ခံစားနေရတဲ့ အချိန်တွေ ရှိနေပါပြီ။ သူတို့က ဖိအားတွေ ခံရတယ်၊ တခါတလေ ရလဒ် မကောင်းတာတွေ ကြုံရရင် စိတ်ဒဏ်ရာတွေလည်း ရကြတယ်။

အိုလီဗာ ဂျီရူးကတော့ အချိန်ကိုက် အသင်းမှာ ပြန်ပါဝင်ခွင့်ရလာပြီး အကောင်းဆုံး စွမ်းဆောင်ပြနေတယ်။ ဒါပေမယ့် ချယ်ဆီး ခံစစ်ကတော့ အန္တရယ်ကြီးဆဲ ဖြစ်ပါတယ်။ အဲဗာတန် ဒီပွဲက ရမှတ် တစ်ခုခု ယူသွားနိုင်ရင် အံ့အားသင့်စရာ မဟုတ်ပါဘူး။ ” လို့ ချာလီက သုံးသပ်ထားပါတယ်။

ချာလီ နစ်ကိုးလပ်စ် ခန့်မှန်းရလဒ်ကတော့ ချယ်ဆီး ၁-၁ အဲဗာတန်ပဲ ဖြစ်ပါတယ်။

Zawgyi – အက္ဖ္ေအဖလားမွာ နုိင္ပြဲၾကီး ရထားလို႔ တက္ၾကြေနတဲ့ ခ်ယ္ဆီးအသင္းက ဒီတပတ္ ပရီးမီးယားလိဂ္မွာ အဲဗာတန္ကို အိမ္ကြင္း စတန္းဖို႔ဘရစ္ခ်္မွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ လာမယ့္ တနဂၤေႏြေန႔ ျမန္မာစံေတာ္ခ်ိန္ ည ၈း၃၀ နာရီမွာ ယွဥ္ျပိဳင္ၾကမွာပါ။

ခ်ယ္ဆီး အဲဗာတန္ ပြဲစဥ္အတြက္ စကိုင္းစေပါ့မွ နာမည္ေက်ာ္ တစ္ဦး ျဖစ္သူ ခ်ာလီနစ္ကိုးလပ္စ္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” အဲဗာတန္ပြဲ ေတာ္ေတာ္မ်ားမ်ား က်ေနာ္ သံုးသပ္မႈေတြ ျပဳလုပ္ဖူးပါတယ္။ သူတို႔က အန္ဆယ္ေလာ့တီ ေရာက္လာျပီးေနာက္ ပံုစံေကာင္းရ ေနျပီး အန္ဆယ္ေလာ့တီက အလုပ္ေကာင္း လုပ္ျပထားပါတယ္။ ဒါေပမယ့္ သူတို႔အသင္း ေကာင္းေကာင္း မကစားနိုင္တဲ့ အခ်ိန္ေတြလည္း ရွိပါတယ္။

အဲဗာတန္နဲ႕ ၀က္စ္ဟမ္းပြဲမွာ က်ေနာ္ သံုးသပ္ဖူးသလို ၀က္ဖို႔ဒ္ကို ေနာက္က်ဂိုးနဲ႕ နုိင္တုန္းကလည္း သူတို႔ ကံေကာင္းခဲ့တာလို႔ ေတြးမိခဲ့တယ္။ တခ်ိဳ႕ပြဲ ရလဒ္ေတြက မထုိက္တန္ခဲ့ပါဘူး။ ဒါေပမယ့္ သူ႔မွာ ဂိုးေတြ သြင္းေပးေနတဲ့ ကဲလ္ဗတ္ လီ၀င္ ရွိေနတယ္။

အဲဗာတန္က ခန္႔မွန္းရခက္ပါတယ္။ ေနာက္တန္းမွာ ျပသနာေတြ ရွိေနဆဲ ျဖစ္တယ္။ ဒါေပမယ့္ ခ်ယ္ဆီးအသင္း အိမ္ကြင္းကလည္း တည္ျငိမ္မႈ မရွိပါဘူး။ တခါတေလ ေျခ လံုး၀ေပ်ာက္ေနတဲ့ပြဲေတြ ရွိတယ္။ ဒီရာသီ အေစာပိုင္းက အေကာင္းေတြ ယူေဆာင္ေပးခဲ့တဲ့ ခ်ယ္ဆီး လူငယ္ေတြဟာ ဒီတေလာမွာ ျပန္ ခံစားေနရတဲ့ အခ်ိန္ေတြ ရွိေနပါျပီ။ သူတို႔က ဖိအားေတြ ခံရတယ္၊ တခါတေလ ရလဒ္ မေကာင္းတာေတြ ၾကံဳရရင္ စိတ္ဒဏ္ရာေတြလည္း ရၾကတယ္။

အိုလီဗာ ဂ်ီရူးကေတာ့ အခ်ိန္ကိုက္ အသင္းမွာ ျပန္ပါ၀င္ခြင့္ရလာျပီး အေကာင္းဆံုး စြမ္းေဆာင္ျပေနတယ္။ ဒါေပမယ့္ ခ်ယ္ဆီး ခံစစ္ကေတာ့ အႏၱရယ္ၾကီးဆဲ ျဖစ္ပါတယ္။ အဲဗာတန္ ဒီပြဲက ရမွတ္ တစ္ခုခု ယူသြားနုိင္ရင္ အံ့အားသင့္စရာ မဟုတ္ပါဘူး။ ” လို႔ ခ်ာလီက သံုးသပ္ထားပါတယ္။

ခ်ာလီ နစ္ကိုးလပ္စ္ ခန္႔မွန္းရလဒ္ကေတာ့ ခ်ယ္ဆီး ၁-၁ အဲဗာတန္ပဲ ျဖစ္ပါတယ္။