ချယ်ဆီး Vs အဲဗာတန်ပွဲ အတွက် လော်ရိုး သုံးသပ်ခန့်မှန်းချက်

ချယ်ဆီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ အဲဗာတန်အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံနေပြီး စတန်းဖို့ဘရစ်ချစ်မှာ ဧည့်ခံကစားရမှာပါ။ အဆင့် ၄ တစ်နေရာအတွက် လိုချင်သူတွေ ဝိုင်းနေတာကြောင့် လမ်းပတ်ရဲ့ ချယ်ဆီးအသင်း အမှားမခံဘဲ နိုင်ပွဲ ရဖို့ လိုဦးမယ့် ပွဲလည်း ဖြစ်ပါတယ်။

အဲဗာတန် နည်းပြ အန်ဆယ်လော့တီဟာ ပြီးခဲ့တဲ့ အပတ် ယူနိုက်တက်နဲ့ ပွဲမှာ ရခဲ့တဲ့ အနီကတ်ကြောင့် ဒီတစ်ပတ်ပွဲမှာ အသင်းကို အနီးကပ် ကွင်းဘေးက ကြီးကြပ်လမ်းညွှန်ခွင့် ရမှာ မဟုတ်ဘဲ ပွဲပယ်ခံရမှာ ဖြစ်ပါတယ်။ ဒီပွဲ အတွက် ဘီဘီစီမှ နာမည်ကျော် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” စတန်းဖို့ဘရစ်ချ်မှာ အဲဗာတန်နည်းပြ (ချယ်ဆီးနည်းပြဟောင်းလည်း ဖြစ်တဲ့) အန်ဆယ်လော့တီက ကောင်းမွန်တဲ့ ကြိုဆိုမှု ခံရမှာပါ။ ၎င်းက ချယ်ဆီးအသင်းနဲ့ အတူ ၂၀၁၀ မှာ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား ဗိုလ်စွဲခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့အပတ်က ယူနိုက်တက်နဲ့ ပွဲမှာ အန်ဆယ်လော့တီအသင်းက အနိုင်မယူနိုင်ခဲ့တာ အလွန် ကံမကောင်းတာပဲလို့ ကျနော် ထင်ပါတယ်။ နောက်ဆုံး ပယ်ဖျက်ခံရတဲ့ ဂိုးဆိုရင် ဆီဂတ်ဆန်က ယူနိုက်တက် ဂိုးသမား ဒီဂီယာနားမှာ လဲနေတာဆိုပေမယ့် မြင်ကွင်းကို ပိတ်ထားခဲ့တာ မဟုတ်ဘူး။ ဒါကြောင့်လည်း အန်ဆယ်လော့တီ ဒီဆုံးဖြတ်ချက်ကို မပျော်ရွှင်တာ ဖြစ်ပါတယ်။

ဒီတစ်ပတ်ပွဲမှာတော့ ကျနော်က ချယ်ဆီးဘက်က ရှိချင်ပါတယ်။ သူတို့ ဒီရာသီမှာ အများဆုံးကြုံနေရတဲ့ အိမ်ကွင်းမှာ အင်အားနည်းတဲ့ အသင်းတွေနဲ့ ဆုံရင်သာ စဉ်းစားစရာ ရှိတာပါ။ ဒီပွဲ အတွက်တော့ ချယ်ဆီး အပြည့်အ၀ အာရုံစိုက် ကစားပါလိမ့်မယ်။” လို့ လော်ရိုးက ဆိုပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ ချယ်ဆီး ၂-၀ အဲဗာတန် ဖြစ်ပါတယ်။ ပွဲချိန်ကတော့ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၈း၃၀ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာေတာ့ အဲဗာတန္အသင္းနဲ႕ ထိပ္တိုက္ ေတြ႕ဆံုေနျပီး စတန္းဖို႔ဘရစ္ခ်စ္မွာ ဧည့္ခံကစားရမွာပါ။ အဆင့္ ၄ တစ္ေနရာအတြက္ လိုခ်င္သူေတြ ၀ိုင္းေနတာေၾကာင့္ လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္း အမွားမခံဘဲ နုိင္ပြဲ ရဖို႔ လိုဦးမယ့္ ပြဲလည္း ျဖစ္ပါတယ္။

အဲဗာတန္ နည္းျပ အန္ဆယ္ေလာ့တီဟာ ျပီးခဲ့တဲ့ အပတ္ ယူနိုက္တက္နဲ႕ ပြဲမွာ ရခဲ့တဲ့ အနီကတ္ေၾကာင့္ ဒီတစ္ပတ္ပြဲမွာ အသင္းကို အနီးကပ္ ကြင္းေဘးက ၾကီးၾကပ္လမ္းညႊန္ခြင့္ ရမွာ မဟုတ္ဘဲ ပြဲပယ္ခံရမွာ ျဖစ္ပါတယ္။ ဒီပြဲ အတြက္ ဘီဘီစီမွ နာမည္ေက်ာ္ သံုးသပ္သူ ေလာ္ရိုးက အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” စတန္းဖို႔ဘရစ္ခ်္မွာ အဲဗာတန္နည္းျပ (ခ်ယ္ဆီးနည္းျပေဟာင္းလည္း ျဖစ္တဲ့) အန္ဆယ္ေလာ့တီက ေကာင္းမြန္တဲ့ ၾကိဳဆိုမႈ ခံရမွာပါ။ ၄င္းက ခ်ယ္ဆီးအသင္းနဲ႕ အတူ ၂၀၁၀ မွာ ပရီးမီးယားလိဂ္နဲ႕ အက္ဖ္ေအဖလား ဗိုလ္စြဲခဲ့ဖူးပါတယ္။

ျပီးခဲ့တဲ့အပတ္က ယူနုိက္တက္နဲ႕ ပြဲမွာ အန္ဆယ္ေလာ့တီအသင္းက အနုိင္မယူနုိင္ခဲ့တာ အလြန္ ကံမေကာငး္တာပဲလို႔ က်ေနာ္ ထင္ပါတယ္။ ေနာက္ဆံုး ပယ္ဖ်က္ခံရတဲ့ ဂိုးဆိုရင္ ဆီဂတ္ဆန္က ယူနိုက္တက္ ဂိုးသမား ဒီဂီယာနားမွာ လဲေနတာဆိုေပမယ့္ ျမင္ကြင္းကို ပိတ္ထားခဲ့တာ မဟုတ္ဘူး။ ဒါေၾကာင့္လည္း အန္ဆယ္ေလာ့တီ ဒီဆံုးျဖတ္ခ်က္ကို မေပ်ာ္ရႊင္တာ ျဖစ္ပါတယ္။

ဒီတစ္ပတ္ပြဲမွာေတာ့ က်ေနာ္က ခ်ယ္ဆီးဘက္က ရွိခ်င္ပါတယ္။ သူတို႔ ဒီရာသီမွာ အမ်ားဆံုးၾကံဳေနရတဲ့ အိမ္ကြင္းမွာ အင္အားနည္းတဲ့ အသင္းေတြနဲ႕ ဆံုရင္သာ စဥ္းစားစရာ ရွိတာပါ။ ဒီပြဲ အတြက္ေတာ့ ခ်ယ္ဆီး အျပည့္အ၀ အာရံုစိုက္ ကစားပါလိမ့္မယ္။” လို႔ ေလာ္ရိုးက ဆိုပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ ခ်ယ္ဆီး ၂-၀ အဲဗာတန္ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ လာမယ့္ တနဂၤေႏြေန႔ ျမန္မာစံေတာ္ခ်ိန္ ည ၈း၃၀ နာရီမွာ ယွဥ္ျပိဳင္ၾကမွာပါ။