အပြန်အလှန် ကျေနပ်မှု ရှိလာကြတဲ့ တိုက်စစ်မှူး ဂျီရူးနဲ့ ချယ်ဆီးအသင်း

ချယ်ဆီးအသင်းရဲ့ ပြင်သစ်သား တိုက်စစ်မှူး ဂျီရူးဟာ အသင်းနဲ့ အနာဂတ် ရေရာမှု မရှိသေးပေမယ့် လန်ဒန်ကလပ်မှာ ဆက်နေဖို့ အတွက် ငြင်းဆန်မှု မရှိဘဲ လိုလားဟန် ပြသခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီက အသင်းပြောင်းဖို့ အသည်းအသန် အလိုရှိခဲ့ပေမယ့် အခုတော့ ဂျီရူးက ပွဲကစားခွင့်များ ပြန်ရလာတဲ့နောက် ပျော်ရွှင်နေပါတယ်။

ဂျီရူးဟာ ဇန်နဝါရီ အပြောင်းရွှေ့မှာ အင်တာမီလန်နဲ့ သဘောတူညီမှု ရခဲ့သလို ၎င်းကို လာဇီယိုနဲ့ စပါးတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားမှု ပြသခဲ့ပါတယ်။ ချယ်ဆီးအသင်းက ထိုကာလမှ တိုက်စစ်မူှးသစ် တစ်ဦး ခေါ်ယူဖို့ မအောင်မြင်ခဲ့တာကြောင့် ဂျီရူးကို လက်မလွှတ်ဘဲ အသင်းမှာ ဆက်ထိန်းထားခဲ့ပါတယ်။

အထောင်တိုက်စစ် နေရာအတွက် ပီအက်စ်ဂျီ တိုက်စစ်မှူး ကာဗာနီနဲ့ နာပိုလီမှ ဒရိုင်းစ်မာတင်တို့ကို ချိတ်ဆက်ခဲ့သော်လည်း မအောင်မြင်ခဲ့တဲ့ ချယ်ဆီးအသင်းဟာ အေဗရာဟမ် ဒဏ်ရာ ရနေချိန်မှာတော့ ဂျီရူးကို နေရာပေးပြီး ပြန်သုံးလာခဲ့ပါတယ်။ ဒါကြောင့် ကစားသမား ကိုယ်တိုင်ကလည်း ပျော်ရွှင်နေပြီး ချယ်ဆီးနဲ့ ရှေ့ဆက်ဖို့ ယတိပြတ် ငြင်းဆန်ခြင်း မရှိတော့ပါဘူး။

ရာသီကုန်လည်း ချယ်ဆီးမှာ ဆက်နေဖို့ လိုလားသလား အမေးကို ဂျီရူးက – ” ဒါပေါ့ ကျနော်က လိုလားပါတယ်။ နောက်ထပ် သီတင်းပတ် တချို့လည်း ထပ်ကြိုးစားကြရဦးမှာပါ။ ဆုဖလား တစ်ခုခု ရဖို့ပေါ့။

ကျနော် ဒီမတိုင်ခင်မှာ ဘောလုံးရာသီကောင်း ၂ခု ၃ခု ပိုင်ဆိုင်ထားပြီးပြီ။ အခုကတော့ စာချုပ်ကိစ္စတွေ ပြောဖို့ အချိန် မဟု်တသေးဘူးလို့ ထင်တယ်။ နောက်ထပ် ဆုံးဖြတ်သင့်ချိန်ကျရင် ကျနော် ဆုံးဖြတ်မှာပါ။ ပြီးခဲ့တဲ့ လတွေကတော့ ကျနော့် အတွက် တော်တော် ခက်ခဲခဲ့တယ်။ မန်နေဂျာနဲ့လည်း စကားပြောဖြစ်ခဲ့တယ်။ သူပြောတာကိုလည်း ကျနော် ယုံကြည်စွာနဲ့ စောင့်ခဲ့တယ်။ ကျနော့် အခွင့်အရေး ရလာမယ်ပေါ့ တကယ်လည်း အခု ကစားခွင့် ရလာခဲ့တယ်။

ကွင်းထဲမှာ ကစားခွင့်ရဖို့ သူ့ယုံကြည်မှု ရအောင် ကျနော် ကြိုးစားခဲ့တယ်။ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး လုပ်နိုင်သမျှ လုပ်ခဲ့တယ်။ အသင်း ပွဲထွက်ထဲ ပြန် ပါဝင်ခွင့်ရတာအတွက် သိပ်ပျော်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုကောင်းလာတယ်။ ကျနော်က ချယ်ဆီး အသင်းသား တစ်ယောက်ပါ။ ဒီမှာ နေရတာ ပျော်ရွှင်ပါတယ်။ ဒါကပဲ အရေးအကြီးဆုံး မဟုတ်လား။ ” လို့ ဂျီရူးက ပြောကြားခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းရဲ႕ ျပင္သစ္သား တိုက္စစ္မွဴး ဂ်ီရူးဟာ အသင္းနဲ႕ အနာဂတ္ ေရရာမႈ မရွိေသးေပမယ့္ လန္ဒန္ကလပ္မွာ ဆက္ေနဖို႔ အတြက္ ျငင္းဆန္မႈ မရွိဘဲ လိုလားဟန္ ျပသခဲ့ပါတယ္။ ျပီးခဲ့တဲ့ ဇန္န၀ါရီက အသင္းေျပာငး္ဖို႔ အသည္းအသန္ အလိုရွိခဲ့ေပမယ့္ အခုေတာ့ ဂ်ီရူးက ပြဲကစားခြင့္မ်ား ျပန္ရလာတဲ့ေနာက္ ေပ်ာ္ရႊင္ေနပါတယ္။

ဂ်ီရူးဟာ ဇန္န၀ါရီ အေျပာင္းေရႊ႕မွာ အင္တာမီလန္နဲ႕ သေဘာတူညီမႈ ရခဲ့သလို ၄င္းကို လာဇီယိုနဲ႕ စပါးတို႔ကလည္း ေခၚယူဖို႔ စိတ္၀င္စားမႈ ျပသခဲ့ပါတယ္။ ခ်ယ္ဆီးအသင္းက ထိုကာလမွ တိုက္စစ္မဴွးသစ္ တစ္ဦး ေခၚယူဖို႔ မေအာင္ျမင္ခဲ့တာေၾကာင့္ ဂ်ီရူးကို လက္မလႊတ္ဘဲ အသင္းမွာ ဆက္ထိန္းထားခဲ့ပါတယ္။

အေထာင္တိုက္စစ္ ေနရာအတြက္ ပီအက္စ္ဂ်ီ တိုက္စစ္မွဴး ကာဗာနီနဲ႕ နာပိုလီမွ ဒရိုင္းစ္မာတင္တို႔ကို ခ်ိတ္ဆက္ခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့တဲ့ ခ်ယ္ဆီးအသင္းဟာ ေအဗရာဟမ္ ဒဏ္ရာ ရေနခ်ိန္မွာေတာ့ ဂ်ီရူးကို ေနရာေပးျပီး ျပန္သံုးလာခဲ့ပါတယ္။ ဒါေၾကာင့္ ကစားသမား ကုိယ္တိုင္ကလည္း ေပ်ာ္ရႊင္ေနျပီး ခ်ယ္ဆီးနဲ႕ ေရွ႕ဆက္ဖို႔ ယတိျပတ္ ျငင္းဆန္ျခင္း မရွိေတာ့ပါဘူး။

ရာသီကုန္လည္း ခ်ယ္ဆီးမွာ ဆက္ေနဖို႔ လိုလားသလား အေမးကို ဂ်ီရူးက – ” ဒါေပါ့ က်ေနာ္က လိုလားပါတယ္။ ေနာက္ထပ္ သီတင္းပတ္ တခ်ိဳ႕လည္း ထပ္ၾကိဳးစားၾကရဦးမွာပါ။ ဆုဖလား တစ္ခုခု ရဖို႔ေပါ့။

က်ေနာ္ ဒီမတိုင္ခင္မွာ ေဘာလံုးရာသီေကာင္း ၂ခု ၃ခု ပိုင္ဆုိင္ထားျပီးျပီ။ အခုကေတာ့ စာခ်ဳပ္ကိစၥေတြ ေျပာဖို႔ အခ်ိန္ မဟု္တေသးဘူးလို႔ ထင္တယ္။ ေနာက္ထပ္ ဆံုးျဖတ္သင့္ခ်ိန္က်ရင္ က်ေနာ္ ဆံုးျဖတ္မွာပါ။ ျပီးခဲ့တဲ့ လေတြကေတာ့ က်ေနာ့္ အတြက္ ေတာ္ေတာ္ ခက္ခဲခဲ့တယ္။ မန္ေနဂ်ာနဲ႕လည္း စကားေျပာျဖစ္ခဲ့တယ္။ သူေျပာတာကိုလည္း က်ေနာ္ ယံုၾကည္စြာနဲ႕ ေစာင့္ခဲ့တယ္။ က်ေနာ့္ အခြင့္အေရး ရလာမယ္ေပါ့ တကယ္လည္း အခု ကစားခြင့္ ရလာခဲ့တယ္။

ကြင္းထဲမွာ ကစားခြင့္ရဖို႔ သူ႔ယံုၾကည္မႈ ရေအာင္ က်ေနာ္ ၾကိဳးစားခဲ့တယ္။ ကုိယ့္အလုပ္ကိုယ္ အေကာငး္ဆံုး လုပ္နုိင္သမွ် လုပ္ခဲ့တယ္။ အသင္း ပြဲထြက္ထဲ ျပန္ ပါ၀င္ခြင့္ရတာအတြက္ သိပ္ေပ်ာ္ပါတယ္။ ကိုယ့္ကိုယ္ကို ယံုၾကည္မႈလည္း ပိုေကာင္းလာတယ္။ က်ေနာ္က ခ်ယ္ဆီး အသင္းသား တစ္ေယာက္ပါ။ ဒီမွာ ေနရတာ ေပ်ာ္ရႊင္ပါတယ္။ ဒါကပဲ အေရးအၾကီးဆံုး မဟုတ္လား။ ” လို႔ ဂ်ီရူးက ေျပာၾကားခဲ့ပါတယ္။