အဲဗာတန်နဲ့ပွဲထိ ယူဆောင်သွားဖို့လိုတဲ့ လီဗာပူးကို ရင်ဆိုင်ကစားစဉ် ပြသခဲ့တဲ့ အားသာချက်ကောင်း
လီဗာပူးနဲ့ပွဲ ပြိုင်ဘက်က တိုးမပေါက်တဲ့ ခံစစ်ကြောင်းကြီး ဖြစ်ရခြင်း အကြောင်းရင်းက အသင်းလိုက် စုစည်းမှု ကောင်းမွန်ခြင်းကြောင့်ဖြစ်ပြီး အာရုံစူးစိုက်မှု ကောင်းခြင်းကြောင့်လို့ ဇူးမားက ဖွင့်ဟလိုက်ပါတယ်။
အက်ဖ်အေပွဲမှာ လီဗာပူးက ပထမပိုင်းအတွင်း ထိုးဖောက်မှုတွေ ကောင်းမွန်ပေမယ့် ချယ်ဆီးအသင်းသားတွေ စုစုစည်းစည်း ကာကွယ်နိုင်မှုမှာ အခွင့်အရေးကောင်းတွေက သွင်းဂိုးတွေ မဖြစ်ခဲ့ပါဘူး။ ကီပါ အထူးလမ်စွမ်းပြခဲ့ခြင်းကြောင့်လည်း ပါဝင်သလို ဒီစိတ်ဓါတ်ကောင်းကို သီတင်းပတ်အကုန်မှာ ယှဉ်ပြိုင်ကစားရမယ့် အဲဗာတန်နဲ့ပွဲထိ ယူဆောင်သွားဖို့ ဇူးမားက အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။
” အသင်းဖော်တိုင်းက ဘောလုံးရဖို့ ပြင်းပြင်းထန်ထန် ကြိုးစားကြတယ်။ တိုက်စစ်ကို အတူလိုက်ပါသလို၊ ခံစစ်ကိုလည်း အတူကာကွယ်ပါတယ်။ ကြည့်ကောင်းတဲ့ပွဲဖြစ်ပြီး Clean Sheet ရခဲ့တာကောင်းပါတယ်။ လီဗာပူးလို အသင်းကောင်းတစ်သင်းကို ရင်ဆိုင်ပြီး ရခဲ့တာက ပိုကောင်းတာပေါ့ဗျာ။
သူတို့အသင်းမှာ ထိပ်တန်း တိုက်စစ်သမားတွေ ရှိတာ ကျနော်တို့ သိပါတယ်။ ဒီလို အသင်းမျိုးကို ကျနေ်ာတို့ အကောင်းဆုံး ခံစစ်ကစားနိုင်ခဲ့တာပါ။ ခံစစ်သမားတွေတင် မကပဲ တစ်သင်းလုံး ခံစစ်တာဝန်တွေကို မျှဝေယူပေးခဲ့ကြတယ်။ ကျနေ်ာတို့ ရလဒ် ပိုမိုပြတ်သားတဲ့ အနေအထားတွေတောင် လုပ်ခဲ့နိုင်ပါသေးတယ်။
လီဗာပူးနဲ့ပွဲမှာ ကစားပုံကောင်းခဲ့သလို ပြိုင်ဘက်ကလည်း ကစားပုံ ကောင်းတာတွေ ရှိနိုင်ပါတယ်။ အရင်ပွဲတွေမှာ ကျနေ်ာတို့ ပွဲတွေ ပန်းနေတာကြောင့်နဲ့ ပွဲအပေါ် အာရုံစိုက်မှု နည်းပါးခြင်းတွေကြောင့် ရလဒ်တွေ မကောင်းခဲ့ဘူး။ လီဗာပူးနဲ့ပွဲမှာ ပြသခဲ့တဲ့ တိုက်ပွဲဝင်လိုစိတ်ကို ဆက်လက် ထိန်းထားဖို့ လိုပါတယ်။
သီတင်းပတ်အကုန်မှာတော့ ကျနေ်ာတို့က အဲဗာတန်နဲ့ အရေးပါတဲ့ အမှတ်ပေးပွဲ တစ်ပွဲ ကစားရဖို့ လိုပါတယ်။ လီဗာပူးနဲ့ပွဲမှာ ပြသခဲ့တဲ့ စိတ်ဓါတ်ကောင်းတွေနဲ့အတူ ဒီပွဲကိုလည် အနိုင်ရဖို့ ကြိုးစားဖို့ လိုပါတယ် ” လို့ ဇူးမားက ဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI