အင်တာ ပစ်မှတ်ထားနေတဲ့ မားကို့စ်အလွန်ဆိုအတွက် ချယ်ဆီး ဈေးသတ်မှတ်ပေး

ချယ်ဆီးအသင်းဟာ စီးရီးအေကလပ် အင်တာမီလန် ပစ်မှတ်ထားနေတဲ့ ဘယ်စွန် ခံစစ်မှူး မားကို့စ် အလွန်ဆို အတွက် ပြောင်းရွှေ့ကြေး ဈေးသတ်မှတ်ပေးလိုက်ပါတယ်။ စပိန်သားဟာ ရာသီကုန်မှာ အသင်းပြောင်းဖို့ စောင့်ကြည့်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။

အလွန်ဆိုက နည်းပြ လမ်းပတ်ရဲ့ အသင်းမှာ ဒီရာသီ ပွဲထွက်ခွင့် နည်းပါးနေပြီး ပြိုင်ပွဲစုံ ၁၉ ပွဲသာ ပါဝင် ကစားထားရပါတယ်။ လတ်တလော စွမ်းဆောင်ရည်များ အရတော့ အသက် ၂၉ နှစ် အရွယ် စပိန်သားဟာ ခြေစွမ်းကောင်းများ ပြသနိုင်စွမ်း ရှိနေသေတး တွေ့ရပါတယ်။

ချယ်ဆီးက အလွန်ဆိုကို ၂၀၁၆ မှာ ဖီရင်အိုတီးနားကနေ ပေါင် ၂၄ သန်း သုံးကာ ခေါ်ယူခဲ့တာပါ။ အလွန်ဆိုရဲ့ လက်ရှိ စာချုပ်က ၂၀၂၃ ထိ ကျန်ရှိနေသေးပါတယ်။ ၎င်းက ဒီရာသီ ပွဲကစားခွင့် နည်းနေသည့်တိုင် လေးဂိုး သွင်းကာ သုံးဂိုး ထောက်ပံ့မှု ပြုလုပ်ပေးထားပါတယ်။

အင်တာမီလန်ကတော့ ချယ်ဆီးနဲ့ အလွန်ဆိုရဲ့ အခြေအနေကို စောင့်ကြည့်နေခဲ့တာ ဖြစ်ပြီး ဇန်နဝါရီမှာလည်း ခေါ်ယူဖို့ ကြိုးစားခဲ့သေးပါတယ်။ ဒါပေမယ့် သဘောတူညီမှု မရခဲ့တာကြောင့် လာမယ့်နွေမှာလည်း ထပ်မံ ကြိုးစားဖို့ ရှိနေပါတယ်။ အီတလီ သတင်းဌာန ဖော်ထုတ်မှု အရတော့ ချယ်ဆီးအသင်းက အလွန်ဆိုအတွက် ပေါင် ၂၆ သန်း ဈေး သတ်မှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

အင်တာမီလန် နည်းပြ ကွန်တီက ၎င်းနဲ့အတူ ချယ်ဆီးမှာ နှစ်ရာသီ လက်တွဲဖူးတဲ့ တပည့်ဟောင်း အလွန်ဆိုကို အရ ပြန်ခေါ်ယူရန် စိတ်အားထက်သန်နေပါတယ်။

ချယ်ဆီးအသင်းကလည်း လက်ရှိ ဘယ်စွန် ခံစစ်မှူး နှစ်ဦး အလွန်ဆိုနဲ့ အီမာဆန်ကို စိတ်တိုင်းမကျတာကြောင့် လာမယ့်နွေမှာ ရောင်းချလိုပြီး ချယ်ဆီးဘက်က လက်စတာ ခံစစ်မှူး ဘန်ချေးဝဲလ်နဲ့ ပေါ်တိုမှ တဲလက်စ်တို့ကို စောင့်ကြည့် ပစ်မှတ်ထားနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ စီးရီးေအကလပ္ အင္တာမီလန္ ပစ္မွတ္ထားေနတဲ့ ဘယ္စြန္ ခံစစ္မွဴး မားကို႔စ္ အလြန္ဆို အတြက္ ေျပာင္းေရႊ႕ေၾကး ေစ်းသတ္မွတ္ေပးလိုက္ပါတယ္။ စပိန္သားဟာ ရာသီကုန္မွာ အသင္းေျပာင္းဖို႔ ေစာင့္ၾကည့္ေနတဲ့ အေနအထားမွာ ရွိေနပါတယ္။

အလြန္ဆိုက နည္းျပ လမ္းပတ္ရဲ႕ အသင္းမွာ ဒီရာသီ ပြဲထြက္ခြင့္ နည္းပါးေနျပီး ျပိဳင္ပြဲစံု ၁၉ ပြဲသာ ပါ၀င္ ကစားထားရပါတယ္။ လတ္တေလာ စြမ္းေဆာင္ရည္မ်ား အရေတာ့ အသက္ ၂၉ နွစ္ အရြယ္ စပိန္သားဟာ ေျခစြမ္းေကာင္းမ်ား ျပသနုိင္စြမ္း ရွိေနေသတး ေတြ႔ရပါတယ္။

ခ်ယ္ဆီးက အလြန္ဆိုကို ၂၀၁၆ မွာ ဖီရင္အိုတီးနားကေန ေပါင္ ၂၄ သန္း သံုးကာ ေခၚယူခဲ့တာပါ။ အလြန္ဆိုရဲ႕ လက္ရွိ စာခ်ဳပ္က ၂၀၂၃ ထိ က်န္ရွိေနေသးပါတယ္။ ၄င္းက ဒီရာသီ ပြဲကစားခြင့္ နည္းေနသည့္တိုင္ ေလးဂိုး သြင္းကာ သံုးဂိုး ေထာက္ပံ့မႈ ျပဳလုပ္ေပးထားပါတယ္။

အင္တာမီလန္ကေတာ့ ခ်ယ္ဆီးနဲ႕ အလြန္ဆိုရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနခဲ့တာ ျဖစ္ျပီး ဇန္န၀ါရီမွာလည္း ေခၚယူဖို႔ ၾကိဳးစားခဲ့ေသးပါတယ္။ ဒါေပမယ့္ သေဘာတူညီမႈ မရခဲ့တာေၾကာင့္ လာမယ့္ေႏြမွာလည္း ထပ္မံ ၾကိဳးစားဖုိ႔ ရွိေနပါတယ္။ အီတလီ သတင္းဌာန ေဖာ္ထုတ္မႈ အရေတာ့ ခ်ယ္ဆီးအသင္းက အလြန္ဆိုအတြက္ ေပါင္ ၂၆ သန္း ေစ်း သတ္မွတ္ေပးလိုက္တယ္လို႔ သိရပါတယ္။

အင္တာမီလန္ နည္းျပ ကြန္တီက ၄င္းနဲ႕အတူ ခ်ယ္ဆီးမွာ နွစ္ရာသီ လက္တြဲဖူးတဲ့ တပည့္ေဟာင္း အလြန္ဆိုကို အရ ျပန္ေခၚယူရန္ စိတ္အားထက္သန္ေနပါတယ္။

ခ်ယ္ဆီးအသင္းကလည္း လက္ရွိ ဘယ္စြန္ ခံစစ္မွဴး နွစ္ဦး အလြန္ဆိုနဲ႕ အီမာဆန္ကို စိတ္တိုင္းမက်တာေၾကာင့္ လာမယ့္ေႏြမွာ ေရာင္းခ်လိုျပီး ခ်ယ္ဆီးဘက္က လက္စတာ ခံစစ္မွဴး ဘန္ေခ်း၀ဲလ္နဲ႕ ေပၚတိုမွ တဲလက္စ္တို႔ကို ေစာင့္ၾကည့္ ပစ္မွတ္ထားေနပါတယ္။