လက်စတာနဲ့ ထိပ်တိုက်တွေ့ခြင်း၊ ဂျီရူး၊ ဝီလီယံ၊ တဲလက်စ်တို့နဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ချယ်ဆီး ပစ်မှတ်ထားနေတဲ့ ဘယ်စွန် ခံစစ်မှူး ဘရာဇီးသား အဲလက်စ် တဲလက်စ် အတွက် ပေါင် သန်း ၄၀ ပေးမှ ရောင်းချနိုင်မယ်လို့ ပေါ်တို အသင်းက အကြောင်းပြန်လိုက်ပါတယ်။

တိုက်စစ်မှူး ဂျီရူးဟာ ချယ်ဆီးအသင်းမှာ လိုအပ်တဲ့အချိန် ဂိုးတွေကို သွင်းပေးနိုင်တဲ့ ထိပ်တန်း တိုက်စစ်မှူး ဖြစ်ပြီး ချယ်ဆီးမှာ ဂျီရူးကို အသိအမှတ် ပြုခြင်း မခံရ ဖြစ်နေကြောင်း ခံစစ်မှူးဟောင်း ဂလင်းဂျွန်ဆင်က ပြောကြားလိုက်ပါတယ်။

အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များအတွက် မဲခွဲမှု ထွက်ပေါ်လာရာ ချယ်ဆီးအသင်းက လက်စတာနဲ့ တွေ့ဆုံနေပြီး ကင်းပါဝါကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ချယ်ဆီးနဲ့ လီဗာပူးအသင်းတို့ ပစ်မှတ်ထားနေတယ် သတင်းထွက်နေပေမယ့် လိုက်ပ်ဇစ်အသင်းဘက်ကတော့ တီမိုဝါနာအတွက် ကမ်းလှမ်းမှုများ မရှိသေးကြောင်း ပြောကြားထားပါတယ်။

တိုက်စစ်သမား ဝီလီယံက ချယ်ဆီးအသင်း နောက်ဆုံး ကမ်းလှမ်းထားတဲ့ နှစ်နှစ်သက်တမ်းတိုး စာချုပ်ကို ငြင်းဆန်လိုက်ကြောင်း သိရပါတယ်။ ကစားသမားဘက်က သုံးနှစ် သက်တမ်းတိုး အလိုရှိနေပြီး အသင်းဘက်က မလိုက်လျောနိုင်ဘဲ အဆင်မပြေ ဖြစ်နေပါတယ်။

ချယ်ဆီး ခံစစ်မှူး ရစ်စီ ဂျိမ်းစ်က ဒီရာသီ စီနီယာအသင်းကြီးမှာ ပါဝင်ကစား ခြေစွမ်းပြခွင့် မရခင်က ဘောလုံးရသီ အစောပိုင်းမှာ ဒါဘီအသင်းထံ အငှားထွက် ကစားဖို့ ချိတ်ဆက်ခဲ့သေးသော်လည်း နည်းပြ လမ်းပတ်က ပယ်ချခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီး ပစ္မွတ္ထားေနတဲ့ ဘယ္စြန္ ခံစစ္မွဴး ဘရာဇီးသား အဲလက္စ္ တဲလက္စ္ အတြက္ ေပါင္ သန္း ၄၀ ေပးမွ ေရာင္းခ်နိုင္မယ္လို႔ ေပၚတို အသင္းက အေၾကာင္းျပန္လိုက္ပါတယ္။

တိုက္စစ္မွဴး ဂ်ီရူးဟာ ခ်ယ္ဆီးအသင္းမွာ လိုအပ္တဲ့အခ်ိန္ ဂိုးေတြကို သြင္းေပးနုိင္တဲ့ ထိပ္တန္း တိုက္စစ္မွဴး ျဖစ္ျပီး ခ်ယ္ဆီးမွာ ဂ်ီရူးကို အသိအမွတ္ ျပဳျခင္း မခံရ ျဖစ္ေနေၾကာင္း ခံစစ္မွဴးေဟာင္း ဂလင္းဂၽြန္ဆင္က ေျပာၾကားလိုက္ပါတယ္။

အက္ဖ္ေအဖလား ကြာတားဖိုင္နယ္အဆင့္ ပြဲစဥ္မ်ားအတြက္ မဲခြဲမႈ ထြက္ေပၚလာရာ ခ်ယ္ဆီးအသင္းက လက္စတာနဲ႕ ေတြ႔ဆံုေနျပီး ကင္းပါ၀ါကြင္းမွာ သြားေရာက္ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးနဲ႕ လီဗာပူးအသင္းတို႔ ပစ္မွတ္ထားေနတယ္ သတင္းထြက္ေနေပမယ့္ လိုက္ပ္ဇစ္အသင္းဘက္ကေတာ့ တီမို၀ါနာအတြက္ ကမ္းလွမ္းမႈမ်ား မရွိေသးေၾကာင္း ေျပာၾကားထားပါတယ္။

တိုက္စစ္သမား ၀ီလီယံက ခ်ယ္ဆီးအသင္း ေနာက္ဆံုး ကမ္းလွမ္းထားတဲ့ နွစ္နွစ္သက္တမ္းတိုး စာခ်ဳပ္ကို ျငင္းဆန္လိုက္ေၾကာင္း သိရပါတယ္။ ကစားသမားဘက္က သံုးနွစ္ သက္တမ္းတိုး အလိုရွိေနျပီး အသင္းဘက္က မလိုက္ေလ်ာနုိင္ဘဲ အဆင္မေျပ ျဖစ္ေနပါတယ္။

ခ်ယ္ဆီး ခံစစ္မွဴး ရစ္စီ ဂ်ိမ္းစ္က ဒီရာသီ စီနီယာအသင္းၾကီးမွာ ပါ၀င္ကစား ေျခစြမ္းျပခြင့္ မရခင္က ေဘာလံုးရသီ အေစာပိုင္းမွာ ဒါဘီအသင္းထံ အငွားထြက္ ကစားဖို႔ ခ်ိတ္ဆက္္ခဲ့ေသးေသာ္လည္း နည္းျပ လမ္းပတ္က ပယ္ခ်ခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။