ချယ်ဆီးဘက်က ပါးနပ်စွာ လှုပ်ရှားရင် စာချုပ်ပါကြေးထက် နည်းပါစွာဖြင့် တဲလက်စ်ကို ခေါ်ယူနိုင်မည်

ဒီအပတ်ထဲမှာ ချယ်ဆီးနဲ့ ပေါ်တိုအသင်းမှ ဘရာဇီးသား ဘယ်အစွန်လူ အဲလက်စ် တဲလက်စ်ကြား အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်မှုတွေ များလာပါတယ်။

ဒီသတင်းကို ပေါ်တူဂီနာမည်ကျော် သတင်းဌာနဖြစ်တဲ့ A Bola ကနေ စတင်လာခဲ့တယ်လို့ ယူဆရပြီး ဗြိတိန်ရဲ့ အားကစားဆိုင်ရာ ရှေ့နေဖြစ်သူ Gregory Ioannidis နဲ့ ဈေးကွက်ကျွမ်းကျင်သူ အားကစားသတင်းထောက် Nicolò Schira တို့ကနေပြီး ထပ်မံ ဖော်ပြမှုအရ ချယ်ဆီးပရိသတ်တွေကြားမှာ သိမှုတွေများလာရတာဖြစ်တယ်။

ချယ်ဆီးဟာ ဘယ်အစွန်နေရာကို အင်အားဖြည့်ဖို့ အတော်လေး အာရုံကျနေတာဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ကစားသမားကို ချိန်ရွယ်မှုထဲ ထည့်လာခဲ့တာဖြစ်တယ်။ တီလက်စ်ဟာ ၂၀၂၁ ဘောလုံးရာသီ အကုန်မှာ ပေါ်တူဂီကလပ်နဲ့ စာချုပ်ကုန်မှာဖြစ်ပြီး လာမယ့် နွေမှာ မရောင်းထုတ်ဘူးဆိုရင် ပေါ်တိုက သူ့ကို အလွတ်နဲ့ လက်လွတ်ရမှာဖြစ်ပါတယ်။

ပေါ်တိုနဲ့ တဲလက်စ်ကြားမှာ စာချုပ်ဖျက်သိမ်းကြေးက ယူရို သန်း ၄၀ ရှိနေတာဖြစ်ပြီး ပေါ်တူဂီသတင်းတွေမှာတော့ မိခင်ကလပ်က ဈေးလုံးဝ ချပေးဖို့ အစီအစဉ်မရှိဘူးလို့ ဆိုထားတယ်။ ဒါပေမယ့်လည်း အားကစားပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ချယ်ဆီးဘက်က ပါးနပ်စွာ လှုပ်ရှားမယ်ဆိုရင် ပြောင်းရွှေ့ကြေးက ယူရို ၂၅ သန်းထိ ဆင်းသွားနိုင်ပါတယ်။

တဲလက်စ်ဟာ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီ ပထမဆုံးသော ပေါ်တူဂီလိဂ်ကို ပြောင်းရွှေ့ကစားခဲ့စဉ်ကလွဲလို့ ကျန်တဲ့ လေးရာသီဆက်တိုက်မှာ အထူးခြေစွမ်းပြထားသူပါ။ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ဂိုးထောက်ပံ့မှု အကြိမ် ၂၀ ထိ လုပ်နိုင်ခဲ့သလို ဒီရာသီမှာဆိုရင် ပြိုင်ပွဲစုံ သွင်းဂိုး ၁၀ ဂိုးထိ ရထားပြီဖြစ်တယ်။

ဘယ်အစွန်အတွက် ချယ်ဆီးက ဘမ်ချီဝဲလ်ကို လိုချင်ရင် ပေါင် သန်း ၈၀ ပေးရမှာဖြစ်ပြီး အဲ့အစား တဲလက်စ်အတွက် ပေါင် သန်း ၂၀ လောက်သုံးတာက ပိုအကျိုးများနိုင်ပါတယ်။ ဒါ့အပြင် တဲလက်စ်နဲ့ ဇီယက်တို့ဟာ ချန်ပီယံလိဂ် အတွေ့အကြုံရှိပြီး လိဂ်ပွဲတွေမှာ ပုံမှန် ပွဲထွက်ခွင့်ရသူတွေဖြစ်လို့ လက်ရှိ လူငယ်တွေ အသားပေးနေတဲ့ အသင်းအတွက် တိုက်ရိုက် အကျိုးဖြစ်ထွန်းနိုင်တာ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ထဲမွာ ခ်ယ္ဆီးနဲ႔ ေပၚတိုအသင္းမွ ဘရာဇီးသား ဘယ္အစြန္လူ အဲလက္စ္ တဲလက္စ္ၾကား အေျပာင္းအေရႊ႔သတင္းေတြ ထြက္ေပၚမႈေတြ မ်ားလာပါတယ္။

ဒီသတင္းကို ေပၚတူဂီနာမည္ေက်ာ္ သတင္းဌာနျဖစ္တဲ့ A Bola ကေန စတင္လာခဲ့တယ္လို႔ ယူဆရျပီး ျဗိတိန္ရဲ႕ အားကစားဆုိင္ရာ ေရွ႔ေနျဖစ္သူ Gregory Ioannidis နဲ႔ ေစ်းကြက္ကၽြမ္းက်င္သူ အားကစားသတင္းေထာက္ Nicolò Schira တို႔ကေနျပီး ထပ္မံ ေဖာ္ျပမႈအရ ခ်ယ္ဆီးပရိသတ္ေတြၾကားမွာ သိမႈေတြမ်ားလာရတာျဖစ္တယ္။

ခ်ယ္ဆီးဟာ ဘယ္အစြန္ေနရာကို အင္အားျဖည့္ဖို႔ အေတာ္ေလး အာရံုက်ေနတာျဖစ္ျပီး အသက္ ၂၇ ႏွစ္အရြယ္ ကစားသမားကို ခ်ိန္ရြယ္မႈထဲ ထည့္လာခဲ့တာျဖစ္တယ္။ တီလက္စ္ဟာ ၂၀၂၁ ေဘာလံုးရာသီ အကုန္မွာ ေပၚတူဂီကလပ္နဲ႔ စာခ်ဳပ္ကုန္မွာျဖစ္ျပီး လာမယ့္ ေႏြမွာ မေရာင္းထုတ္ဘူးဆိုရင္ ေပၚတိုက သူ႔ကို အလြတ္နဲ႔ လက္လြတ္ရမွာျဖစ္ပါတယ္။

ေပၚတိုနဲ႔ တဲလက္စ္ၾကားမွာ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ယူရို သန္း ၄၀ ရွိေနတာျဖစ္ျပီး ေပၚတူဂီသတင္းေတြမွာေတာ့ မိခင္ကလပ္က ေစ်းလံုးဝ ခ်ေပးဖို႔ အစီအစဥ္မရွိဘူးလို႔ ဆိုထားတယ္။ ဒါေပမယ့္လည္း အားကစားပိုင္းဆိုင္ရာ ကၽြမ္းက်င္သူေတြရဲ႕ အဆိုအရ ခ်ယ္ဆီးဘက္က ပါးနပ္စြာ လႈပ္ရွားမယ္ဆိုရင္ ေျပာင္းေရႊ႔ေၾကးက ယူရို ၂၅ သန္းထိ ဆင္းသြားႏုိင္ပါတယ္။

တဲလက္စ္ဟာ ၂၀၁၅-၂၀၁၆ ေဘာလံုးရာသီ ပထမဆံုးေသာ ေပၚတူဂီလိဂ္ကို ေျပာင္းေရႊ႔ကစားခဲ့စဥ္ကလြဲလို႔ က်န္တဲ့ ေလးရာသီဆက္တိုက္မွာ အထူးေျခစြမ္းျပထားသူပါ။ ၂၀၁၇-၂၀၁၈ ေဘာလံုးရာသီမွာ ဂိုးေထာက္ပံ့မႈ အၾကိမ္ ၂၀ ထိ လုပ္ႏုိင္ခဲ့သလို ဒီရာသီမွာဆိုရင္ ျပိဳင္ပြဲစံု သြင္းဂိုး ၁၀ ဂိုးထိ ရထားျပီျဖစ္တယ္။

ဘယ္အစြန္အတြက္ ခ်ယ္ဆီးက ဘမ္ခ်ီဝဲလ္ကို လိုခ်င္ရင္ ေပါင္ သန္း ၈၀ ေပးရမွာျဖစ္ျပီး အဲ့အစား တဲလက္စ္အတြက္ ေပါင္ သန္း ၂၀ ေလာက္သံုးတာက ပိုအက်ိဳးမ်ားႏုိင္ပါတယ္။ ဒါ့အျပင္ တဲလက္စ္နဲ႔ ဇီယက္တို႔ဟာ ခ်န္ပီယံလိဂ္ အေတြ႔အၾကံဳရွိျပီး လိဂ္ပြဲေတြမွာ ပံုမွန္ ပြဲထြက္ခြင့္ရသူေတြျဖစ္လို႔ လက္ရွိ လူငယ္ေတြ အသားေပးေနတဲ့ အသင္းအတြက္ တိုက္ရိုက္ အက်ိဳးျဖစ္ထြန္းႏုိင္တာ ျဖစ္ပါတယ္။