ချယ်ဆီးဘက်က ကမ်းလှမ်းတဲ့ နှစ်နှစ် သက်တမ်းတိုး စာချုပ်သစ်ကို ပယ်ချလိုက်တဲ့ ဝီလီယမ်

ချယ်ဆီးဘက်က ဝီလီယမ်ကို နှစ်နှစ် သက်တမ်းတိုးစာချုပ် ပေးပို့ခဲ့ပေမယ့် ကစားသမားက သုံးနှစ်စာချုပ် အလိုရှိနေတာကြောင့် ပယ်ချလိုက်တယ်လို့ ဒေးလီးမေးလ်က ဖော်ပြသွားပါတယ်။

၂၀၁၃ ခုနှစ်တည်းက ချယ်ဆီးအသင်းကို ပြောင်းလာခဲ့တဲ့ ဝီလီယမ်ဟာ ဒီရာသီ အကုန်မှာတော့ စာချုပ်ကုန်ဆုံးပြီဖြစ်လို့ အင်္ဂလန်ပြင်ပ ကလပ်အသင်းတွေနဲ့ တိုက်ရိုက် စကားပြောခွင့်တွေ ရှိနေတာဖြစစ်တယ်။ ချယ်ဆီးဘက်က ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာကြောင့် ဝီလီယမ်ဟာ အခြားသော ကလပ်တွေနဲ့ အပြောင်းအရွှေ့ကိစ္စ လမ်းပွင့်နေပြီးလို့ သိရပါတယ်။

ဘရာဇီးအခြေစိုက် သတင်းတွေက ဖော်ပြလာမှုကို ကိုးကားပြီး ဒီမနက်မှာ ထွက်ပေါ်လာတဲ့ အဆိုပါ ကိစ္စအတွက် မန်နေဂျာနဲ့ ကစားသမားဘက်က တုန့်ပြန်လာမှုတွေတော့ မရှိသေးပါဘူး။

ဘရာဇီးသား ကိုယ်တိုင်က အရင်အပတ်က ဘိုင်ယန်ကို အရေးနိမ့်တဲ့ ပွဲအပြီးမှာပဲ ‘ ချယ်ဆီးဘက်က နှစ်ရာသီစာချုပ် ကမ်းလှမ်းထားတယ်။ ကမ်းလှမ်းမှုကို ပြောင်းလဲမယ့်ဟန်လည်း မရှိဘူး။ ကျနော်ကတော့ သုံးနှစ်နဲ့ အဲ့ထက်ပိုပြီး လိုချင်ပါတယ်။ အခြအနေက ခြားနားနေတာ ဒါပါပဲ။

လက်မှတ်ထိုးမှုက ဖြစ်နိုင်မလားဆိုတာ မသိပါဘူး။ ကျနော် အလုပ်က ဆက်လက် ကြိုးစားဖို့ဖြစ်ပြီး လက်ကျန်ရာသီမှာ အာရုံစိုက်မှုကို ဆက်ထားဖို့ပါ။ ဒီတော့ လက်ကျန် ရာသီဝက်မှာ ချယ်ဆီးနဲ့ နိုင်ပွဲတွေ ဆက်ရနေဖို့ပဲ မျှော်လင့်ထားပါတယ် ‘ လို့ ဆိုခဲ့တာဖြစ်တယ်။

အသက် ၃၁ နှစ်အရွယ် ဝီလီယမ်ကို ချယ်ဆီးဘက်က သက်တမ်းတိုးလိုခြင်းကြောင့် ကလပ်ရဲ့ ပေါ်လစီကို ဖောက်ဖျက်ပြီး နှစ်နှစ် သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။ လန်ဒန်မှာ ကျင်လယ်ခဲ့တာ ၆ ရာသီခွဲ ကြာခဲ့ပြီဖြစ်တဲ့ ဝီလီယမ်က အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ မနှစ်တုန်းက ယူရိုပါလိဂ် ဖလားတွေကို အနိုင်ရခဲ့သေးတာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးဘက္က ဝီလီယမ္ကို ႏွစ္ႏွစ္ သက္တမ္းတိုးစာခ်ဳပ္ ေပးပို႔ခဲ့ေပမယ့္ ကစားသမားက သံုးႏွစ္စာခ်ဳပ္ အလိုရွိေနတာေၾကာင့္ ပယ္ခ်လိုက္တယ္လို႔ ေဒးလီးေမးလ္က ေဖာ္ျပသြားပါတယ္။

၂၀၁၃ ခုႏွစ္တည္းက ခ်ယ္ဆီးအသင္းကို ေျပာင္းလာခဲ့တဲ့ ဝီလီယမ္ဟာ ဒီရာသီ အကုန္မွာေတာ့ စာခ်ဳပ္ကုန္ဆံုးျပီျဖစ္လို႔ အဂၤလန္ျပင္ပ ကလပ္အသင္းေတြနဲ႔ တိုက္ရိုက္ စကားေျပာခြင့္ေတြ ရွိေနတာျဖစစ္တယ္။ ခ်ယ္ဆီးဘက္က ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့တာေၾကာင့္ ဝီလီယမ္ဟာ အျခားေသာ ကလပ္ေတြနဲ႔ အေျပာင္းအေရႊ႔ကိစၥ လမ္းပြင့္ေနျပီးလို႔ သိရပါတယ္။

ဘရာဇီးအေျခစိုက္ သတင္းေတြက ေဖာ္ျပလာမႈကို ကိုးကားျပီး ဒီမနက္မွာ ထြက္ေပၚလာတဲ့ အဆိုပါ ကိစၥအတြက္ မန္ေနဂ်ာနဲ႔ ကစားသမားဘက္က တုန္႔ျပန္လာမႈေတြေတာ့ မရွိေသးပါဘူး။

ဘရာဇီးသား ကိုယ္တိုင္က အရင္အပတ္က ဘိုင္ယန္ကို အေရးနိမ့္တဲ့ ပြဲအျပီးမွာပဲ ‘ ခ်ယ္ဆီးဘက္က ႏွစ္ရာသီစာခ်ဳပ္ ကမ္းလွမ္းထားတယ္။ ကမ္းလွမ္းမႈကို ေျပာင္းလဲမယ့္ဟန္လည္း မရွိဘူး။ က်ေနာ္ကေတာ့ သံုးႏွစ္နဲ႔ အဲ့ထက္ပိုျပီး လိုခ်င္ပါတယ္။ အျခအေနက ျခားနားေနတာ ဒါပါပဲ။

လက္မွတ္ထိုးမႈက ျဖစ္ႏုိင္မလားဆိုတာ မသိပါဘူး။ က်ေနာ္ အလုပ္က ဆက္လက္ ၾကိဳးစားဖို႔ျဖစ္ျပီး လက္က်န္ရာသီမွာ အာရံုစိုက္မႈကို ဆက္ထားဖို႔ပါ။ ဒီေတာ့ လက္က်န္ ရာသီဝက္မွာ ခ်ယ္ဆီးနဲ႔ ႏုိင္ပြဲေတြ ဆက္ရေနဖို႔ပဲ ေမွ်ာ္လင့့္ထားပါတယ္ ‘ လို႔ ဆိုခဲ့တာျဖစ္တယ္။

အသက္ ၃၁ ႏွစ္အရြယ္ ဝီလီယမ္ကို ခ်ယ္ဆီးဘက္က သက္တမ္းတိုးလိုျခင္းေၾကာင့္ ကလပ္ရဲ႕ ေပၚလစီကို ေဖာက္ဖ်က္ျပီး ႏွစ္ႏွစ္ သက္တမ္းတိုးဖို႔ ဆံုးျဖတ္ခဲ့တာပါ။ လန္ဒန္မွာ က်င္လယ္ခဲ့တာ ၆ ရာသီခြဲ ၾကာခဲ့ျပီျဖစ္တဲ့ ဝီလီယမ္က အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ၂ ၾကိမ္၊ အက္ဖ္ေအဖလား၊ လိဂ္ဖလားနဲ႔ မႏွစ္တုန္းက ယူရိုပါလိဂ္ ဖလားေတြကို အႏုိင္ရခဲ့ေသးတာ ျဖစ္ပါတယ္။