အက်ဖ်အေ နိုင်ပွဲအပြီး နောက်ဆုံးရ ချယ်ဆီး နံနက်ခင်းသတင်းများ

ချယ်ဆီးအသင်းဟာ ညက စတန်းဖို့ ဘရစ်ချ်မှာ ဧည့်ခံကစားခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမ အဆင့် ပွဲစဉ်မှာ လီဗာပူးကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ် အဆင့်သို့ ထိုက်ထိုက်တန်တန် တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းအတွက် ဂိုးတွေကို ဝီလီယံနဲ့ ရော့စ် ဘာကလေတို့က သွင်းယူပေးခဲ့တာပါ။

လီဗာပူးနဲ့ပွဲမှာ ကွင်းလယ်မှ ချယ်ဆီးလူငယ် ဘီလီ ဂေးလ်မား အထူး ခြေစွမ်း ပြခဲ့ပြီး နည်းပြ လမ်းပတ်ကတော့ ဂေးလ်မားဟာ လူတွေ တဖွဖွ ထုတ်ဖော် ချီးကျူးနေကြတာနဲ့ ထိုက်တန်တယ်လို့ အသိအမှတ်ပြုစကား ဆိုခဲ့ပါတယ်။ ဂေးလ်မား က ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား ဆုလည်း ရရှိခဲ့ပါတယ်။

ဖေဖော်ဝါရီလထဲ ပွဲစဉ်များမှာ ချန်လှပ်ခံခဲ့ရတဲ့ ဂိုးသမား ကီပါလည်း လီဗာပူးနဲ့ ပွဲမှာ ချယ်ဆီးအသင်းဘက် က ပါဝင် ပွဲထွက်ခွင့် ရခဲ့ပြီး လက်စွမ်းပြ ကာကွယ်မှုအချို့ ပြုလုပ်နိုင်ခဲ့ပါတယ်။

ချယ်ဆီးအသင်းရဲ့ ဒီည နိုင်ပွဲဟာ ထူးရှယ်ပွဲ တစ်ခု ဖြစ်ပြီး အကောင်းဆံုံး အသင်း ဖြစ်ခဲ့တဲ့ သူတို့အတွက် တကယ်ကို ဂုဏ်ယူကြောင်း နည်းပြ လမ်းပတ်က ပွဲအပြီးမှာ ဝမ်းမြောက်စွာ ပြောကြားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဒေါ့မွန် လူငယ်ခံစစ်သမား နမ်ဒီ ကိုလင်းစ်ကို ခေါ်ယူဖို့ အရေးမှာ မန်စီးတီးရဲ့ ကြိုးပမ်းမှုကြောင့် လက်လျှော့ရဖွယ် ရှိနေပြီး မန်ချက်စတာအသင်းကပဲ အရေးသာနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ချယ်ဆီးနဲ့ ယူနိုက်တက်တို့ အပြိုင် ပစ်မှတ်ထားနေတဲ့ ဒေါ့မွန်မှ အသက် ၁၉ နှစ်အရွယ် တိုက်စစ်သမား ဆန်ချိုရဲ့ ဈေးနှုန်းက တရိပ်ရိပ် တက်နေပြီး လောလောဆယ် ယူရို သန် ၁၄၀ (ပေါင် ၁၂၂ သန်း) ထိ ရောက်နေပြီလို့ ဂျာမန်သတင်းများက ဖော်ပြထားပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ညက စတန္းဖို႔ ဘရစ္ခ်္မွာ ဧည့္ခံကစားခဲ့တဲ့ အက္ဖ္ေအဖလား ပဥၥမ အဆင့္ ပြဲစဥ္မွာ လီဗာပူးကို ၂-၀ နဲ႕ အနုိင္ရခဲ့ျပီး ကြာတားဖိုင္နယ္ အဆင့္သို႔ ထိုက္ထိုက္တန္တန္ တက္ေရာက္သြားျပီ ျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းအတြက္ ဂိုးေတြကို ၀ီလီယံနဲ႕ ေရာ့စ္ ဘာကေလတို႔က သြင္းယူေပးခဲ့တာပါ။

လီဗာပူးနဲ႕ပြဲမွာ ကြင္းလယ္မွ ခ်ယ္ဆီးလူငယ္ ဘီလီ ေဂးလ္မား အထူး ေျခစြမ္း ျပခဲ့ျပီး နည္းျပ လမ္းပတ္ကေတာ့ ေဂးလ္မားဟာ လူေတြ တဖြဖြ ထုတ္ေဖာ္ ခ်ီးက်ဴးေနၾကတာနဲ႕ ထိုက္တန္တယ္လို႔ အသိအမွတ္ျပဳစကား ဆိုခဲ့ပါတယ္။ ေဂးလ္မား က ပြဲစဥ္ရဲ႕ အေကာင္းဆံုး ကစားသမား ဆုလည္း ရရွိခဲ့ပါတယ္။

ေဖေဖာ္၀ါရီလထဲ ပြဲစဥ္မ်ားမွာ ခ်န္လွပ္ခံခဲ့ရတဲ့ ဂိုးသမား ကီပါလည္း လီဗာပူးနဲ႕ ပြဲမွာ ခ်ယ္ဆီးအသင္းဘက္ က ပါ၀င္ ပြဲထြက္ခြင့္ ရခဲ့ျပီး လက္စြမ္းျပ ကာကြယ္မႈအခ်ိဳ႕ ျပဳလုပ္နုိင္ခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ ဒီည နိုင္ပြဲဟာ ထူးရွယ္ပြဲ တစ္ခု ျဖစ္ျပီး အေကာင္းဆံံုး အသငး္ ျဖစ္ခဲ့တဲ့ သူတို႔အတြက္ တကယ္ကို ဂုဏ္ယူေၾကာင္း နည္းျပ လမ္းပတ္က ပြဲအျပီးမွာ ၀မ္းေျမာက္စြာ ေျပာၾကားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ေဒါ့မြန္ လူငယ္ခံစစ္သမား နမ္ဒီ ကိုလင္းစ္ကို ေခၚယူဖို႔ အေရးမွာ မန္စီးတီးရဲ႕ ၾကိဳးပမ္းမႈေၾကာင့္ လက္ေလွ်ာ့ရဖြယ္ ရွိေနျပီး မန္ခ်က္စတာအသင္းကပဲ အေရးသာေနတယ္လို႔ သတင္းထြက္ေပၚေနပါတယ္။

ခ်ယ္ဆီးနဲ႕ ယူနိုက္တက္တို႔ အျပိဳင္ ပစ္မွတ္ထားေနတဲ့ ေဒါ့မြန္မွ အသက္ ၁၉ နွစ္အရြယ္ တိုက္စစ္သမား ဆန္ခ်ိဳရဲ႕ ေစ်းနႈန္းက တရိပ္ရိပ္ တက္ေနျပီး ေလာေလာဆယ္ ယူရို သန္ ၁၄၀ (ေပါင္ ၁၂၂ သန္း) ထိ ေရာက္ေနျပီလို႕ ဂ်ာမန္သတင္းမ်ားက ေဖာ္ျပထားပါတယ္။