လီဗာပူးနဲ့ ပွဲမတိုင်ခင် နောက်ဆုံးရ ချယ်ဆီး ညနေခင်းသတင်းများ

ဒီတလောမှာ ချန်လှပ်ခံနေရတဲ့ ဂိုးသမား ကီပါက လီဗာပူးနဲ့ အက်ဖ်အေဖလား ပွဲမှာ ပြန် ပါဝင်ကစားဖွယ် ရှိကြောင်း လမ်းပတ်က ပြောဆိုထားပါတယ်။ ကီပါက မျှော်လင့်ထားသလိုပဲ ပရော်ဖက်ရှင်နယ် ဆန်စွာ တုန့်ပြန်နေပြီး လေ့ကျင့်နေတယ်လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

ချယ်ဆီးအသင်း ပစ်မှတ်ထားနေတဲ့ ပေါ်တို ဘယ်စွန်ခံစစ်မှူး တဲလက်စ်ဟာ လက်ရှိကလပ်နဲ့ သက်တမ်းတိုး စာချုပ်လက်မှတ်ထိုးရန် ငြင်းပယ်လိုက်ပါတယ်။ ချယ်ဆီးဟာ လက်စတာ ခံစစ်မှူး ဘန်ချေးဝဲလ်ကိုလည်း စောင့်ကြည့်နေပြီး တဲလက်စ်ကို ကြိုးပမ်းရင်တော့ လာမယ့်နွေမှာ ပေါင် သန်း ၂၀ ဝန်းကျင်နဲ့ ရရှိနိုင်ပါတယ်။

လက်စတာအသင်းကလည်း ၎င်းတို့ ခံစစ်မှူး ဘန်ချေးဝဲလ်ကို ချယ်ဆီး၊ မန်စီးတီးနဲ့ စပါးအသင်းတို့ စောင့်ကြည့်ခြင်း ခံနေရတာကြောင့် အစားထိုးရန် ကစားသမား ကြိုတင် ရှာဖွေနေပြီး ဘန်လေမှာ ချာလီ တေလာကို ပစ်မှတ်ထားနေပါတယ်။

ချယ်ဆီးနည်းပြ လမ်းပတ်က လီဗာပူးအသင်းမှာ ယာဂင်ကလော့ပ်ကို အချိန်ပေးခဲ့ကာ အခုလို တိုးတက်လာခဲ့သလိုမျိုး လုပ်ဆောင်လိုတာကြောင့် အသင်းဘက်က စိတ်ရှည်မှု ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

လီဗာပူးအသင်းနဲ့ ကစားမယ့် အက်ဖ်အေပွဲမှာ ချယ်ဆီးအသင်းဟာ ဗဟိုခံစစ် သုံးယောက်တန်းနဲ့ ၃-၄-၃ ကစားကွက် ကစားစေဖို့ လန်ဒန်ပရိသတ်တွေက အလိုရှိနေပြီး ဂိုးသမားအနေနဲ့ကလည်း ကီပါကို ပွဲထွက်စေလိုနေကြပါတယ်။

ချယ်ဆီး ကွင်းလယ်ကစားသမား လော့ဖ်တပ်ချိစ်ဟာ ဒီည လီဗာပူးနဲ့ အက်ဖ်အေပွဲမှာ ပြန် ပါဝင်နိုင်မှာ မဟုတ်သေးပါဘူး။ ဒါပေမယ့် အင်္ဂလန်သားဟာ ညက ချယ်ဆီး U23 အသင်းနဲ့ အဲဗာတန် လူငယ် ပွဲစဉ်မှာ မိနစ် ၉၀ ပြည့် ပါဝင် ကစားသွားခဲ့တာကြောင့် စီနီယာ အသင်းနဲ့ အတူ မကြာခင် ပူးပေါင်းတော့မယ် ယူဆရပါတယ်။

Zawgyi – ဒီတေလာမွာ ခ်န္လွပ္ခံေနရတဲ့ ဂိုးသမား ကီပါက လီဗာပူးနဲ႕ အက္ဖ္ေအဖလား ပြဲမွာ ျပန္ ပါ၀င္ကစားဖြယ္ ရွိေၾကာင္း လမ္းပတ္က ေျပာဆိုထားပါတယ္။ ကီပါက ေမွ်ာ္လင့္ထားသလုိပဲ ပေရာ္ဖက္ရွင္နယ္ ဆန္စြာ တုန္႔ျပန္ေနျပီး ေလ့က်င့္ေနတယ္လို႔ လမ္းပတ္က ေျပာၾကားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္း ပစ္မွတ္ထားေနတဲ့ ေပၚတို ဘယ္စြန္ခံစစ္မွဴး တဲလက္စ္ဟာ လက္ရွိကလပ္နဲ႕ သက္တမ္းတိုး စာခ်ဳပ္လက္မွတ္ထိုးရန္ ျငင္းပယ္လိုက္ပါတယ္။ ခ်ယ္ဆီးဟာ လက္စတာ ခံစစ္မွဴး ဘန္ေခ်း၀ဲလ္ကိုလည္း ေစာင့္ၾကည့္ေနျပီး တဲလက္စ္ကို ၾကိဳးပမ္းရင္ေတာ့ လာမယ့္ေႏြမွာ ေပါင္ သန္း ၂၀ ၀န္းက်င္နဲ႕ ရရွိနုိင္ပါတယ္။

လက္စတာအသင္းကလည္း ၄င္းတို႔ ခံစစ္မွဴး ဘန္ေခ်း၀ဲလ္ကို ခ်ယ္ဆီး၊ မန္စီးတီးနဲ႕ စပါးအသင္းတို႔ ေစာင့္ၾကည့္ျခင္း ခံေနရတာေၾကာင့္ အစားထိုးရန္ ကစားသမား ၾကိဳတင္ ရွာေဖြေနျပီး ဘန္ေလမွာ ခ်ာလီ ေတလာကို ပစ္မွတ္ထားေနပါတယ္။

ခ်ယ္ဆီးနည္းျပ လမ္းပတ္က လီဗာပူးအသင္းမွာ ယာဂင္ကေလာ့ပ္ကို အခ်ိန္ေပးခဲ့ကာ အခုလို တိုးတက္လာခဲ့သလိုမ်ိဳး လုပ္ေဆာင္လိုတာေၾကာင့္ အသင္းဘက္က စိတ္ရွည္မႈ ေပးဖို႔ ေတာင္းဆိုလုိက္ပါတယ္။

လီဗာပူးအသင္းနဲ႕ ကစားမယ့္ အက္ဖ္ေအပြဲမွာ ခ်ယ္ဆီးအသင္းဟာ ဗဟိုခံစစ္ သံုးေယာက္တန္းနဲ႕ ၃-၄-၃ ကစားကြက္ ကစားေစဖို႔ လန္ဒန္ပရိသတ္ေတြက အလိုရွိေနျပီး ဂိုးသမားအေနနဲ႕ကလည္း ကီပါကို ပြဲထြက္ေစလိုေနၾကပါတယ္။

ခ်ယ္ဆီး ကြင္းလယ္ကစားသမား ေလာ့ဖ္တပ္္ခ်ိစ္ဟာ ဒီည လီဗာပူးနဲ႕ အက္ဖ္ေအပြဲမွာ ျပန္ ပါ၀င္နုိင္မွာ မဟုတ္ေသးပါဘူး။ ဒါေပမယ့္ အဂၤလန္သားဟာ ညက ခ်ယ္ဆီး U23 အသင္းနဲ႕ အဲဗာတန္ လူငယ္ ပြဲစဥ္မွာ မိနစ္ ၉၀ ျပည့္ ပါ၀င္ ကစားသြားခဲ့တာေၾကာင့္ စီနီယာ အသင္းနဲ႕ အတူ မၾကာခင္ ပူးေပါင္းေတာ့မယ္ ယူဆရပါတယ္။