ချယ်ဆီးကွင်းလယ်မှာ တလက်လက် တောက်ပနေတဲ့ လူငယ်ကြယ်ပွင့်လေး ဘီလီ ဂေးလ်မား

ပရီးမီးယားလိဂ်မှာ ပါဝင်ကြီးနေတဲ့ လီဗာပူးကို ချယ်ဆီးအသင်းက ညက အက်ဖ်အေဖလား ပွဲစဉ်မှာတော့ ၂-၀ နဲ့ အနိုင်ယူပြနိုင်ခဲ့ပါတယ်။ ဂျော်ဂျင်ဟို မပါဝင်နိုင်တဲ့ ကွင်းလယ်မှာ ချယ်ဆီး အင်အားနည်းမယ်လို့ ယူဆမှုတွေ ရှိခဲ့ပေမယ့် အသက် ၁၈ နှစ်အရွယ် စကော့သား လူငယ်လေးက အံ့အားသင့်လောက်အောင် ခြေစွမ်းပြ ကစားသွားခဲ့ပါတယ်။

ဒီရာသီ ချယ်ဆီးအတွင်း ပွဲထွက် ၃ ပွဲ အပါအဝင် ၆ ပွဲသာ ကစားခွင့် ရထားတဲ့ ဂေးလ်မားရဲ့ ပွဲကစားခဲ့ချိန် မိနစ်က ၂၈၁ မိနစ်မျှသာ ရှိပါတယ်။ အတွေ့အကြုံ နုနယ်ပေမယ့် ၎င်းက ကွင်းလယ်မှာ တည်ငြိမ်စွာ ထိန်းချုပ်သွားနိုင်ခဲ့ပြီး ဖန်တီးမှုတွေလည်း ပြုလုပ်ခဲ့ကာ ပွဲစဉ် အကောင်းဆုံး ကစားသမား ဆုကိုပါ ထိုက်တန်စွာ သိမ်းပိုက်သွားပါတယ်။

ကွင်းလယ်မှာ လွန်းထိုးပြေးလွှားနေပြီး တလက်လက် တောက်ပနေတဲ့ ကြယ်ပွင့်လေးဟာ ဘောလုံးကို နောက်ဆင်းလည်း လက်ခံယူပြီး တိုက်စစ်ကိုလည်း လိုက်ပါ ထောက်ပံ့နိုင်ခဲ့ကာ လီဗာပူးဘက်က အတွေ့အကြုံရှိ ဖာဘင်ညိုလို ကွင်းလယ်မျိုးကို ထိပ်တိုက် ရင်ဆိုင် ကျော်ဖြတ် နိုင်ခဲ့ပါတယ်။

ဆယ်ကျော်သက် ကွင်းလယ် လူငယ်လေးရဲ့ ခြေစွမ်းကို ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ ပွဲအပြီးမှာ မနေသာပဲ အသိအမှတ်ပြု ချီးကျူးစကား ဆိုခဲ့ပါတယ်။

” လူငယ်တစ်ယောက် အတွက် ဘယ်လောက်တောင် အံ့အားသင့်ဖွယ် ခြေစွမ်းမျိုးပါလဲ။ သူက အစောပိုင်း ၅မိနစ် ၁၀မိနစ်လောက်တည်းက စလို့ ခေါင်းလည်းအေးသလို တည်ငြိမ်ခဲ့တယ်။ ဝါရင့်ကွင်းလယ်ဟောင်း တစ်ယောက် ပြန်ဝင်ကစားသလိုကို အေးအေးဆေးဆေးပဲ။

ဘောလုံးကို ရယူနိုင်တယ်။ ထောင့်ဖြတ် ပေးပို့မှုတွေလည်း လုပ်နိုင်တယ်။ ပင်ကို အရည်အချင်းနဲ့ သဘောထားကောင်းတွေလည်း ရှိတယ်။ ဒီလို ခြေစွမ်းမျိုး မြင်ရအပြီးမှာ သူ့ကို လူတွေ တဖွဖွ ချျီးကျူးဖို့ ထိုက်တန်ပါတယ်။

ဂေးလ်မားရဲ့ ခြေစွမ်းကို လန်ဒန်အခြေစိုက် သတင်းဌာနတွေကလည်း ခေါင်းစီးတင် ချီးကျူးနေကြပြီး ဆယ်ကျော်သက် လူငယ်လေးဟာ ပထမပိုင်းတည်းက ထူးချွန်မှုတွေ ပြသနိုင်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဂေးလ်မားရဲ့ ခြေစွမ်းကို ဒီပွဲမှာ Rating 9 အထိ သတ်မှတ်ပေး နေကြပါတယ်။

Zawgyi – ပရီးမီးယားလိဂ္မွာ ပါ၀င္ၾကီးေနတဲ့ လီဗာပူးကို ခ်ယ္ဆီးအသင္းက ညက အက္ဖ္ေအဖလား ပြဲစဥ္မွာေတာ့ ၂-၀ နဲ႕ အနုိင္ယူျပနိုင္ခဲ့ပါတယ္။ ေဂ်ာ္ဂ်င္ဟို မပါ၀င္နုိင္တဲ့ ကြင္းလယ္မွာ ခ်ယ္ဆီး အင္အားနည္းမယ္လုိ႔ ယူဆမႈေတြ ရွိခဲ့ေပမယ့္ အသက္ ၁၈ နွစ္အရြယ္ စေကာ့သား လူငယ္ေလးက အံ့အားသင့္ေလာက္ေအာင္ ေျခစြမ္းျပ ကစားသြားခဲ့ပါတယ္။

ဒီရာသီ ခ်ယ္ဆီးအတြင္း ပြဲထြက္ ၃ ပြဲ အပါအ၀င္ ၆ ပြဲသာ ကစားခြင့္ ရထားတဲ့ ေဂးလ္မားရဲ႕ ပြဲကစားခဲ့ခ်ိန္ မိနစ္က ၂၈၁ မိနစ္မွ်သာ ရွိပါတယ္။ အေတြ႔အၾကံဳ နုနယ္ေပမယ့္ ၄င္းက ကြင္းလယ္မွာ တည္ျငိမ္စြာ ထိန္းခ်ဳပ္သြားနုိင္ခဲ့ျပီး ဖန္တီးမႈေတြလည္း ျပဳလုပ္ခဲ့ကာ ပြဲစဥ္ အေကာင္းဆံုး ကစားသမား ဆုကိုပါ ထိုက္တန္စြာ သိမ္းပိုက္သြားပါတယ္။

ကြင္းလယ္မွာ လြန္းထိုးေျပးလႊားေနျပီး တလက္လက္ ေတာက္ပေနတဲ့ ၾကယ္ပြင့္ေလးဟာ ေဘာလံုးကို ေနာက္ဆင္းလည္း လက္ခံယူျပီး တိုက္စစ္ကိုလည္း လိုက္ပါ ေထာက္ပံ့နိုင္ခဲ့ကာ လီဗာပူးဘက္က အေတြ႔အၾကံဳရွိ ဖာဘင္ညိဳလို ကြင္းလယ္မ်ိဳးကို ထိပ္တိုက္ ရင္ဆိုင္ ေက်ာ္ျဖတ္ နုိင္ခဲ့ပါတယ္။

ဆယ္ေက်ာ္သက္ ကြင္းလယ္ လူငယ္ေလးရဲ႕ ေျခစြမ္းကို ခ်ယ္ဆီးနည္းျပ လမ္းပတ္ကေတာ့ ပြဲအျပီးမွာ မေနသာပဲ အသိအမွတ္ျပဳ ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။

” လူငယ္တစ္ေယာက္ အတြက္ ဘယ္ေလာက္ေတာင္ အံ့အားသင့္ဖြယ္ ေျခစြမ္းမ်ိဳးပါလဲ။ သူက အေစာပိုင္း ၅မိနစ္ ၁၀မိနစ္ေလာက္တည္းက စလို႔ ေခါင္းလည္းေအးသလို တည္ျငိမ္ခဲ့တယ္။ ၀ါရင့္ကြင္းလယ္ေဟာင္း တစ္ေယာက္ ျပန္၀င္ကစားသလိုကို ေအးေအးေဆးေဆးပဲ။

ေဘာလံုးကို ရယူနုိင္တယ္။ ေထာင့္ျဖတ္ ေပးပို႔မႈေတြလည္း လုပ္နုိင္တယ္။ ပင္ကို အရည္အခ်င္းနဲ႕ သေဘာထားေကာင္းေတြလည္း ရွိတယ္။ ဒီလို ေျခစြမ္းမ်ိဳး ျမင္ရအျပီးမွာ သူ႔ကို လူေတြ တဖြဖြ ခ််ီးက်ဴးဖို႔ ထိုက္တန္ပါတယ္။

ေဂးလ္မားရဲ႕ ေျခစြမ္းကို လန္ဒန္အေျခစိုက္ သတင္းဌာနေတြကလည္း ေခါင္းစီးတင္ ခ်ီးက်ဴးေနၾကျပီး ဆယ္ေက်ာ္သက္ လူငယ္ေလးဟာ ပထမပိုင္းတည္းက ထူးခၽြန္မႈေတြ ျပသနိုင္ခဲ့တယ္လို႔ ဆိုၾကပါတယ္။ ေဂးလ္မားရဲ႕ ေျခစြမ္းကို ဒီပြဲမွာ Rating 9 အထိ သတ္မွတ္ေပး ေနၾကပါတယ္။