ဒီရာသီ သွင်းဂိုး ၂၀ အထိ သွင်းထားပေမဲ့ ဂိုးအတွက် ကိုးလ်ပါမာ အပို ဘောနပ်စ် ဆုကြေးငွေ ရရှိမှာ မဟုတ်ပါဘူး

ချဲလ်ဆီး တိုက်စစ်ကြယ်ပွင့် ကိုးလ်ပါမာဟာ ချဲလ်ဆီးအတွက် ပထမဆုံးကစားတဲ့ ရာသီမှာ ဂိုးများစွာ သွင်းယူထားနိုင်ပေမဲ့လည်း ဂိုးအတွက် အပို ဘောနပ်စ် ဆုကြေးငွေ ရရှိလာမှာ မဟုတ်ဘူးလို့ သိရပါတယ်။

နွေရာသီတုန်းက ချဲလ်ဆီးသို့ ပေါင် ၄၂.၅ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ကိုးလ်ပါမာဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်ဂိုး ၂၀ အထိ သွင်းထားပြီး အာလင်းဟာလန်းနှင့်အတူ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးကနေ ဝင် တန်းစီထားပါတယ်။

အသက် ၂၁ နှစ်ရှိ အင်္ဂလန်စတားဟာ စက်တင်ဘာတုန်းက ချဲလ်ဆီးသို့ တစ်ပတ်လုပ်ခ ပေါင် ၈၀၀၀၀၀ ဖြင့် ၇ နှစ် စာချုပ်ဖြင့် ပြောင်းလာခဲ့တာ ဖြစ်ပြီး စာချုပ်အတွင်းမှာ သွင်းဂိုးတွေ အတွက် ဆုကြေးငွေ မထည့်သွင်းထားပါဘူး။

သူဟာ အဲဗာတန်ကို ၆-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ၄ ဂိုးသွင်းယူပြီးတဲ့နောက် ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ ပထမပိုင်းအတွက် ဟက်ထရစ် သွင်းနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။

ဒါ့အပြင် သူဟာ ပရီးမီးယားလိဂ်တစ်ပွဲတည်းတွင် ၄ ဂိုးသွင်းနိုင်တဲ့ ၄၀ ဦးမြောက် ကစားသမားလည်း ဖြစ်လာပါတယ်။

သူဟာ ၂၀၂၂ ခုနှစ်၊ မေလတုန်းက ဝုဗ်နှင့်ပွဲမှာ ကီဗင်ဒီဘရိုင်း ၄ ဂိုးသွင်းပြီးနောက် ၄ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်ပါတယ်။