ဒရော့ဘာကြီးရဲ့ နာမည်ကျော် စံချိန်ကိုပါ ဒီရာသီမှာ ချိုးဖျက်ပြသွားခဲ့တဲ့ ပါးလ်မား

ချဲလ်ဆီး တိုက်စစ်ကစားသမား ကိုးလ်ပါးလ်မားဟာ မနေ့ညက အဲဗာတန်ကို ခြောက်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ တစ်ယောက်တည်း လေးဂိုးသွင်းပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးတွေကြောင့် ပါးလ်မားက မန်စီးတီးတိုက်စစ်မှူး ဟာလန်းနဲ့ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုးအရေအတွက် တူညီသွားခဲ့ပါပြီ။

ပါးလ်မားဟာ ချဲလ်ဆီးရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် အိမ်ကွင်း နှစ်ပွဲဆက်တိုက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ စံချိန်ကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဒါဟာ တစ်ရာသီအတွင်း ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်မှာ ဟက်ထရစ်နှစ်ကြိမ် သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် ပါးလ်မားအတွက် ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာက ပရီးမီးယားလိဂ်မှာ နောက်ဆုံး (၇) ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးကစားသမားတွေထဲမှာ ဒါမျိုး စွမ်းဆောင်နိုင်တာက သူ ပထမဆုံးဖြစ်ပြီး သူ့မတိုင်ခင်က ဂတ်ဂျွန်ဆင်နဲ့ ဒရော့ဘာတို့သာရှိခဲ့ပါတယ်။

အဆိုပါ ကစားသမားဟောင်းကြီးတွေကလည်း အများဆုံး (၆) ပွဲဆက်တိုက်သာ ဂိုးသွင်းယူခဲ့ဖူးတာဖြစ်ပြီး ပါးလ်မားက ဒီစံချိန်တွေကိုပါ ရိုက်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။ ပါးလ်မားရဲ့ ချဲလ်ဆီးကစားသမားဘဝ ပထမဆုံးရာသီက ကျေနပ်စရာဖြစ်နေခဲ့ပါပြီ။