အသင်းလက်မဲ့ ဖြစ်နေသေးတဲ့ ချဲလ်ဆီး ဂန္တဝင်ကြီး လမ်းပတ် အတွက် လက်ရွေးစင်အသင်း နည်းပြ အလုပ် ကမ်းလှမ်းမှု ရပေမယ့် ငြင်းဆန်ခဲ့

ချဲလ်ဆီးနည်းပြဟောင်း ဖြစ်သလို ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်းကြီးလည်း ဖြစ်တဲ့ ဖရန့်လမ်းပတ်ကတော့ နည်းပြ အလုပ်ကို ပြန်လာနိုင်မယ့် အခွင့်အရေးကို ရခဲ့ပေမယ့် အံ့အားသင့်ဖွယ် ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

လက်ရှိ အချိန်ထိ အသင်းလက်မဲ့ ဖြစ်နေသေးတဲ့ လမ်းပတ်ဟာ ကနေဒါ ဘောလုံးအဖွဲ့ချုပ် နဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ပြီးမှ ငြင်းဆန်လိုက်တာဖြစ်ပါတယ်။

ကနေဒါ ဘောလုံးအဖွဲ့ချုပ် ပြောဆိုဆွေးနွေးမှုတွေ လုပ်ပြီးမှ နည်းပြအလုပ်ကို လက်ခံဖို့ ငြင်းပယ်လိုက်တာဖြစ်ပြီး ကနေဒါအသင်းက ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ဦးဆောင်မှုပေးနိုင်မယ့် နည်းပြသစ်ကို ရှာဖွေနေတာပါ။

ဒါပေမယ့်လည်း လမ်းပတ်နဲ့ ပြောဆိုဆွေးနွေးပြီးတဲ့နောက်မှာ ချဲလ်ဆီးနည်းပြဟောင်းက သင့်တော်တဲ့ အခွင့်အလမ်းကို စောင့်ဆိုင်းသွားဖို့ ပြင်ဆင်ထားတာကြောင့် လက်ရွေးစင်နည်းပြဖြစ်လာမယ့် အခွင့်အရေးကို ငြင်းပယ်သွားခဲ့တယ်လို့ သိရပါတယ်။

လမ်းပတ်ဟာ ချဲလ်ဆီးကို ပြီးခဲ့တဲ့ရာသီကုန်ပိုင်းမှာ ယာယီနည်းပြအဖြစ် တာဝန်ယူပြီးကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ခြင်း မရှိသေးပါဘူး။ ၎င်းဟာ ဧပြီ ၆ ရက်နေ့ကနေ မေလ ၂၈ ရက်နေ့အထိ ချဲလ်ဆီးကို ၁၁ ပွဲသာ ကိုင်တွယ်ခဲ့ပေမယ့် ၁ ပွဲနိုင် ၂ ပွဲသရေ ၈ ပွဲအထိ ရှုံးပွဲတွေ့ခဲ့တာဖြစ်ပါတယ်။