ပင်နယ်တီ လုကန်ခဲ့ကြတဲ့ ဖြစ်ရပ်အတွက် ပါလ်မာဘက်က ပြတ်ပြတ်သားသား တုန့်ပြန်

ချယ်ဆီးအသင်းက အဲဗာတန်ကို ၆-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲအတွင်း ပါလ်မာဟာ သူ့အသင်းဖော်တွေဖြစ်တဲ့ နီကိုလပ်စ် ဂျက်ဆင်နဲ့ မာဒူအက်ကေးတို့ရဲ့ ပင်နယ်တီ လုကန်ခြင်းကို ရင်ဆိုင်ခဲ့ရပါတယ်။

အဆိုပါ ပင်နယ်တီကို ပါလ်မာကပဲ တာဝန်ယူသွားခဲ့ပြီး တစ်ပွဲတည်း သွင်းဂိုး (၄)ဂိုးအထိ သွင်းယူခဲ့သလို လိဂ်ဂိုး အရေအတွက်ဟာလည်း ဂိုး(၂၀)ထိ ရှိလာခဲ့တယ်။ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်း ထိပ်ဆုံးမှာ ပါလ်မာဟာ ဟာလန်းနဲ့အတူ ပူးတွဲ ရပ်တည်လာနိုင်ခဲ့ပါတယ်။

ပါလ်မာက “ပွဲက (၄)ဂိုးပြတ်နဲ့ အနိုင်ရထားနေတဲ့အချိန်မှာ တခြား ကစားသမားတွေကလည်း ပင်နယ်တီကို ကန်ချင်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒီအသင်းရဲ့ ပုံမှန် ပင်နယ်တီ ကန်သွင်းရတဲ့သူပါ။ အဲ့ဒါကြောင့် ကျွန်တော်ပဲ ကန်သွင်းချင်ပါတယ်။”

ကျွန်တော်တို့ကြားမှာ အငြင်းအခုန် ဖြစ်သွားရတာက နည်းနည်းလေး များသွားရတယ် ဆိုပေမယ့် ကျွန်တော်တို့ အားလုံးက အသင်း အနိုင်ရဖို့ကိုပဲ ဦးစားပေးခဲ့တာပါ။

ပွဲအပြီးမှာတော့ ကျွန်တော်တို့ ရယ်မော နောက်ပြောင်နေခဲ့ပေမယ့် နည်းပြကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုမှု လုပ်ပါလိမ့်မယ်။” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။