ဂျက်ဆန်နဲ့ မာဒူကီ ကို ဒါမျိုးထပ်လုပ်ရင် အသင်းက ထွက်ရမယ် လို့ ရာဇသံ ပြင်းပြင်း ပေးလိုက်တဲ့ ပိုချက်တီနို

ချယ်ဆီးအသင်းဟာ မနေ့ညက ထူးခြား ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ အတူ အဲဗာတန်ကို ၆-ဝ နဲ့ ဂိုးပြတ် နိုင်ပွဲကေငာ်း ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ အကျည်းတန်တဲ့ ကိစ္စ တစ်ခုတော့ ြဖ်စခဲ့ပါတယ်။

ချဲလ်ဆီးလည်း ၆ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် နည်းပြပိုချက်တီနိုကတော့ ဂိုးပြတ်နိုင်ပွဲဟာ ချဲလ်ဆီးကစားသမား၂ဦးရဲ့ ပင်နယ်တီလုကန်ဖို့ကြိုးစားမှုကြောင့် အရိပ်မဲကြီးဖြစ်သွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ပယ်လ်မာဟာ စတုတ္ထဂိုးကို ပင်နယ်တီကနေ ကန်သွင်းခဲ့ပေမယ့် အဆိုပါသွင်းဂိုးမတိုင်ခင် ဂျက်ဆန်နဲ့ မာဒူကီတို့ရဲ့ ပင်နယ်တီလုကန်ဖို့ ကြိုးစားမှုကြောင့် ပြဿနာတွေတက်ခဲ့ပါတယ်။

ပယ်လ်မာဟာ မနေ့ညက သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ဟာလန်းနဲ့အတူ ဂိုး၂၀စီနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ ပိုချက်တီနိုက “ပထမဆုံးအနေနဲ့ ပင်နယ်တီ ကန်သွင်းရမယ့်သူဟာ ပယ်လ်မာသာဖြစ်တယ်ဆိုတာ ကစားသမားတွေရော၊ ဝန်ထမ်းတွေရော၊ ကလပ်ကရော အကုန်သိကြပါတယ်။

ခုလိုဖြစ်တယ်ဆိုတာ ရှက်စရာပါပဲ။ ဒီအခြေအနေအပေါ် ကျွန်တော် အရမ်းစိတ်ပျက်မိပါတယ်။ ဒီညမှာ တစ်ကမ္ဘာလုံးက ပွဲကြည့်နေကြတာဖြစ်လို့ အဝတ်လဲခန်းထဲမှာ ကျွန်တော် ဒီအကြောင်းပြောဖြစ်ပါတယ်။ဒီလိုပုံရိပ်မျိုး ပရိသတ်တွေကို ပြသလို့မရပါဘူး။

ဒါက မဖြစ်သင့်တဲ့ အခြေအနေဖြစ်ပြီး အခုလိုဖြစ်သွားတဲ့အပေါ် ဘောလုံးလောကကို ကျွန်တော် တောင်းပန်ပါတယ်။ ဒါက လက်မခံနိုင်စရာပါပဲ။ ဂျက်ဆန်နဲ့ မာဒူကီကိုလည်း ဒါမျိုးလုပ်တာ နောက်ဆုံးအကြိမ်ဖြစ်ပါစေဆိုပြီး သတိပေးထားပါတယ်။

နောက်တစ်ကြိမ် ဒီလိုသာထပ်ဖြစ်မယ်ဆိုရင် သူတို့နှစ်ယောက်လုံး အသင်းက ထွက်ရပါမယ်။ ဒါ နောက်ပြောင်ပြီး ပြောနေတာမဟုတ်ပါဘူး။ ဒီလိုစွမ်းဆောင်ရည်မျိုး ပြသခဲ့ပြီးနောက် ခုလိုမျိုး မဖြစ်သင့်ပါဘူး။”လို့ ပြောခဲ့ပါတယ်။