ချယ်ဆီး – ဘန်လေ ပွဲက ဘယ်လို ဖြစ်မလဲ ကြိုတင် သုံးသပ် ခန့်မှန်းသွားတဲ့ ဘီဘီစီ ဆရာကြီး ဆက်တန်

ချယ်ဆီးအသင်းကတော့ ပရီးမီးယားလိဂ် ပွဲတွေ ပြန်စချိန်မှာဘန်လေ အသင်းနဲ့ တွေ့ဆုံနေပြီး စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲချိန်က မနက်ဖြန် စနေနေ့ည ၉ နာရီခွဲ အချိန် ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က ချယ်ဆီး – ဘန်လေ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

ကျွန်တော်ကတော့ ဘန်လေအသင်းနဲ့ဆို နိုင်ပွဲ မမျှော်လင့်တော့ပါဘူး။ ဒါပေမယ့် ချယ်ဆီးနဲ့လည်း သိပ်တော့ မခြားနားလှပါဘူး။

ဒီရာသီ ပွဲ တော်တော်များများမှာ ချယ်ဆီးက အတော် မတည်မငြိမ် ဖြစ် နေပြီး သူတို့ ပွဲရလဒ်တွေက ခန့်မှန်းရ အတော်ကို ခက်ခဲပါတယ်။ ဒါပေမယ့် ဒီတပတ်ပွဲတော့ ကျွန်တော် မှန်းတာ မှန်မယ်လို့ ယုံကြည်မှု ရှိနေတယ်။

ပိုချက်တီနိုရဲ့ အသင်းက ဒီတလော အတော် တည်ငြိမ်မှု ပြလာနိုင်တယ်။ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်လည်း တက်ထားတယ်။ ဒီ စိတ်ပျက်ဖွယ် ဘောလုံးရာသီကို သူတို့ ကောင်းတဲ့ အချက်လေး တချက်နဲ့ အဆုံးသတ်နိုင် နေဆဲပါ။

ချယ်ဆီးက ဘန်လေ အတွက် သိပ်တောင့်လွန်းတဲ့ ပြိုင်ဘက် ဖြစ်နေပြီး ဒီရာသီ အစောပိုင်းမှာလည်း ဒါကို ပြသခဲ့ပြီးသားပါ။ စတန်းဖို့ဘရစ်ချ်မှာ အဲဒီလို ရလဒ်မျိုးပဲ ထပ်ထွက်လာမယ်လို့ ကျွန်တော် ထင်ထားတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်

ချယ်ဆီး 2-0 ဘန်လေ