ချဲလ်ဆီးအသင်း ဥက္ကဌ ရာထူးက တည်မြဲနေမှာ မဟုတ်ဘဲ ရာထူး ဖယ်ရှားခံရဦးမယ့် တော့ဒ်ဘိုလေ

ချဲလ်ဆီးအသင်းနဲ့ တော့ဒ်ဘိုလေ တို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ၂၀၂၇ ခုနှစ် အရောက်မှာ ဘိုလေ တစ်ယောက် အသင်းဥက္ကဌ ရာထူးမှ ဆင်းပေးရမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဒါာ ချဲလ်ဆီးအသင်းကို ပိုင်ဆိုင်တည်းက Clearlake Capital ဂရုရဲ့ ၅ နှစ်တစ်ခါ ချဲလ်ဆီးအသင်းအတွက် ဦးဆောင်သူ ပြောင်းလဲရန် စီစဉ်မှုကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိချဲလ်ဆီးအသင်း ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေတဲ့ တော့ဒ်ဘိုလေကို ၂၀၂၇ တွင် ရာထူးမှ ဖယ်ရှားပြီး တခြားတစ်ယောက်ကို ဥက္ကဌအဖြစ်ခန့်အပ်မယ် လို့ သိရှိရပါတယ်။

တော့ဒ်ဘိုလေ အနေဖြင့် ချဲလ်ဆီးဥက္ကဋ္ဌအဖြစ် ပြန်လည်လုပ်ကိုင်လိုပါက ၂၀၃၂ တွင် ပြန်လည်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

တော့ဒ်ဘိုလေ ဟာ ချဲလ်ဆီး အသင်း ကို စဝင်ကိုင်တယ်က အပြောင်းအရွှေ့ ဈေးကွက်တွေမှာ တောက်လျောက် ငွေသုံးခဲ့ကာ သူ့ ပေါ်လစီ အတိုင်း အကောင်အထည် ဖော်ထားခဲ့တာပါ။

နှစ်ရှည် စာချုပ်တွေနဲ့ ငယ်ရွယ်တဲ့ ကစားသမားတွေ ခေါ်ယူခဲ့တဲ့ တော့ဒ်ဘိုလေ ရဲ့ လမ်းစဉ်တွေက သူ ရာထူးက ဆင်းသွားချိန်မှာ ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာဦးမလဲ ဆက်လက် စောင့်ကြည့်ရဖို့ ရှိနေပါတယ်။