စနေည စတန်းဖို့ဘရစ်ချ်မှာ ကန်မယ့် ချယ်ဆီး – ဘန်လေ ပွဲအတွက် ပေါမာဆန်ကြီး ကြိုတင် ခန့်မှန်း ဟောကိန်းထုတ်

နိုင်ငံတကာ သီတင်းပတ် အပြီး ဒီ weekend မှာ ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည် စတင်ပြီ ဖြစ်ပြီး ချယ်ဆီးအသင်းကတော့ ဘန်လေ အသင်းနဲ့ တွေ့ဆုံနေပါတယ်။ ဒီနှစ်သင်းဟာ စတန်းဖို့ဘရစ်ချ်မှ မနက်ဖြန် စနေနေ့ည ၉ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က ချယ်ဆီး – ဘန်လေ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဘန်လေအသင်းက သူတို့ ပုံမှန် ကစားနေသလိုပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့အတူ ကစားနိုင်မယ်ဆိုရင် ချယ်ဆီးတို့ စိတ်ပျက်သွားမှာပါ။ ဘန်လေက သူတို့ကို ပြဿနာပေးနိုင်စွမ်း ရှိပါတယ်။

ဒါပေမယ့် ချယ်ဆီးအသင်း ပိုင်ဆိုင်ထားတဲ့ ကစားသမားကောင်းတွေနဲ့ဆိုရင် ဒီပွဲ အနိုင်ရဖို့ သူတို့အတွက် အခိုက်အတန့်ကောင်း အချို့ပဲ လိုပါတယ်။

ချယ်ဆီးအသင်း တိုက်စစ်မှာက အရည်အချင်းတွေ အများကြီး ရှိပါတယ်။ ဘန်လေက အသင်းကြီးတွေ ရင်ဆိုင်ကစားလို့ကောင်းတဲ့ အသင်းမျိုးပါ။ သူတို့က ခံစစ်ပိတ်မကစားဘဲ ပြန်ပြီး တွန်းတိုက်ကစားတတ်တာမို့ ဒီပွဲက ချယ်ဆီးရဲ့ လက်ထဲမှာပဲ ရှိနေပါလိမ့်မယ်။

ကာရာဘောင်းဖိုင်နယ်ထိ တက်ခဲ့သလို အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ်အဆင့် ရောက်နေတဲ့ ချယ်ဆီးအသင်းဟာ ဖလားပြိုင်ပွဲတွေမှာ ခြေစွမ်းပြပေမယ့် အမှတ်ပေးပြိုင်ပွဲမှာ စွမ်းဆောင်ရည် တည်ငြိမ်နေဖို့လိုပါတယ်။

ဘန်လေကလည်း ရယ်ရပါတယ်။ သူတို့ ကစားပုံ ကောင်းပေမယ့် ပွဲတွေကို ဆက်တိုက် ရှုံးနေတယ်။ ဒီပွဲမှာ ဘန်လေတို့ ရမှတ် တစ်ခုခု ယူနိုင်မယ် ကျနော် မမြင်ပါဘူး။

ပေါမာဆန် ရဲ့ ပွဲ ခန့်မှန်းရလဒ်

ချယ်ဆီး ၃-၁ ဘန်လေ ဖြစ်ပါတယ်။