ဒဏ်ရာရနဲ့ ပွဲပယ် ကစားသမားတွေ များနေလို့ အခက်တွေ့နေတဲ့ နည်းပြ လမ်းပတ်

ချယ်ဆီးနည်းပြ လမ်းပတ်ဟာ အသင်းသားတွေရဲ့ ဒဏ်ရာ ပြသနာတွေနဲ့ ပွဲပယ်တွေကြောင့် ပွဲထွက် ကစားသမား ရွေးချယ်မှုမှာ အခက်တွေ့ နေပြီး အသင်းမှာ ပွဲကစားနိုင်တဲ့ တောင်ပံတိုက်စစ်သမား စစ်စစ် မရှိတာနဲ့ ရင်ဆိုင်နေရပါတယ်။

ချယ်ဆီးအသင်းသားတွေထဲမှာ ပူလီဆစ်နဲ့ အေဗရာဟမ်တို့က ဒဏ်ရာ ကိုယ်စီ ရှိနေတဲ့ အပြင် ဘယ်ရက်လောက် အသင်းနဲ့ ပြန် ပါဝင်ကစားနိုင်မလဲ ဆိုတာပါ မသေချာသေးတဲ့ အခြေအနေ ရှိနေပါတယ်။ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကတော့ ပွဲပယ် တစ်ပွဲ ထိဦးမှာ ဖြစ်ပါတယ်။

ပူလီဆစ်ဟာ ပြီးခဲ့တဲ့ နှစ်လလုံး ပထမအသင်းကြီးနဲ့ ထရိန်နင် မပါဝင်နိုင်တဲ့ အပြင် နှစ်သစ်ကူးရက် နောက်ပိုင်း ပါဝင် ကစားရခြင်း မရှိသေးပါဘူး။ တိုက်စစ်မှူး အေဗရာဟမ်ကတော့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် အထူးကု ဆရာဝန်နဲ့ ကုသမှု ခံယူဖို့ ဘာစီလိုနာသို့ ထွက်ခွာသွားပါတယ်။

ဂျော်ဂျင်ဟိုကတော့ ပရီးမီးယားလိဂ်မှာ အဝါကတ် ၁၀ ကတ် ပြည့်သွားလို့ နှစ်ပွဲပယ်ခံရတဲ့ အပြင် ဘိုင်ယန်နဲ့ ချန်ပီယံလိဂ် ပွဲမှာလည်း အဝါကတ် ထိထားတာကြောင့် ချယ်ဆီးအသင်းရဲ့ နောက် လေးပွဲမှာ သုံးပွဲ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ကန်တေကလည်း သီတင်းပတ် အနည်းငယ် ကြာဦးမှာ ဖြစ်ပြီး အိုဒွိုင်းက လာမယ့် လီဗာပူးနဲ့ ပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။

ဒါကြောင့် ပွဲထွက် ကစားသမား ရွေးချယ်ဖို့ ချယ်ဆီးနည်းပြ လမ်းပတ် အခက်တွေ့နေပြီး ကစားသမားတွေရဲ့ လက်ရှိ အနေအထားအကြောင်း ဖွင့်ဟခဲ့ပါတယ်။

” ကောလန်း (အိုဒွိုင်း)က လာမယ့် တနင်္ဂနွေနေ့မှာတော့ ပြန် ကြံ့ခိုင်မှု ပြည့်လာမယ် မျှော်လင့်ပါတယ်။ ခရစ္စတီယန် (ပူလီဆစ်)ကတော့ တမ်မီ (အေဗရာဟမ်)လိုပဲ ဘယ်တော့ ပြန် ကစားနိုင်မလဲ မပြောနိုင်သေးဘူး။ တမ်မီက ဘာစီလိုနာကို သွားပြီး သူ့ ခြေကျင်းဝတ် ဒဏ်ရာ အတွက် နောက်ထပ် ဆွေးနွေး အကြံပေးမှုတွေ ရဖို့ ထွက်ခွာသွားတယ်။ ” လို့ လမ်းပတ်က ဆိုပါတယ်။

ပူလီဆစ် မကစားနိုင်သေးချိန်မှာ အိုဒွိုင်းကပါ တံကောက်ကြော ဒဏ်ရာ ရသွားခဲ့တာကြောင့် လမ်းပတ်ဟာ တောင်ပံတိုက်စစ် သမား စစ်စစ် မပါဝင်ဘဲ လီဗာပူးနဲ့ အက်ဖ်အေဖလား ပွဲကို ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။ ထိုပွဲမှာ အသာရဖို့ လီဗာပူးက ရေပန်းစားနေပေမယ့် ချယ်ဆီးကလည်း လက်မလျှော့ဘဲ ကြိုးစားသွားမှာ ဖြစ်ကြောင်း လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ လမ္းပတ္ဟာ အသင္းသားေတြရဲ႕ ဒဏ္ရာ ျပသနာေတြနဲ႕ ပြဲပယ္ေတြေၾကာင့္ ပြဲထြက္ ကစားသမား ေရြးခ်ယ္မႈမွာ အခက္ေတြ႕ ေနျပီး အသင္းမွာ ပြဲကစားနုိင္တဲ့ ေတာင္ပံတိုက္စစ္သမား စစ္စစ္ မရွိတာနဲ႕ ရင္ဆိုင္ေနရပါတယ္။

ခ်ယ္ဆီးအသင္းသားေတြထဲမွာ ပူလီဆစ္နဲ႕ ေအဗရာဟမ္တို႔က ဒဏ္ရာ ကုိယ္စီ ရွိေနတဲ့ အျပင္ ဘယ္ရက္ေလာက္ အသင္းနဲ႕ ျပန္ ပါ၀င္ကစားနုိင္မလဲ ဆိုတာပါ မေသခ်ာေသးတဲ့ အေျခအေန ရွိေနပါတယ္။ ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ဟိုကေတာ့ ပြဲပယ္ တစ္ပြဲ ထိဦးမွာ ျဖစ္ပါတယ္။

ပူလီဆစ္ဟာ ျပီးခဲ့တဲ့ နွစ္လလံုး ပထမအသင္းၾကီးနဲ႕ ထရိန္နင္ မပါ၀င္နုိင္တဲ့ အျပင္ နွစ္သစ္ကူးရက္ ေနာက္ပိုင္း ပါ၀င္ ကစားရျခင္း မရွိေသးပါဘူး။ တိုက္စစ္မွဴး ေအဗရာဟမ္ကေတာ့ ေျခက်င္း၀တ္ ဒဏ္ရာေၾကာင့္ အထူးကု ဆရာ၀န္နဲ႕ ကုသမႈ ခံယူဖို႔ ဘာစီလိုနာသို႔ ထြက္ခြာသြားပါတယ္။

ေဂ်ာ္ဂ်င္ဟိုကေတာ့ ပရီးမီးယားလိဂ္မွာ အ၀ါကတ္ ၁၀ ကတ္ ျပည့္သြားလို႔ နွစ္ပြဲပယ္ခံရတဲ့ အျပင္ ဘိုင္ယန္နဲ႕ ခ်န္ပီယံလိဂ္ ပြဲမွာလည္း အ၀ါကတ္ ထိထားတာေၾကာင့္ ခ်ယ္ဆီးအသင္းရဲ႕ ေနာက္ ေလးပြဲမွာ သံုးပြဲ ပါ၀င္နုိင္မွာ မဟုတ္ပါဘူး။ ကန္ေတကလည္း သီတင္းပတ္ အနည္းငယ္ ၾကာဦးမွာ ျဖစ္ျပီး အိုဒြိဳင္းက လာမယ့္ လီဗာပူးနဲ႕ ပြဲမွာ ပါ၀င္နိုင္ဦးမွာ မဟုတ္ပါဘူး။

ဒါေၾကာင့္ ပြဲထြက္ ကစားသမား ေရြးခ်ယ္ဖို႔ ခ်ယ္ဆီးနည္းျပ လမ္းပတ္ အခက္ေတြ႔ေနျပီး ကစားသမားေတြရဲ႕ လက္ရွိ အေနအထားအေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

” ေကာလန္း (အိုဒြိဳင္း)က လာမယ့္ တနဂၤေႏြေန႔မွာေတာ့ ျပန္ ၾကံ႕ခိုင္မႈ ျပည့္လာမယ္ ေမွ်ာ္လင့္ပါတယ္။ ခရစၥတီယန္ (ပူလီဆစ္)ကေတာ့ တမ္မီ (ေအဗရာဟမ္)လိုပဲ ဘယ္ေတာ့ ျပန္ ကစားနုိင္မလဲ မေျပာနိုင္ေသးဘူး။ တမ္မီက ဘာစီလိုနာကို သြားျပီး သူ႔ ေျခက်င္း၀တ္ ဒဏ္ရာ အတြက္ ေနာက္ထပ္ ေဆြးေႏြး အၾကံေပးမႈေတြ ရဖို႔ ထြက္ခြာသြားတယ္။ ” လို႔ လမ္းပတ္က ဆိုပါတယ္။

ပူလီဆစ္ မကစားနုိင္ေသးခ်ိန္မွာ အိုဒြိဳင္းကပါ တံေကာက္ေၾကာ ဒဏ္ရာ ရသြားခဲ့တာေၾကာင့္ လမ္းပတ္ဟာ ေတာင္ပံတိုက္စစ္ သမား စစ္စစ္ မပါ၀င္ဘဲ လီဗာပူးနဲ႕ အက္ဖ္ေအဖလား ပြဲကို ယွဥ္ျပိဳင္ ရမွာ ျဖစ္ပါတယ္။ ထိုပြဲမွာ အသာရဖို႔ လီဗာပူးက ေရပန္းစားေနေပမယ့္ ခ်ယ္ဆီးကလည္း လက္မေလွ်ာ့ဘဲ ၾကိဳးစားသြားမွာ ျဖစ္ေၾကာင္း လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။