ကီပါအား အကောင်းမြင်စရာနဲ့ လုပ်သင့်သည်များ လမ်းညွှန်ခဲ့တဲ့ ဂိုးသမားဟောင်းကြီး ရှာဝါဇာ

ချယ်ဆီးဂိုးသမာဟောင်းကြီး မာ့ခ် ရှာဝါဇာက လတ်တလောမှာ ဖိအားတွေများနေတဲ့ ချယ်ဆီး ဂိုးသမား ကီပါအား အကြပ်အတည်းတွေကို ကောင်းတဲ့ဘက်ကနေ ပြန် တုန့်ပြန် ရုန်းထွက်ဖို့ တိုက်တွန်း အားပေးမှုပြုလုပ်သွားခဲ့ပါတယ်။ ကီပါဟာ ဒီတလောမှာ နည်းပြ လမ်းပတ်ရဲ့ ချန်လှပ်မှု ခံရပြီး ပွဲထွက်ခွင့် မရဘဲ ဖြစ်နေခဲ့တာပါ။

ရှာဝါဇာကတော့ ဒီဖြစ်ရပ် အပေါ် အံ့အားသင့်မှု မရှိဘဲ ကစားသမားတွေ ကြုံနေကျ စိန်ခေါ်မှု အဖြစ် သဘောထားကာ အကောင်းဆုံး တုန့်ပြန်ဖို့ ကီပါအား တိုက်တွန်းသွားခဲ့ပါတယ်။

” ကျနော်ကတော့ ဒါကို အံ့အားမသင့်မိပါဘူး။ ဒါပေမယ့် ဒါက ကြီးမားတဲ့ လှုပ်နှိုးမှုတစ်ခုတော့ ဖြစ်တယ်။ မန်နေဂျာ တစ်ယောက်က သူ့ အနေနဲ့ ဒီကစားသမားဟာ ရှိသင့်တဲ့ စွမ်းဆောင်ရည် အဆင့်မှာ မရှိဘူးဆိုရင် သူ ဦးစားပေး ပွဲထုတ်ရမယ့် ကစားသမားကို အပြေငာ်းအလဲ လုပ်မှာပဲ။ ချန်လှပ်ခံရတဲ့ ကစားသမားအတွက်က ဒါက သတိပေးမှုကြီး ဖြစ်တယ် ဒါကို တုန့်ပြန်ဖို့ လိုတယ်။

ဒီကိစ္စက ဂိုးသမား တစ်ယောက်မှာ ဖြစ်လာပြီဆိုရင် တကယ့် ကိစ္စကြီးဖြစ်နေလို့ပါ။ မန်နေဂျာက သူ့ရဲ့ နံပါတ် တစ် ကစားသမားကို ပြန် ခေါ်မယ်ဆိုရင် နားလည်မှာဖြစ်ပေမယ့် အခုထိတော့ လမ်းပတ်က မခေါ်သေးပါဘူး။ ကာဘယ်လာရိုကလည်း သူ ဝင်ကစားခွင့် ရချိန်မှာ ကောင်းကောင်း လုပ်ပြထားပါတယ်။ သူက သိပ်ထူးချွန်တဲ့သူလို့ ချီးကျူး မရသည့်တိုင် သိပ် ဆိုးဆိုးတော့ လုပ်ပြထားတာ မဟုတ်ဘူး။

ကီပါ အနေနဲ့ ထရိန်နင်မှာ လေ့ကျင့်မှုကနေ နည်းလမ်းပြန်ရှာရမှာပါ။ ဂိုးနည်းပြနဲ့ အတူ သေချာ ပြင်ဆင် လေ့ကျင့်မှုတွေ ပြုလုပ်ရမယ်။ တခြားလူတွေ ပြောင်းလဲနေချိန်မှာ ရပ်ကျနေခဲ့လို့ မရဘူး။ တခါတလေ ဒါက အချိန်ယူရဖွယ်လည်း ရှိတယ်။ ဒါတွေကို တောင့်မခံနိုင်ဘူးဆိုရင်တော့ မလွယ်ပါဘူး။

ကီပါ အတွက် ဒီလို အနေအထားက သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ တန်းစီ ထွက်လာဖို့ အခွင့်အရေးကောင်းလည်း ဖြစ်သွားနိုင်ပါတယ်။ သူက ထရိန်နင်မှာ ပြင်းပြင်းထန်ထန် ပြန် ကြိုးစား လေ့ကျင့်နေတယ်။ ဒီတော့ နှစ်ပွဲလောက် ကြာရင် သူ့အတွက် အခွင့်အရေးတွေ ပြန် ရကောင်း ရလာနိုင်မှာပါ။ ” လို့ ရှာဝါဇာက အားပေးစကား ဆိုခဲ့ပါတယ်။

အသက် ၂၅ နှစ် အရွယ် စပိန်သားဟာ ချယ်ဆီးအသင်း နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၆ ပွဲဆက် ချန်လှပ်ခံထားရတာ ဖြစ်ပြီး ကာဘယ်လာရို လက်စွမ်းပြနေတာကြောင့် ကီပါက အရန်ခုံမှာပဲ ရှိနေပါသေးတယ်။

Zawgyi – ခ်ယ္ဆီးဂိုးသမာေဟာင္းၾကီး မာ့ခ္ ရွာ၀ါဇာက လတ္တေလာမွာ ဖိအားေတြမ်ားေနတဲ့ ခ်ယ္ဆီး ဂိုးသမား ကီပါအား အၾကပ္အတည္းေတြကို ေကာင္းတဲ့ဘက္ကေန ျပန္ တုန္႔ျပန္ ရုန္း္ထြက္ဖို႔ တိုက္တြန္း အားေပးမႈျပဳလုပ္သြားခဲ့ပါတယ္။ ကီပါဟာ ဒီတေလာမွာ နည္းျပ လမ္းပတ္ရဲ႕ ခ်န္လွပ္မႈ ခံရျပီး ပြဲထြက္ခြင့္ မရဘဲ ျဖစ္ေနခဲ့တာပါ။

ရွာ၀ါဇာကေတာ့ ဒီျဖစ္ရပ္ အေပၚ အံ့အားသင့္မႈ မရွိဘဲ ကစားသမားေတြ ၾကံဳေနက် စိန္ေခၚမႈ အျဖစ္ သေဘာထားကာ အေကာင္းဆံုး တုန္႔ျပန္ဖို႔ ကီပါအား တိုက္တြန္းသြားခဲ့ပါတယ္။

” က်ေနာ္ကေတာ့ ဒါကို အံ့အားမသင့္မိပါဘူး။ ဒါေပမယ့္ ဒါက ၾကီးမားတဲ့ လႈပ္နိႈးမႈတစ္ခုေတာ့ ျဖစ္တယ္။ မန္ေနဂ်ာ တစ္ေယာက္က သူ႔ အေနနဲ႕ ဒီကစားသမားဟာ ရွိသင့္တဲ့ စြမ္းေဆာင္ရည္ အဆင့္မွာ မရွိဘူးဆိုရင္ သူ ဦးစားေပး ပြဲထုတ္ရမယ့္ ကစားသမားကို အေျပငာ္းအလဲ လုပ္မွာပဲ။ ခ်န္လွပ္ခံရတဲ့ ကစားသမားအတြက္က ဒါက သတိေပးမႈၾကီး ျဖစ္တယ္ ဒါကို တုန္႔ျပန္ဖုိ႔ လိုတယ္။

ဒီကိစၥက ဂိုးသမား တစ္ေယာက္မွာ ျဖစ္လာျပီဆိုရင္ တကယ့္ ကိစၥၾကီးျဖစ္ေနလိဳ႔ပါ။ မန္ေနဂ်ာက သူ႔ရဲ႕ နံပါတ္ တစ္ ကစားသမားကို ျပန္ ေခၚမယ္ဆိုရင္ နားလည္မွာျဖစ္ေပမယ့္ အခုထိေတာ့ လမ္းပတ္က မေခၚေသးပါဘူး။ ကာဘယ္လာရိုကလည္း သူ ၀င္ကစားခြင့္ ရခ်ိန္မွာ ေကာင္းေကာင္း လုပ္ျပထားပါတယ္။ သူက သိပ္ထူးခၽြန္တဲ့သူလို႔ ခ်ီးက်ဴး မရသည့္တိုင္ သိပ္ ဆိုးဆိုးေတာ့ လုပ္ျပထားတာ မဟုတ္ဘူး။

ကီပါ အေနနဲ႕ ထရိန္နင္မွာ ေလ့က်င့္မႈကေန နည္းလမ္းျပန္ရွာရမွာပါ။ ဂိုးနည္းျပနဲ႕ အတူ ေသခ်ာ ျပင္ဆင္ ေလ့က်င့္မႈေတြ ျပဳလုပ္ရမယ္။ တျခားလူေတြ ေျပာင္းလဲေနခ်ိန္မွာ ရပ္က်ေနခဲ့လို႔ မရဘူး။ တခါတေလ ဒါက အခ်ိန္ယူရဖြယ္လည္း ရွိတယ္။ ဒါေတြကို ေတာင့္မခံနိုင္ဘူးဆိုရင္ေတာ့ မလြယ္ပါဘူး။

ကီပါ အတြက္ ဒီလို အေနအထားက သူ႔ရဲ႕ အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြ တန္းစီ ထြက္လာဖို႔ အခြင့္အေရးေကာင္းလည္း ျဖစ္သြားနုိင္ပါတယ္။ သူက ထရိန္နင္မွာ ျပင္းျပင္းထန္ထန္ ျပန္ ၾကိဳးစား ေလ့က်င့္ေနတယ္။ ဒီေတာ့ နွစ္ပြဲေလာက္ ၾကာရင္ သူ႔အတြက္ အခြင့္အေရးေတြ ျပန္ ရေကာင္း ရလာနိုင္မွာပါ။ ” လို႔ ရွာ၀ါဇာက အားေပးစကား ဆိုခဲ့ပါတယ္။

အသက္ ၂၅ နွစ္ အရြယ္ စပိန္သားဟာ ခ်ယ္ဆီးအသင္း ေနာက္ဆံုး ကစားထားတဲ့ ျပိဳင္ပြဲစံု ၆ ပြဲဆက္ ခ်န္လွပ္ခံထားရတာ ျဖစ္ျပီး ကာဘယ္လာရို လက္စြမ္းျပေနတာေၾကာင့္ ကီပါက အရန္ခုံမွာပဲ ရွိေနပါေသးတယ္။