ချယ်ဆီးကနေ မထွက်လိုတဲ့ ကန်တီနဲ့ အပြောင်းအရွှေ့ ကိစ္စကို အကြောင်းပြန်တဲ့ အော်ရေး

ချယ်ဆီးကွင်းလယ်လူ ကန်တီဟာ နွေမှာ ရီးရဲလ်မက်ဒရစ်က ခေါ်ယူမယ်လို့ သတင်းကြီးနေပေမယ့်လည်း သူကတော့ လန်ဒန်ကလပ်ကနေ ထွက်မသွားလိုဘူးလို့ သိရပါတယ်။

ကမ္ဘာဖလားချန်ပီယံကိုတော့ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်ဂျီတို့က ခေါ်ယူလိုနေတာဖြစ်ပြီး ကန်တီကတော့ ချယ်ဆီးနဲ့ စာချုပ်အပေါ်မှာပဲ ပျော်ရွှင်နေတာပါ။ ကလပ်နဲ့ ကန်တီကြား စာချုပ်ဟာ ၂၀၂၃ ခုနှစ်ထိ ဆက်ရှိနေသေးတာဖြစ်ပြီး ကစားသမားဘဝ အကောင်းဆုံး အချိန်တွေကို လန်ဒန်မှာပဲ ကုန်ဆုံးဖို့ ကန်တီက မျှော်လင့်ထားတာဖြစ်တယ်။

ဒဏ်ရာကြောင့် ဒီရာသီမှာ ပုံမှန် ပွဲထွက်ခွင့် မရဖြစ်နေတဲ့ ကန်တီကတော့ နိုဝင်ဘာလတုန်းက ပြုလုပ်တဲ့ အင်တာဗျူးမှာပဲ ကလပ်ဟာ သူစရောက်ကတည်းက နွေးထွေးစွာ ကြိုဆိုခဲ့တယ်လို့ ဆိုတယ်။ သူနဲ့ ချယ်ဆီးကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကြောင့် အသင်းမှာပဲ ဆက်နေလိုတယ်လို့ ဆိုထားခဲ့ပါတယ်။

ချယ်ဆီးဘက်ကတော့ လာမယ့် နွေမှာ ကွင်းလယ်ပိုင်း အင်အားဖြည့်ဖို့ လိုင်ယွန်မှာ တောက်ပနေတဲ့ အော်ရေးကို စောင့်ကြည့်နေတာပါ။ အသက် ၂၁ နှစ်အရွယ် ပြင်သစ်သားကလည်း ချန်ပီယံလိဂ်၊ ပြင်သစ်လိဂ်တွေမှာ အတော်လေးကို ခြေစွမ်းပြနေသူဖြစ်တယ်။ သူဟာ ဒီရာသီမှာ သွင်းဂိုး ၉ ဂိုး သွင်းယူကာ ဂိုးထောက်ပံ့မှု ၁၀ ကြိမ် ပြုလုပ်ထားနိုင်သူဖြစ်တယ်။

အပြောင်းအရွှေ့ကိစ္စ မေးခွန်းထုတ်ခံရချိန်မှာ ကစားသမားကတော့ ” အနာဂတ်အကြောင်း မစဉ်းစားသေးပဲ ရောက်လာမယ့် အပတ်တိုင်းကိုပဲ အာရုံစိုက်လိုပါတယ်။ ဒါကပဲ လိုင်ယွန်နဲ့ ကျနော်တို့အတွက် ပိုကောင်းပါတယ်။ ကွင်းထဲမှာ ကျနော် လုပ်ဆောင်ရမှာတွေကိုပဲ အာရုံစိုက်လိုပါတယ် ” လို့ ပြောဆိုထားပါတယ်။

ZAWGYI

ခ်ယ္ဆီးကြင္းလယ္လူ ကန္တီဟာ ေႏြမွာ ရီးရဲလ္မက္ဒရစ္က ေခၚယူမယ္လို႔ သတင္းၾကီးေနေပမယ့္လည္း သူကေတာ့ လန္ဒန္ကလပ္ကေန ထြက္မသြားလိုဘူးလို႔ သိရပါတယ္။

ကမၻာဖလားခ်န္ပီယံကိုေတာ့ ရီးရဲလ္မက္ဒရစ္နဲ႔ ပီအက္ဂ်ီတို႔က ေခၚယူလိုေနတာျဖစ္ျပီး ကန္တီကေတာ့ ခ်ယ္ဆီးနဲ႔ စာခ်ဳပ္အေပၚမွာပဲ ေပ်ာ္ရႊင္ေနတာပါ။ ကလပ္နဲ႔ ကန္တီၾကား စာခ်ဳပ္ဟာ ၂၀၂၃ ခုႏွစ္ထိ ဆက္ရွိေနေသးတာျဖစ္ျပီး ကစားသမားဘဝ အေကာင္းဆံုး အခ်ိန္ေတြကို လန္ဒန္မွာပဲ ကုန္ဆံုးဖို႔ ကန္တီက ေမွ်ာ္လင့္ထားတာျဖစ္တယ္။

ဒဏ္ရာေၾကာင့္ ဒီရာသီမွာ ပံုမွန္ ပြဲထြက္ခြင့္ မရျဖစ္ေနတဲ့ ကန္တီကေတာ့ ႏိုဝင္ဘာလတုန္းက ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာပဲ ကလပ္ဟာ သူစေရာက္ကတည္းက ေႏြးေထြးစြာ ၾကိဳဆိုခဲ့တယ္လို႔ ဆုိတယ္။ သူနဲ႔ ခ်ယ္ဆီးၾကား ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြေၾကာင့္ အသင္းမွာပဲ ဆက္ေနလိုတယ္လို႔ ဆိုထားခဲ့ပါတယ္။

ခ်ယ္ဆီးဘက္ကေတာ့ လာမယ့္ ေႏြမွာ ကြင္းလယ္ပိုင္း အင္အားျဖည့္ဖို႔ လိုင္ယြန္မွာ ေတာက္ပေနတဲ့ ေအာ္ေရးကို ေစာင့္ၾကည့္ေနတာပါ။ အသက္ ၂၁ ႏွစ္အရြယ္ ျပင္သစ္သားကလည္း ခ်န္ပီယံလိဂ္၊ ျပင္သစ္လိဂ္ေတြမွာ အေတာ္ေလးကို ေျခစြမ္းျပေနသူျဖစ္တယ္။ သူဟာ ဒီရာသီမွာ သြင္းဂိုး ၉ ဂိုး သြင္းယူကာ ဂိုးေထာက္ပံ့မႈ ၁၀ ၾကိမ္ ျပဳလုပ္ထားႏုိင္သူျဖစ္တယ္။

အေျပာင္းအေရႊ႔ကိစၥ ေမးခြန္းထုတ္ခံရခ်ိန္မွာ ကစားသမားကေတာ့ ” အနာဂတ္အေၾကာင္း မစဥ္းစားေသးပဲ ေရာက္လာမယ့္ အပတ္တိုင္းကိုပဲ အာရံုစိုက္လိုပါတယ္။ ဒါကပဲ လိုင္ယြန္နဲ႔ က်ေနာ္တုိ႔အတြက္ ပိုေကာင္းပါတယ္။ ကြင္းထဲမွာ က်ေနာ္ လုပ္ေဆာင္ရမွာေတြကိုပဲ အာရံုစိုက္လိုပါတယ္ ” လို႔ ေျပာဆိုထားပါတယ္။