ဘုန်းမောက်နဲ့ပွဲကြို နောက်ဆုံးရ ချယ်ဆီး ညနေခင်းသတင်းများ

ချယ်ဆီးအသင်းဟာ တောင်ပံတိုက်စစ်သမား ဝီလီယံနဲ့ သက်တမ်းတိုး စာချုပ်သစ် အတွက် ပြောဆိုဆွေးနွေးမှုများ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်တယ်လို့ နည်းပြ လမ်းပတ်က ဆိုလိုက်ပြီး ကစားသမားတွေ နွေမှာ စီမံဖို့ အတွက် ဆုံးဖြတ်ချက် မချရသေးကြောင်း အသိပေးခဲ့ပါတယ်။

ဒီည ဘုန်းမောက်နဲ့ ပွဲမှာ ချယ်ဆီး တိုက်စစ်မှူး အေဗရာဟမ် ပါဝင်နိုင်ဖွယ် မရှိပါဘူး။ အင်္ဂလန်သား တိုက်စစ်မှူးဟာ ဒီတလော သီတင်းပတ် များမှာ ကြံ့ခိုင်မှု ပြည့်ဖို့ ရုန်းကန်နေရတဲ့ အပြင် ဘိုင်ယန်နဲ့ ပွဲမှာ ထပ်မံ ဒဏ်ရာ ရသွားခဲ့ပြန်ပါတယ်။

ဘုန်းမောက်နဲ့ ပွဲမတိုင်ခင် ချယ်ဆီး ဒဏ်ရာ ရ စာရင်းထဲ အေဗရာဟမ်၊ ကန်တေ၊ ပူလီဆစ်နဲ့ အိုဒွိုင်းတို့ ရှိနေပြီး ၎င်းတို့ လေးဦးလုံး ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ခံစစ်တန်းမှာ ရွေးချယ်စရာများ ရှိနေခြင်းကြောင့် ဒီတလော သီတင်းပတ်များထဲ တိုမိုရီကို ချန်လှပ်ထားရခြင်း ဖြစ်ကြောင်း လမ်းပတ်က ဖြေရှင်းမှု ပြုလုပ်ခဲ့ပြီး အသင်းမှာ ဗဟိုခံစစ် လေးဦး ရှိတာကြောင့် အပတ်တိုင်း နှစ်ဦးကတော့ မပျော်ရွှင် ဖြစ်နေရလိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ချယ်ဆီး ဂိုးသမား ကီပါဟာ အသင်း ပွဲထွက်စာရင်းကနေ အပြီး နေရာပျောက်သွားခြင်း မဟုတ်ဘဲ ထရိန်နင်မှာ ကြိုးစား လေ့ကျင့်ကာ ပွဲထွက်နေရာ အတွက် ပြန် တိုက်ပွဲဝင်နိုင်ကြောင်း လမ်းပတ်က ပြောကြားခဲ့ပါတယ်။

ဘုန်းမောက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ရှုံးပွဲ ၁၅ ပွဲ ရှိထားပြီး ဖြစ်ပြီး ချယ်ဆီး အနေနဲ့ ဒီည ဗိုင်တယ်လတီကွင်းမှာ အိမ်ရှင် အသင်းထံမှ အမှတ်ပြည့် ယူထားနိုင်ဖို့ ကြိုးစားရမှာပါ။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ေတာင္ပံတိုက္စစ္သမား ၀ီလီယံနဲ႕ သက္တမ္းတိုး စာခ်ဳပ္သစ္ အတြက္ ေျပာဆိုေဆြးေႏြးမႈမ်ား ဆက္လက္ ျပဳလုပ္ေနဆဲ ျဖစ္တယ္လို႔ နည္းျပ လမ္းပတ္က ဆိုလိုက္ျပီး ကစားသမားေတြ ေႏြမွာ စီမံဖို႔ အတြက္ ဆံုးျဖတ္ခ်က္ မခ်ရေသးေၾကာင္း အသိေပးခဲ့ပါတယ္။

ဒီည ဘုန္းေမာက္နဲ႕ ပြဲမွာ ခ်ယ္ဆီး တိုက္စစ္မွဴး ေအဗရာဟမ္ ပါ၀င္နုိင္ဖြယ္ မရွိပါဘူး။ အဂၤလန္သား တုိက္စစ္မွဴးဟာ ဒီတေလာ သီတင္းပတ္ မ်ားမွာ ၾကံ႕ခိုင္မႈ ျပည့္ဖို႔ ရုန္းကန္ေနရတဲ့ အျပင္ ဘိုင္ယန္နဲ႕ ပြဲမွာ ထပ္မံ ဒဏ္ရာ ရသြားခဲ့ျပန္ပါတယ္။

ဘုန္းေမာက္နဲ႕ ပြဲမတိုင္ခင္ ခ်ယ္ဆီး ဒဏ္ရာ ရ စာရင္းထဲ ေအဗရာဟမ္၊ ကန္ေတ၊ ပူလီဆစ္နဲ႕ အိုဒြိဳင္းတို႔ ရွိေနျပီး ၄င္းတို႔ ေလးဦးလံုး ပါ၀င္နိုင္မွာ မဟုတ္ပါဘူး။

ခံစစ္တန္းမွာ ေရြးခ်ယ္စရာမ်ား ရွိေနျခင္းေၾကာင့္ ဒီတေလာ သီတင္းပတ္မ်ားထဲ တိုမိုရီကို ခ်န္လွပ္ထားရျခင္း ျဖစ္ေၾကာင္း လမ္းပတ္က ေျဖရွင္းမႈ ျပဳလုပ္ခဲ့ျပီး အသင္းမွာ ဗဟိုခံစစ္ ေလးဦး ရွိတာေၾကာင့္ အပတ္တိုင္း နွစ္ဦးကေတာ့ မေပ်ာ္ရႊင္ ျဖစ္ေနရလိမ့္မယ္လုိ႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

ခ်ယ္ဆီး ဂိုးသမား ကီပါဟာ အသင္း ပြဲထြက္စာရင္းကေန အျပီး ေနရာေပ်ာက္သြားျခင္း မဟုတ္ဘဲ ထရိန္နင္မွာ ၾကိဳးစား ေလ့က်င့္ကာ ပြဲထြက္ေနရာ အတြက္ ျပန္ တိုက္ပြဲ၀င္နုိင္ေၾကာင္း လမ္းပတ္က ေျပာၾကားခဲ့ပါတယ္။

ဘုန္းေမာက္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ ရွံဳးပြဲ ၁၅ ပြဲ ရွိထားျပီး ျဖစ္ျပီး ခ်ယ္ဆီး အေနနဲ႕ ဒီည ဗိုင္တယ္လတီကြင္းမွာ အိမ္ရွင္ အသင္းထံမွ အမွတ္ျပည့္ ယူထားနုိင္ဖို႔ ၾကိဳးစားရမွာပါ။