ကီပါနဲ့ ချယ်ဆီးအသင်း အနာဂတ်အကြောင်း ဖွင့်ဟလာခဲ့တဲ့ နည်းပြ လမ်းပတ်

ဒီတလောမှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံထားရပေမယ့် ဂိုးသမား ကီပါက ချယ်ဆီးအသင်းကနေ အပြီးအပိုင် နေရာ ပျောက်သွားတာ မဟုတ်ဘဲ အသင်း လူစာရင်းထဲ ပြန် ပါဝင်ခွင့်ရဖို့ တွန်းအားပေး ကြိုးစားခွင့် ရှိသေးကြောင်း လမ်းပတ်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံး ဂိုးသမား အဖြစ် အက်သလက်ဘီဘာအိုကနေ ၂၀၁၈ မှာ ရောက်ရှိလာခဲ့တဲ့ စပိန်သားဟာ ဒီတလောမှာတော့ ၎င်းရဲ့ ပွဲထွက် ဦးစားပေး ဂိုးသမားနေရာက ရာထူးလျှောသွားခဲ့ပြီး အသက် ၃၈ နှစ်အရွယ် ဂိုးသမားကြီး ကာဘယ်လာရိုအတွက် ဖယ်ပေးခဲ့ရပါတယ်။ ချယ်ဆီးအသင်းရဲ့ နောက်ဆုံး ၅ ပွဲဆက် ကီပါ ပါဝင်ခွင့် မရခဲ့ပါဘူး။

ယနေ့ည ဘုန်းမောက်နဲ့ ပွဲမှာပဲ ကာဘယ်လာရိုပဲ ဆက်လက် ပွဲထွက်ခွင့် ရဖွယ် ရှိပေမယ့် လမ်းပတ်ကတော့ ကီပါ လုံး၀ နေရာ ပျောက်သွားတာ မဟုတ်ဘဲ ပြန် ကြိုးစားခွင့် ရှိသေးတယ် လို့ ပြောကြားခဲ့ပါတယ်။

” ကီပါနဲ့ ဆက်ဆံရေးက အဆင်ပြေပါတယ်။ ကစားသမားနဲ့ မန်နေဂျာ ဆက်ဆံရေး ပြောရရင် ကျနော့်မှာ ကစားသမား အယောက် ၂၀ လောက်ကို စီမံနေရတာ ဖြစ်လို့ တချိန်တည်းမှာ ကစားသမားတွေ အားလုံး ပျော်ရွှင်နေအောင် လုပ်ပေးဖို့ မဖြစ်နိုင်ပါဘူး။

ကျနော် မျှော်လင့်ထားတာက ထရိန်နင်မှာ သူတို့ရဲ့ ပရိုဆန်မှုပါ။ ဒါကို ကီပါ ပြသနေပါတယ်။ ဂိုးသမား နေရာ အတွက်တင် မဟုတ်ဘူး နေရာတိုင်းအတွက် ကျနော် မျှော်လင့်ထားတာ အတူတူပါပဲ။ ပွဲထွက်စာရင်းမှာ ပါဝင်ခွင့် မရဘူးဆိုရင် အသင်းလူစာရင်းထဲ ပါလာအောင် ကြိုးကြိုးစားစား လေ့ကျင့်ရမယ်။ တကယ်လို့ ပါဝင်ခွင့် ရနေတယ် ဆိုရင်လည်း လယ်ဗယ်ကောင်းမှာ ဆက်ရှိနေဖို့ စွမ်းဆောင်ရည်ကောင်းကို ထိန်ထားရမယ်။

ဒါက ဒီကလပ်အသင်းမှာ ရှိရဖို့ ကျနော် မျှော်လင့်ထားတဲ့ စံ အချက်အလက်ပါပဲ။ တောင်းဆိုမှုလည်း ဖြစ်တယ်။ ကစားသမားတိုင်းက ဒီအတွက် ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်ခွင့် ရှိပါတယ်။ ကီပါက ကောင်းစွာ လေ့ကျင့်နေသလို ကာဘယ်လာရိုလည်း အတူတူပါပဲ။” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

ကီပါက ချယ်ဆီးအသင်းမှာ နေရာလုံး၀ ပျောက်သွားပြီ ဖြစ်လို့ အသင်းပြောင်းတော့မယ် ဆိုတဲ့ သတင်းများကိုလည်း လမ်းပတ်က ငြင်းဆိုသွားပြီး စပိန်သား အတွက် အခွင့်အရေး ရှိဆဲဆိုတာ အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။

Zawgyi – ဒီတေလာမွာ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံထားရေပမယ့္ ဂိုးသမား ကီပါက ခ်ယ္ဆီးအသင္းကေန အျပီးအပိုင္ ေနရာ ေပ်ာက္သြားတာ မဟုတ္ဘဲ အသင္း လူစာရင္းထဲ ျပန္ ပါ၀င္ခြင့္ရဖို႔ တြန္းအားေပး ၾကိဳးစားခြင့္ ရွိေသးေၾကာင္း လမ္းပတ္က ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

ကမၻာ့ေစ်းအၾကီးဆံုး ဂိုးသမား အျဖစ္ အက္သလက္ဘီဘာအိုကေန ၂၀၁၈ မွာ ေရာက္ရွိလာခဲ့တဲ့ စပိန္သားဟာ ဒီတေလာမွာေတာ့ ၄င္းရဲ႕ ပြဲထြက္ ဦးစားေပး ဂိုးသမားေနရာက ရာထူးေလွ်ာသြားခဲ့ျပီး အသက္ ၃၈ နွစ္အရြယ္ ဂိုးသမားၾကီး ကာဘယ္လာရိုအတြက္ ဖယ္ေပးခဲ့ရပါတယ္။ ခ်ယ္ဆီးအသင္းရဲ႕ ေနာက္ဆံုး ၅ ပြဲဆက္ ကီပါ ပါ၀င္ခြင့္ မရခဲ့ပါဘူး။

ယေန႔ည ဘုန္းေမာက္နဲ႕ ပြဲမွာပဲ ကာဘယ္လာရိုပဲ ဆက္လက္ ပြဲထြက္ခြင့္ ရဖြယ္ ရွိေပမယ့္ လမ္းပတ္ကေတာ့ ကီပါ လံုး၀ ေနရာ ေပ်ာက္သြားတာ မဟုတ္ဘဲ ျပန္ ၾကိဳးစားခြင့္ ရွိေသးတယ္ လို႔ ေျပာၾကားခဲ့ပါတယ္။

” ကီပါနဲ႕ ဆက္ဆံေရးက အဆင္ေျပပါတယ္။ ကစားသမားနဲ႕ မန္ေနဂ်ာ ဆက္ဆံေရး ေျပာရရင္ က်ေနာ့္မွာ ကစားသမား အေယာက္ ၂၀ ေလာက္ကို စီမံေနရတာ ျဖစ္လို႔ တခ်ိန္တည္းမွာ ကစားသမားေတြ အားလံုး ေပ်ာ္ရႊင္ေနေအာင္ လုပ္ေပးဖို႔ မျဖစ္နုိင္ပါဘူး။

က်ေနာ္ ေမွ်ာ္လင့္ထားတာက ထရိန္နင္မွာ သူတို႔ရဲ႕ ပရိုဆန္မႈပါ။ ဒါကို ကီပါ ျပသေနပါတယ္။ ဂိုးသမား ေနရာ အတြက္တင္ မဟုတ္ဘူး ေနရာတိုင္းအတြက္ က်ေနာ္ ေမွ်ာ္လင့္ထားတာ အတူတူပါပဲ။ ပြဲထြက္စာရင္းမွာ ပါ၀င္ခြင့္ မရဘူးဆိုရင္ အသင္းလူစာရင္းထဲ ပါလာေအာင္ ၾကိဳးၾကိဳးစားစား ေလ့က်င့္ရမယ္။ တကယ္လို႔ ပါ၀င္ခြင့္ ရေနတယ္ ဆိုရင္လည္း လယ္ဗယ္ေကာင္းမွာ ဆက္ရွိေနဖို႔ စြမ္းေဆာင္ရည္ေကာင္းကို ထိန္ထားရမယ္။

ဒါက ဒီကလပ္အသင္းမွာ ရွိရဖို႔ က်ေနာ္ ေမွ်ာ္လင့္ထားတဲ့ စံ အခ်က္အလက္ပါပဲ။ ေတာင္းဆိုမႈလည္း ျဖစ္တယ္။ ကစားသမားတိုင္းက ဒီအတြက္ ကိုယ့္ၾကမၼာ ကိုယ္ ဖန္တီးနုိင္ခြင့္ ရွိပါတယ္။ ကီပါက ေကာင္းစြာ ေလ့က်င့္ေနသလို ကာဘယ္လာရိုလည္း အတူတူပါပဲ။” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

ကီပါက ခ်ယ္ဆီးအသင္း္မွာ ေနရာလံုး၀ ေပ်ာက္သြားျပီ ျဖစ္လို႔ အသင္းေျပာင္းေတာ့မယ္ ဆိုတဲ့ သတင္းမ်ားကိုလည္း လမ္းပတ္က ျငင္းဆိုသြားျပီး စပိန္သား အတြက္ အခြင့္အေရး ရွိဆဲဆိုတာ အၾကိမ္ၾကိမ္ ေျပာၾကားခဲ့ပါတယ္။