ပေးဂိုးမရှိ ချယ်ဆီး ဂိုးပြတ် အနိုင်ဆိုလာတဲ့ ဘုန်းမောက်နဲ့ပွဲ လော်ရိုး ခန့်မှန်းချက်

ချယ်ဆီးအသင်းဟာ ဒီနေ့ညမှာ ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲ အတွက် ဘီဘီစီမှ နာမည်ကျော် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ်ခန့်မှန်းသွားပါတယ်။

” ဘုန်းမောက်ကတော့ ချယ်ဆီးကို ခရစ္စမတ် မတိုင်ခင်မှာ အနိုင်ယူထားပါတယ်။ ဒါကလည်း ချယ်ဆီးအသင်းရဲ့ ဒီရာသီ အိမ်ကွင်းရလဒ် ဆိုးဝါးနေမှုထဲက တစ်ပွဲ အပါအဝင် ဖြစ်သွားခဲ့တာပါ။

ဖရန့်လမ်းပတ်ရဲ့ အသင်းဟာ အဝေးကွင်းတွေမှာ ပို သက်တောင့်သက်သာ ရှိနေတာ တွေ့ရပါတယ်။ ဒါပေမယ့် အဝေးကွင်းပွဲတိုင်းက တော့ သူတို့နဲ့ထိုက်တန်တဲ့ ရလဒ် ရတာ မဟုတ်ပါဘူး ပြီးခဲ့တဲ့လ နယူးကာဆယ်နဲ့ ပွဲက ဥပမာပါပဲ။ ပြီးခဲ့တဲ့ ကြားရက်က ဘိုင်ယန်မြူးနစ်နဲ့ ပွဲမှာတော့ ချယ်ဆီးတို့ ချေမှုန်းခံခဲ့ရပြီး ဒီအဆင့်မှာ ပြိုင်ဆိုင်ဖို့ ချယ်ဆီး တိုးတက်ရမှာတွေ အများကြီး ရှိသေးကြောင်း မြင်သာစေခဲ့ပါတယ်။

ဒါပေမယ့် ဘုန်းမောက်ကိုတော့ ချယ်ဆီးတို့ ကျော်ဖြတ်နိုင်ဖို့ လုံလောက်မှု ရှိပါတယ်။ ဘုန်းမောက်က ပြီးခဲ့တဲ့ အပတ် ဘန်လေနဲ့ ပွဲမှာ ကံတရား မျက်နှာသာပေးမှု မခံခဲ့ရပါဘူး။ ဒါပေမယ့် ဂိုးပေးလိုက်ရပြီး နောက်ပိုင်း သူတို့က ပြန် တိုက်ခိုက်လိုဟန် မရှိတော့တာကတော့ စိုးရိမ် ဖွယ်ပါ။

ဘုန်းမောက်ဟာ သူတို့ ဂိုး အရင်ပေးလိုက်ရပြီးရင် ဒီရာသီ တစ်မှတ်သာ ပြန် ရယူထားနိုင်ပါတယ်။ ဒါက ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ သူတို့ အနေနဲ့ အမှတ်ပေးဇယားမှာ ပြန်တက်လာဖို့ ပိုပြီး ထက်မြက်ဖို့ လိုနေပါတယ်။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ ဘုန်းမောက် ၀ – ၂ ချယ်ဆီးပဲ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ဒီနေ့ည မြန်မာစံတော်ချိန် ၉း၃၀ နာရီပါ။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီေန႔ညမွာ ဘုန္းေမာက္ကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ ကစားရမွာ ျဖစ္ပါတယ္။ ဒီပြဲ အတြက္ ဘီဘီစီမွ နာမည္ေက်ာ္ သံုးသပ္သူ ေလာ္ရိုးက အခုလို သံုးသပ္ခန္႔မွန္းသြားပါတယ္။

” ဘုန္းေမာက္ကေတာ့ ခ်ယ္ဆီးကို ခရစၥမတ္ မတိုင္ခင္မွာ အနိုင္ယူထားပါတယ္။ ဒါကလည္း ခ်ယ္ဆီးအသင္းရဲ႕ ဒီရာသီ အိမ္ကြင္းရလဒ္ ဆိုး၀ါးေနမႈထဲက တစ္ပြဲ အပါအ၀င္ ျဖစ္သြားခဲ့တာပါ။

ဖရန္႔လမ္းပတ္ရဲ႕ အသင္းဟာ အေ၀းကြင္းေတြမွာ ပို သက္ေတာင့္သက္သာ ရွိေနတာ ေတြ႔ရပါတယ္။ ဒါေပမယ့္ အေ၀းကြင္းပြဲတိုင္းက ေတာ့ သူတို႔နဲ႕ထိုက္တန္တဲ့ ရလဒ္ ရတာ မဟုတ္ပါဘူး ျပီးခဲ့တဲ့လ နယူးကာဆယ္နဲ႕ ပြဲက ဥပမာပါပဲ။ ျပီးခဲ့တဲ့ ၾကားရက္က ဘိုင္ယန္ျမဴးနစ္နဲ႕ ပြဲမွာေတာ့ ခ်ယ္ဆီးတို႔ ေခ်မႈန္းခံခဲ့ရျပီး ဒီအဆင့္မွာ ျပိဳင္ဆုိင္ဖို႔ ခ်ယ္ဆီး တိုးတက္ရမွာေတြ အမ်ားၾကီး ရွိေသးေၾကာင္း ျမင္သာေစခဲ့ပါတယ္။

ဒါေပမယ့္ ဘုန္းေမာက္ကိုေတာ့ ခ်ယ္ဆီးတို႔ ေက်ာ္ျဖတ္နုိင္ဖို႔ လံုေလာက္မႈ ရွိပါတယ္။ ဘုန္းေမာက္က ျပီးခဲ့တဲ့ အပတ္ ဘန္ေလနဲ႕ ပြဲမွာ ကံတရား မ်က္နွာသာေပးမႈ မခံခဲ့ရပါဘူး။ ဒါေပမယ့္ ဂိုးေပးလိုက္ရျပီး ေနာက္ပိုင္း သူတို႔က ျပန္ တိုက္ခိုက္လိုဟန္ မရွိေတာ့တာကေတာ့ စိုးရိမ္ ဖြယ္ပါ။

ဘုန္းေမာက္ဟာ သူတို႔ ဂိုး အရင္ေပးလိုက္ရျပီးရင္ ဒီရာသီ တစ္မွတ္သာ ျပန္ ရယူထားနုိင္ပါတယ္။ ဒါက ေကာငး္တဲ့ လကၡဏာေတာ့ မဟုတ္ပါဘူး။ သူတို႔ အေနနဲ႕ အမွတ္ေပးဇယားမွာ ျပန္တက္လာဖို႔ ပိုျပီး ထက္ျမက္ဖို႔ လိုေနပါတယ္။ ” လို႕ ေလာ္ရိုးက သံုးသပ္ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ ဘုန္းေမာက္ ၀ – ၂ ခ်ယ္ဆီးပဲ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ ဒီေန႔ည ျမန္မာစံေတာ္ခ်ိန္ ၉း၃၀ နာရီပါ။