ကန်တေကို စောင့်နေတဲ့ ဒပ်ချမ့်၊ အသင်းပြောင်းခွင့် တင်မယ့် ကီပါနဲ့ ချယ်ဆီး ညနေခင်းသတင်းများ

တံကောက်ကြော ဒဏ်ရာ ရှိနေခဲ့တဲ့ ဘုန်းမောက် ခံစစ်မှူး နက်သန် အကီဟာ ဒီတပတ်မှာ ၎င်းရဲ့ အသင်းဟောင်း ချယ်ဆီးနဲ့ ပြန် ရင်ဆိုင်ရမယ့် ပွဲ အမှီ ပြန်လည် ပါဝင် ကစားနိုင်ဖို့ ဘုန်းမောက်နည်းပြ ဟိုဝီက မျှော်လင့်နေပါတယ်။

ချယ်ဆီး ကွင်းလယ်ကစားသမား ကန်တေက မတ် ၈ ရက်နေ့ အဲဗာတန်နဲ့ ပွဲ အမှီ ပြန်လည် ကြံ့ခိုင်မှု ပြည့်လာဖွယ် ရှိနေပြီး ထိုပွဲသာ ပါဝင်ကစားရင် ပြင်သစ်လက်ရွေးစင် အသင်း နည်းပြ ဒပ်ချမ့်ကလည်း ကန်တေက မတ်လထဲ ကစားမယ့် နိုင်ငံ ခြေစမ်းပွဲများအတွက် ရွေးချယ် ခေါ်ယူဖွယ် ရှိနေပါတယ်။

ဖီဖာရဲ့ စည်းမျဉ်းသစ်အရ လာမယ့် ဘောလုံး ရာသီက စလို့ အသက် ၂၂ နှစ်နဲ့ အထက် ကစားသမားတွေကို အငှားစေလွှတ်ရာမှာ ၈ ယောက်ထိပဲ ခွင့်ပြုတော့မှာ ဖြစ်ပြီး ၂၀၂၂ မှာတော့ ၆ ယောက်အထိ လျှော့ချသွားမယ်လို့ သိရပါတယ်။

ဒီစည်းမျဉ်းဟာ အငှား ကစားသမား အများအပြား စေလွှတ်ထားတဲ့ ချယ်ဆီးအသင်းအတွက် ထိခိုက်မှု ရှိမှာ ဖြစ်ပြီး လာမယ့်နွေမှာ ကစားသမား ရှင်းထုတ်မှုများ မြင်ရဖွယ် ရှိပါတယ်။

နည်းပြ လမ်းပတ်ရဲ့ ချန်လှပ်မှုတွေကြောင့် ချယ်ဆီး ဂိုးသမား ကီပါဟာ လာမယ့်နွေမှာ အသင်းပြောင်းခွင့် တင်ဖို့ ပြင်ဆင်နေကြောင်း သတင်းထွက်ပေါ်နေပါတယ်။ ဂိုးသမား တစ်ယောက် အတွက် စံချိန်တင်ကြေး ပေါင် သန်း ၇၀ ကျော်နဲ့ ခေါ်ယူခြင်း ခံထားပြီး ချယ်ဆီးနဲ့ စာချုပ် လေးနှစ်လည်း ကျန်ရှိသေးတာကြောင့် ကီပါက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကြောင့် အသင်းမပြောင်းနိုင်မှာ စိုးရိမ်နေပါတယ်။

ချယ်ဆီးအသင်းဟာ လိုင်ယွန် ကွင်းလယ်ကစားသမား ဟော့ဆန်အော်ရေးကို ခေါ်ယူဖို့ ပစ်မှတ်ထားလာပြီး အသက် ၂၁ နှစ် အရွယ် ပြင်သစ်သား အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ လောက် သုံးရဖွယ် ရှိနေပါတယ်။

Zawgyi – တံကောက်ကြော ဒဏ်ရာ ရှိနေခဲ့တဲ့ ဘုန်းမောက် ခံစစ်မှူး နက်သန် အကီဟာ ဒီတပတ်မှာ ၄င်းရဲ့ အသင်းဟောင်း ချယ်ဆီးနဲ့ ပြန် ရင်ဆိုင်ရမယ့် ပွဲ အမှီ ပြန်လည် ပါဝင် ကစားနိုင်ဖို့ ဘုန်းမောက်နည်းပြ ဟိုဝီက မျှော်လင့်နေပါတယ်။




