နွေအပြောင်းအရွှေ့ အဓိက ပစ်မှတ် နှစ်ခုကို ခေါ်ယူနိုင်ဖို့ အခွင့်အရေး နည်းခဲ့ပြီဖြစ်တဲ့ ချယ်ဆီး

ချယ်ဆီးအသင်းက နွေအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အဓိက ပစ်မှတ်တွေအဖြစ် ချိန်ရွယ်ထားတဲ့ ဝါနာနဲ့ ဆန်ချိုကို ခေါ်ယူနိုင်ခွင့်က အရေးမသာတော့ကြောင်း သိရပါတယ်။

The Times ရဲ့ ဖော်ပြမှုအရ ” ဒေါ့မွန်ဟာ နွေအပြောင်းအရွှေ့မှာ ၎င်းတို့ရဲ့ တိုက်စစ်သမား ဆန်ချိုကို ရောင်းထုတ်ပြီး အခြားသော အင်အားဖြည့်မှုဗတွကို လုပ်ဆောင်သွားတော့မှာပါ။ ဆန်ချိုအတွက် ယူရို သန်း ၁၀၀ အနည်းဆုံးရဖို့ မျှော်လင့်ထားပြီး ကစားသမားရဲ့ အေးဂျင့်ကလည်း အကောင်းဆုံး ဖြစ်လာနိုင်တာတွေကို ကြိုးစားပေးသွားမှာ ဖြစ်ပါတယ်။

ချယ်ဆီးက ဇီယက်ကို ခေါ်ယူခဲ့ပြီဖြစ်လို့ ဆန်ချိုကို ခေါ်ယူနိုင်ခွင့်က နည်းပါးသွားခဲ့ပြီဖြစ်တယ်။ လီဗာပူးကလည်း ဆန်ချိုကို အလိုရှိပေမယ့် ကလပ်အသင်းတွင်း ပြဿနာတွေကို လျှော့ချနိုင်ဖို့အပြင် လုပ်ခ လစာပိုင်းကို ထိန်းသိမ်းနိုင်ဖို့အတွက် ခေါ်ယူဖို့ ကြိုးစားဖွယ် မရှိတော့ပါဘူး။

လက်ရှိမှာ ဆန်ချိုကို ခေါ်ယူဖို့အတွက် ယူနိုက်တက်ကပဲ ရေပန်းအစားဆုံးဖြစ်ပြီး နွေမှာ တရားဝင် ကမ်းလှမ်းမှုတွေကို စတင်သွားပါမယ် ” လို့ ပါရှိထားတာဖြစ်တယ်။

နောက်ထပ် အပြောင်းအရွှေ့ သတင်းအဖြစ် လိုက်ဇစ်တိုက်စစ်သမား ဝါနာကို ဘာစီလိုနာနဲ့ ယူနိုက်တက်တို့က ကမ်းလှမ်းမှု ပေးလိုနေပေမယ့် ကစားသမားက လီဗာပူးကိုပဲ ဦးစားပေးမှာဖြစ်တယ်။ မတ်လလောက်မှာ လီဗာပူးဘက်က ဝါနာကို ခေါ်ယူဖို့ စကားပြောမှု စတင်မယ်လို့လည်း သိရပါတယ်။

ချယ်ဆီးဟာ အခြားသော ပစ်မှတ်တွေကို ပြောင်းလဲသွားဖွယ်ရှိပြီး ဒီရက်မှာပဲ လိုင်ယွန်အသင်းမှ ကွင်းလယ်လူ အော်ရေးကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ စတင်ကြောင်း သတင်းထွက်လာပါတယ်။ ဒါ့အပြင် လိုင်ယွန်တိုက်စစ်မှူး ဒမ်ဘီလီကို နွေမှာ ခေါ်ယူခွင့်ရနိုင်ပြီး ပြင်သစ်သားအတွက်လည်း ချယ်ဆီးဘက်က ကြိုစားဖွယ် ရှိနေပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းက ေႏြအေျပာင္းအေရႊ႔မွာ ေခၚယူဖို႔ အဓိက ပစ္မွတ္ေတြအျဖစ္ ခ်ိန္ရြယ္ထားတဲ့ ဝါနာနဲ႔ ဆန္ခ်ိဳကို ေခၚယူႏုိင္ခြင့္က အေရးမသာေတာ့ေၾကာင္း သိရပါတယ္။

The Times ရဲ႕ ေဖာ္ျပမႈအရ ” ေဒါ့မြန္ဟာ ေႏြအေျပာင္းအေရႊ႔မွာ ၄င္းတို႔ရဲ႕ တိုက္စစ္သမား ဆန္ခ်ိဳကို ေရာင္းထုတ္ျပီး အျခားေသာ အင္အားျဖည့္မႈဗတြကို လုပ္ေဆာင္သြားေတာ့မွာပါ။ ဆန္ခ်ိဳအတြက္ ယူရို သန္း ၁၀၀ အနည္းဆံုးရဖို႔ ေမွ်ာ္လင့္ထားျပီး ကစားသမားရဲ႕ ေအးဂ်င့္ကလည္း အေကာင္းဆံုး ျဖစ္လာႏုိင္တာေတြကို ၾကိဳးစားေပးသြားမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးက ဇီယက္ကို ေခၚယူခဲ့ျပီျဖစ္လို႔ ဆန္ခ်ိဳကို ေခၚယူႏုိင္ခြင့္က နည္းပါးသြားခဲ့ျပီျဖစ္တယ္။ လီဗာပူးကလည္း ဆန္ခ်ိဳကို အလိုရွိေပမယ့္ ကလပ္အသင္းတြင္း ျပႆနာေတြကို ေလွ်ာ့ခ်ႏုိင္ဖို႔အျပင္ လုပ္ခ လစာပိုင္းကို ထိန္းသိမ္းႏုိင္ဖို႔အတြက္ ေခၚယူဖို႔ ၾကိဳးစားဖြယ္ မရွိေတာ့ပါဘူး။

လက္ရွိမွာ ဆန္ခ်ိဳကို ေခၚယူဖို႔အတြက္ ယူႏုိက္တက္ကပဲ ေရပန္းအစားဆံုးျဖစ္ျပီး ေႏြမွာ တရားဝင္ ကမ္းလွမ္းမႈေတြကို စတင္သြားပါမယ္ ” လို႔ ပါရွိထားတာျဖစ္တယ္။

ေနာက္ထပ္ အေျပာင္းအေရႊ႔ သတင္းအျဖစ္ လိုက္ဇစ္တိုက္စစ္သမား ဝါနာကို ဘာစီလိုနာနဲ႔ ယူႏုိက္တက္တို႔က ကမ္းလွမ္းမႈ ေပးလိုေနေပမယ့္ ကစားသမားက လီဗာပူးကိုပဲ ဦးစားေပးမွာျဖစ္တယ္။ မတ္လေလာက္မွာ လီဗာပူးဘက္က ဝါနာကို ေခၚယူဖို႔ စကားေျပာမႈ စတင္မယ္လို႔လည္း သိရပါတယ္။

ခ်ယ္ဆီးဟာ အျခားေသာ ပစ္မွတ္ေတြကို ေျပာင္းလဲသြားဖြယ္ရွိျပီး ဒီရက္မွာပဲ လိုင္ယြန္အသင္းမွ ကြင္းလယ္လူ ေအာ္ေရးကို ေခၚယူဖို႔ ေစာင့္ၾကည့္မႈေတြ စတင္ေၾကာင္း သတင္းထြက္လာပါတယ္။ ဒါ့အျပင္ လိုင္ယြန္တိုက္စစ္မွဴး ဒမ္ဘီလီကို ေႏြမွာ ေခၚယူခြင့္ရႏုိင္ျပီး ျပင္သစ္သားအတြက္လည္း ခ်ယ္ဆီးဘက္က ၾကိဳစားဖြယ္ ရွိေနပါတယ္။