ဘုန်းမောက် ချယ်ဆီးပွဲစဉ် အတွက် စကိုင်းစပေါ့မှ ချာလီနစ်ကိုးလပ်စ် သုံးသပ်ခန့်မှန်း

ဒီတပတ် ပရီးမီးယားလိဂ်မှာ ချယ်ဆီးအသင်းဟာ ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင် ကစားရမှာပဲ ဖြစ်ပါတယ်။ ဘုန်းမောက်ဟာ တန်းဆင်းဇုန်အထက် နှစ်မှတ်အကွာမှာသာ ရှိတာကြောင့် အိမ်ကွင်းမှာ အားကုန် ရုန်းဖွယ် ရှိတာကြောင့် ချယ်ဆီးအတွက် လွယ်ကူမှာတော့ မဟုတ်ပါဘူး။

ဘုန်းမောက်နဲ့ ချယ်ဆီးအသင်းတို့ဟာ စနေနေ့ ည မြန်မာစံတော်ချိန် ၉း၃၀ နာရီ မှာ ယှဉ်ပြိုင် ကစားကြမှာပါ။ ဒီပွဲစဉ် အတွက် စကိုင်းစပေါ့မှ ပင်တိုင် သုံးသပ်သူ ချာလီ နစ်ကိုးလပ်စ်ကတော့ အခုလို သုံးသပ်ထားပါတယ်။

” ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်အပြီးမှာ ဒီပွဲက ချယ်ဆီး အတွက် နောက်ထပ် စမ်းသပ်မှုကောင်း တစ်ရပ် ဖြစ်ပါတယ်။ ဘုန်းမောက်ကလည်း ဒီပွဲက သူတို့ ရှင်သန်ဖို့ ရုန်းရမယ့် ပွဲဆိုတာ သိထားပြီး ဖြစ်တယ်။

ဘုန်းမောက်ဟာ ဘန်လေနဲ့ ပွဲမှာ ခပ်ကြမ်းကြမ်း ချေမှုန်းခံခဲ့ရပါတယ်။ ဘောလုံးလောကမှာ ပြိုင်ဘက်အသင်းအတွက် စာနာခြင်း ခလုတ်ဆိုတာ ပါမလာပါဘူး။ ဆုံးဖြတ်ချက်တွေကလည်း သူတို့ ဘက် မပါတဲ့ အခါ ဘုန်းမောက်တို့ ဂိုးပြတ် ကျရှုံးခဲ့တာပါ။

ချယ်ဆီးက ကောင်တာ တိုက်စစ်တွေမှာ ထိရောက်ဆဲ ဖြစ်ပြီး အိမ်ကွင်းပုံစံကတော့ ဆိုးဝါးပါတယ်။ ချယ်ဆီးက မန်ချက်စတာ ယူနိုက်တက် အထက် သုံးမှတ်အကွာမှာပဲ ရှိနေတယ်ဆိုတာ အံ့အားသင့် စရာပါ။ အခြားအသင်းတွေကလည်း ချယ်ဆီး နေရာကို ယူဖို့ တွန်းအားပေးနေကြပါသေးတယ်။ ဘုန်းမောက်ကတော့ ဒီပွဲမှာ အစွမ်းကုန်ကို ထုတ် ကစားပါလိမ့်မယ်။ ဒါကြောင့်လည်း ချန်ပီယံလိဂ် ပွဲပန်းထားတဲ့ ချယ်ဆီးနဲ့ ဒီပွဲကနေ ရမှတ်တော့ ရသွားမယ် ကျနေ်ာ ခံစားမိနေတယ်။ ” လို့ ချာလီက သုံးသပ် ထားပါတယ်။

ချာလီနစ်ကိုးလပ်စ်ရဲ့ ခန့်မှန်း ရလဒ်ကတော့ ဘုန်းမောက် ၂-၂ ချယ်ဆီးပါ။

Zawgyi – ဒီတပတ္ ပရီးမီးယားလိဂ္မွာ ခ်ယ္ဆီးအသင္းဟာ ဘုန္းေမာက္ကို အေ၀းကြင္းမွာ သြားေရာက္ရင္ဆိုင္ ကစားရမွာပဲ ျဖစ္ပါတယ္။ ဘုန္းေမာက္ဟာ တန္းဆင္းဇုန္အထက္ နွစ္မွတ္အကြာမွာသာ ရွိတာေၾကာင့္ အိမ္ကြင္းမွာ အားကုန္ ရုန္းဖြယ္ ရွိတာေၾကာင့္ ခ်ယ္ဆီးအတြက္ လြယ္ကူမွာေတာ့ မဟုတ္ပါဘူး။

ဘုန္းေမာက္နဲ႕ ခ်ယ္ဆီးအသင္းတို႔ဟာ စေနေန႔ ည ျမန္မာစံေတာ္ခ်ိန္ ၉း၃၀ နာရီ မွာ ယွဥ္ျပိဳင္ ကစားၾကမွာပါ။ ဒီပြဲစဥ္ အတြက္ စကိုင္းစေပါ့မွ ပင္တိုင္ သံုးသပ္သူ ခ်ာလီ နစ္ကိုးလပ္စ္ကေတာ့ အခုလို သံုးသပ္ထားပါတယ္။

” ဘိုင္ယန္ျမဴးနစ္နဲ႕ ရင္ဆိုင္အျပီးမွာ ဒီပြဲက ခ်ယ္ဆီး အတြက္ ေနာက္ထပ္ စမ္းသပ္မႈေကာင္း တစ္ရပ္ ျဖစ္ပါတယ္။ ဘုနး္ေမာက္ကလည္း ဒီပြဲက သူတို႔ ရွင္သန္ဖို႔ ရုန္းရမယ့္ ပြဲဆိုတာ သိထားျပီး ျဖစ္တယ္။

ဘုန္းေမာက္ဟာ ဘန္ေလနဲ႕ ပြဲမွာ ခပ္ၾကမ္းၾကမ္း ေခ်မႈန္းခံခဲ့ရပါတယ္။ ေဘာလံုးေလာကမွာ ျပိဳင္ဘက္အသင္းအတြက္ စာနာျခင္း ခလုတ္ဆိုတာ ပါမလာပါဘူး။ ဆံုးျဖတ္ခ်က္ေတြကလည္း သူတို႔ ဘက္ မပါတဲ့ အခါ ဘုန္းေမာက္တို႔ ဂိုးျပတ္ က်ရွံဳးခဲ့တာပါ။

ခ်ယ္ဆီးက ေကာင္တာ တိုက္စစ္ေတြမွာ ထိေရာက္ဆဲ ျဖစ္ျပီး အိမ္ကြင္းပံုစံကေတာ့ ဆိုး၀ါးပါတယ္။ ခ်ယ္ဆီးက မန္ခ်က္စတာ ယူနုိက္တက္ အထက္ သံုးမွတ္အကြာမွာပဲ ရွိေနတယ္ဆိုတာ အံ့အားသင့္ စရာပါ။ အျခားအသင္းေတြကလည္း ခ်ယ္ဆီး ေနရာကို ယူဖို႔ တြနး္အားေပးေနၾကပါေသးတယ္။ ဘုန္းေမာက္ကေတာ့ ဒီပြဲမွာ အစြမ္းကုန္ကို ထုတ္ ကစားပါလိမ့္မယ္။ ဒါေၾကာင့္လည္း ခ်န္ပီယံလိဂ္ ပြဲပန္းထားတဲ့ ခ်ယ္ဆီးနဲ႕ ဒီပြဲကေန ရမွတ္ေတာ့ ရသြားမယ္ က်ေန္ာ ခံစားမိေနတယ္။ ” လို႔ ခ်ာလီက သံုးသပ္ ထားပါတယ္။

ခ်ာလီနစ္ကိုးလပ္စ္ရဲ႕ ခန္႔မွန္း ရလဒ္ကေတာ့ ဘုန္းေမာက္ ၂-၂ ခ်ယ္ဆီးပါ။