ပူလီဆစ်နဲ့ ပက်သက်တဲ့ ဒဏ်ရာအခြေအနေ တိုးတက်မှု သတင်းကောင်း ထွက်ပေါ်လာ

ဒဏ်ရာကြောင့် နှစ်လကြာ ပွဲထွက်ကစားခွင့်ကနေ ဝေးကွာနေတဲ့ ချယ်ဆီးတိုက်စစ်သမားလေး ပူလီဆစ်ဟာ မကြာခင်မှာပဲ စီနီယာအသင်း လူစာရင်းကို ပြန်ရောက်လာတော့မယ်လို့ The Athletic က ဖော်ပြသွားပါတယ်။

အမေရိကန် တိုက်စစ်သမားလေးဟာ ဇန်နဝါရီ ၄ ရက်နေ့မှာ ပေါင်ခြံဒဏ်ရာရခဲ့တာကြောင့် အနားယူနေရခဲ့တာပါ။ ဆောင်းရာသီ အားလပ်ရက်အတွင်း ပြန်သက်သာလာဖို့ မျှော်လင့်ထားခဲ့ရပေမယ့် တိုးတက်မှုဆိုင်ရာ မပြသနိုင်တာကြောင့် ဆက်လက် အနားယူနေခဲ့ရတာဖြစ်ပါတယ်။

ကစားသမားလေးနဲ့ နီးစပ်သူတစ်ဦးကပဲ သူဟာ ကွင်းထဲကို ခြေပြန်ချဖို့ နီးစပ်နေပြီဖြစ်ကာ မကြာခင်မှာ ပြန်ကစားနိုင်တော့မယ်လို့ ထုတ်ဖော်ခဲ့တာဖြစ်တယ်။ ချယ်ဆီးအတွက် ကာလရှည် စီမံကိန်းအဖြစ် ခေါ်ယူခြင်း ခံခဲ့ရတဲ့ ပူလီဆစ်ဟာ နယ်မြေသစ်မှာတော့ စွမ်းဆောင်ရည် တည်ငြိမ်ဖို့ ကြိုးစားနေရသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဒဏ်ရာမရခင်မှာ ပူလီဆစ်ဟာ မန်နေဂျာလမ်းပတ်ရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင်ခွင့် ရနေသူဖြစ်ပြီး ဒီရာသီမှာ သွင်းဂိုး ၆ ဂိုး သွင်းယူထားကာ ဂိုးထောက်ပံ့မှု ၆ ကြိမ်လည်း ပြုလုပ်ထားနိုင်ပါတယ်။

ချယ်ဆီးမှာ ဒဏ်ရာပြဿနာ ထိုးနှက်ချက်တွေ ရှိနေခဲ့ပြီး နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ဘိုင်ယန်နဲ့ ပွဲမှာ ပူလီဆစ်၊ အိုဒွိုင်းနဲ့ ကန်တေတို့ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဒဏ်ရာ ရှိလို့ မပါဝင်နိုင်ခဲ့တဲ့ ပက်ဒရိုနဲ့ လော့ဖ်တပ်ချိစ်တို့ ကတော့ မကြာခင်မှာ ပွဲနေ့ လူစာရင်းတွေအတွက် ပြန်လည် ယှဉ်ပြိုင်ဖို့ နီးစပ်နေပြီလို့လည်း မန်နေဂျာက ထုတ်ဖော် ပြောဆိုထားပါသေးတယ်။

ZAWGYI

ဒဏ္ရာေၾကာင့္ ႏွစ္လၾကာ ပြဲထြက္ကစားခြင့္ကေန ေဝးကြာေနတဲ့ ခ်ယ္ဆီးတိုက္စစ္သမားေလး ပူလီဆစ္ဟာ မၾကာခင္မွာပဲ စီနီယာအသင္း လူစာရင္းကို ျပန္ေရာက္လာေတာ့မယ္လုိ႔ The Athletic က ေဖာ္ျပသြားပါတယ္။

အေမရိကန္ တိုက္စစ္သမားေလးဟာ ဇန္နဝါရီ ၄ ရက္ေန႔မွာ ေပါင္ျခံဒဏ္ရာရခဲ့တာေၾကာင့္ အနားယူေနရခဲ့တာပါ။ ေဆာင္းရာသီ အားလပ္ရက္အတြင္း ျပန္သက္သာလာဖို႔ ေမွ်ာ္လင့္ထားခဲ့ရေပမယ့္ တိုးတက္မႈဆိုင္ရာ မျပသႏုိင္တာေၾကာင့္ ဆက္လက္ အနားယူေနခဲ့ရတာျဖစ္ပါတယ္။

ကစားသမားေလးနဲ႔ နီးစပ္သူတစ္ဦးကပဲ သူဟာ ကြင္းထဲကို ေျချပန္ခ်ဖို႔ နီးစပ္ေနျပီျဖစ္ကာ မၾကာခင္မွာ ျပန္ကစားႏုိင္ေတာ့မယ္လုိ႔ ထုတ္ေဖာ္ခဲ့တာျဖစ္တယ္။ ခ်ယ္ဆီးအတြက္ ကာလရွည္ စီမံကိန္းအျဖစ္ ေခၚယူျခင္း ခံခဲ့ရတဲ့ ပူလီဆစ္ဟာ နယ္ေျမသစ္မွာေတာ့ စြမ္းေဆာင္ရည္ တည္ျငိမ္ဖို႔ ၾကိဳးစားေနရသူ တစ္ဦးလည္း ျဖစ္ပါတယ္။

ဒဏ္ရာမရခင္မွာ ပူလီဆစ္ဟာ မန္ေနဂ်ာလမ္းပတ္ရဲ႔ ပြဲထြက္ လူစာရင္းမွာ ပါဝင္ခြင့္ ရေနသူျဖစ္ျပီး ဒီရာသီမွာ သြင္းဂိုး ၆ ဂိုး သြင္းယူထားကာ ဂိုးေထာက္ပံ့မႈ ၆ ၾကိမ္လည္း ျပဳလုပ္ထားႏုိင္ပါတယ္။

ခ်ယ္ဆီးမွာ ဒဏ္ရာျပႆနာ ထိုးႏွက္ခ်က္ေတြ ရွိေနခဲ့ျပီး ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ ဘိုင္ယန္နဲ႕ ပြဲမွာ ပူလီဆစ္၊ အိုဒြိဳင္းနဲ႕ ကန္ေတတို႔ ပါ၀င္နုိင္ျခင္း မရွိခဲ့ပါဘူး။ ျပီးခဲ့တဲ့ သီတင္းပတ္ကုန္က ဒဏ္ရာ ရွိလို႔ မပါ၀င္နုိင္ခဲ့တဲ့ ပက္ဒရိုနဲ႕ ေလာ့ဖ္တပ္ခ်ိစ္တို႔ ကေတာ့ မၾကာခင္မွာ ပြဲေန႔ လူစာရင္းေတြအတြက္ ျပန္လည္ ယွဥ္ျပိဳင္ဖို႔ နီးစပ္ေနျပီလို႔လည္း မန္ေနဂ်ာက ထုတ္ေဖာ္ ေျပာဆိုထားပါေသးတယ္။