ချယ်ဆီးရဲ့ တကယ့် ပြဿနာတွေကို ဖုံးကွယ်ဖို့ လမ်းပတ်က ကီပါကို အသုံးချနေတယ်

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ အသင်းမှာ ရှိနေတဲ့ တကယ့် ပြသနာတွေကို ဖုံးကွယ်ဖို့ ဂိုးသမား ကီပါကို အပယ်ခံ အဖြစ်ထားကာ အာရုံလွှဲပေးနေတယ်လို့ စပိန်သတင်းစာ AS က စွပ်စွဲလိုက်ပါတယ်။

လမ်းပတ်ဟာ စံချိန်တင်ကြေးနဲ့ ခေါ်ထားတဲ့ စပိန်သား ဂိုးသမား ကီပါကို ခေါက်ထားပြီး အရန်ဂိုးသမားကြီး ကာဘယ်လာရိုကို ဆက်တိုက် ပွဲထွက်ခွင့် ပေးနေပါတယ်။ ပြီးခဲ့တဲ့ လေးပွဲဆက် ကာဘယ်လာရို ပွဲထွက်နေပြီး ကီပါကို ဦးစားပေး ဂိုးသမားနေရာ ပြန်ပေးမယ့် အရိပ်အချည်မျိုးလည်း မတွေ့ရဘဲ ဖြစ်နေပါတယ်။

စပိန်သတင်းဌာနကတော့ လမ်းပတ်ဟာ အသင်းမှာ ဖြေရှင်းစရာတွေ များနေတာကြောင့် အာရုံလွှဲတဲ့ အနေနဲ့ ကီပါကို ဖိအားပေး နေတာ ဖြစ်တယ်လို့ သုံးသပ် လိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ နောက်ဆုံး ကစားထားတဲ့ ၇ ပွဲမှာ ၂ ပွဲသာ အနိုင်ရထားပြီး ပုံစံကောင်းတွေ ရဖို့ ရုန်းကန်နေရပါတယ်။ ကီပါက လက်စတာကို ၂ ဂိုးစီ သရေကျခဲ့တဲ့ ဖေဖော်ဝါရီလထဲက ပွဲမှ စလို့ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပြီး ထိုကနေ ယခုထိ ချယ်ဆီးအသင်းဟာ နိုင်ပွဲ တစ်ပွဲသာ ရထားပြီး ကလင်းရှိလည်း မရထားပါဘူး။

ကာဘယ်လာရို ပွဲထွက်တဲ့ လေးပွဲမှာ ချယ်ဆီးအသင်းက ၄ ဂိုးသွင်းပြီး ပေးဂိုးက ၈ ဂိုး အထိ ရှိထားပါတယ်။ ဘိုင်ယန်ကို ဂိုးပြတ် ရှုံးတဲ့ ပွဲ အပြီးမှာတော့ လမ်းပတ်က လာမယ့်နွေမှာ ကစားသမား အများအပြား ရောင်းထုတ်ပြီး သူ့စိတ်ကြိုက် ခေါ်ယူမှုတွေ ပြုလုပ်မယ် သတင်း ထွက်ပေါ်ထားပါတယ်။

လမ်းပတ် ရောင်းချမယ့် စာရင်းထဲမှာ ဂိုးသမား ကီပါက ထိပ်ဆုံးက ပါဝင်နေပြီး ခံစစ်ကြောင်းမှ ဇူးမား၊ အလွန်ဆို၊ အီမာဆန်တို့ ပါဝင်နေ ပါတယ်။ လမ်းပတ်ဟာ တကယ်ကိုပဲ ကီပါကို စိတ်တိုင်း မကျတာလား အသင်းမှာ ရှိနေတဲ့ ပြသနာ ပေါင်းစုံကို ဝိုင်း လက်ညှိုး မထိုးခင် မပြုပြင် ရသေးခင် အတွက် အကွက်ရွှေ့ထားတာလားလို့ AS ကတော့ မေးခွန်းထုတ်ထားပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္ဟာ အသင္းမွာ ရွိေနတဲ့ တကယ့္ ျပသနာေတြကို ဖံုးကြယ္ဖို႔ ဂိုးသမား ကီပါကို အပယ္ခံ အျဖစ္ထားကာ အာရံုလႊဲေပးေနတယ္လုိ႔ စပိန္သတင္းစာ AS က စြပ္စြဲလိုက္ပါတယ္။

လမ္းပတ္ဟာ စံခ်ိန္တင္ေၾကးနဲ႕ ေခၚထားတဲ့ စပိန္သား ဂိုးသမား ကီပါကို ေခါက္ထားျပီး အရန္ဂိုးသမားၾကီး ကာဘယ္လာရိုကို ဆက္တိုက္ ပြဲထြက္ခြင့္ ေပးေနပါတယ္။ ျပီးခဲ့တဲ့ ေလးပြဲဆက္ ကာဘယ္လာရို ပြဲထြက္ေနျပီး ကီပါကို ဦးစားေပး ဂိုးသမားေနရာ ျပန္ေပးမယ့္ အရိပ္အခ်ည္မ်ိဳးလည္း မေတြ႔ရဘဲ ျဖစ္ေနပါတယ္။

စပိန္သတင္းဌာနကေတာ့ လမ္းပတ္ဟာ အသင္းမွာ ေျဖရွင္းစရာေတြ မ်ားေနတာေၾကာင့္ အာရံုလႊဲတဲ့ အေနနဲ႕ ကီပါကို ဖိအားေပး ေနတာ ျဖစ္တယ္လို႔ သံုးသပ္ လိုက္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ေနာက္ဆံုး ကစားထားတဲ့ ၇ ပြဲမွာ ၂ ပြဲသာ အနုိင္ရထားျပီး ပံုစံေကာင္းေတြ ရဖို႔ ရုန္းကန္ေနရပါတယ္။ ကီပါက လက္စတာကို ၂ ဂိုုးစီ သေရက်ခဲ့တဲ့ ေဖေဖာ္၀ါရီလထဲက ပြဲမွ စလို႔ ခ်န္လွပ္ခံခဲ့ရတာ ျဖစ္ျပီး ထိုကေန ယခုထိ ခ်ယ္ဆီးအသင္းဟာ နုိင္ပြဲ တစ္ပြဲသာ ရထားျပီး ကလင္းရွိလည္း မရထားပါဘူး။

ကာဘယ္လာရို ပြဲထြက္တဲ့ ေလးပြဲမွာ ခ်ယ္ဆီးအသင္းက ၄ ဂိုးသြင္းျပီး ေပးဂိုးက ၈ ဂိုး အထိ ရွိထားပါတယ္။ ဘိုင္ယန္ကို ဂိုးျပတ္ ရွံဳးတဲ့ ပြဲ အျပီးမွာေတာ့ လမ္းပတ္က လာမယ့္ေႏြမွာ ကစားသမား အမ်ားအျပား ေရာင္းထုတ္ျပီး သူ႔စိတ္ၾကိဳက္ ေခၚယူမႈေတြ ျပဳလုပ္မယ္ သတင္း ထြက္ေပၚထားပါတယ္။

လမ္းပတ္ ေရာင္းခ်မယ့္ စာရင္းထဲမွာ ဂိုးသမား ကီပါက ထိပ္ဆံုးက ပါ၀င္ေနျပီး ခံစစ္ေၾကာင္းမွ ဇူးမား၊ အလြန္ဆို၊ အီမာဆန္တို႔ ပါ၀င္ေန ပါတယ္။ လမ္းပတ္ဟာ တကယ္ကိုပဲ ကီပါကို စိတ္တိုင္း မက်တာလား အသင္းမွာ ရွိေနတဲ့ ျပသနာ ေပါင္းစံုကို ၀ိုင္း လက္ညိွဳး မထိုးခင္ မျပဳျပင္ ရေသးခင္ အတြက္ အကြက္ေရႊ႕ထားတာလားလို႕ AS ကေတာ့ ေမးခြန္းထုတ္ထားပါတယ္။