ဝီလီယံ စာချုပ်သစ်၊ ဂျီရူးဝန်ခံချက်၊ အေဗရာဟမ် ဒဏ်ရာနဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ရှူံးနိမ့်ပြီးနောက် ဒုတိယ အကျော့မှာ ပြန်အနိုင်ယူပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်ဖို့က မဖြစ်နိုင်သလောက် န်ီးပါး ရှိသွားပြီလို့ ချယ်ဆီး တိုက်စစ်မှူး ဂျီရူးက ဝန်ခံခဲ့ပါတယ်။

ချယ်ဆီးအသင်းကို ဘိုင်ယန်မြူးနစ်က သင်ခန်းစာကောင်း ပေးခဲ့တာ ဖြစ်ကြောင်း ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကလည်း မှတ်ချက်ပြု လိုက်ပါတယ်။ ပွဲကလည်း ခက်ခဲခဲ့သလို ထိပ်သီး အသင်းကြီး တစ်သင်းကို ရင်ဆိုင်ခဲ့ရတာ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

ဘရာဇီးသား တောင်ပံတိုက်စစ်သမား ဝီလီယံက ချယ်ဆီးအသင်းနဲ့ သက်တမ်းတိုး စာချုပ်သစ် ကိစ္စ ဆွေးနွေးမှု အဆင်မပြေသေးကြောင်း ဝန်ခံ ပြောကြားခဲ့ပါတယ်။ ချယ်ဆီးက နှစ်နှစ် သက်တမ်းတိုး စာချုပ် ကမ်းလှမ်းထားပြီး ဝီလီယံက ၃ နှစ် သက်တမ်း အလိုရှိနေတာပါ။

ဘိုင်ယန်နဲ့ပွဲမှာ ချယ်ဆီးအသင်းအတွက် ထိုးနှက်မှုကြီးက တိုက်စစ်မှူး အေဗရာဟမ် ဒဏ်ရာ ရသွားခြင်း ဖြစ်ပြီး တံကောက်ကြော ဒဏ်ရာ ဖြစ်မယ်လို့ ယူဆရပါတယ်။ အင်္ဂလန်သားဟာဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ဒီတလော သီတင်းပတ်များမှာ ရုန်းကန်နေရသူပါ။

ချယ်ဆီးအသင်းဘက် ဘိုင်ယန်အတွက် နှစ်ဂိုး သွင်းယူသွားတဲ့ အာဆင်နယ်အသင်းသားဟောင်း ဆက် ဂနာဘီကတော့ ပွဲအပြီးမှာ လန်ဒန်က အနီရောင် လွှမ်းနေဆဲလို့ အသင်းဟောင်းဘက်က ကြွေးကြော်သွားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံ အိမ်ကွင်း ရှုံးပွဲ ၈ ပွဲ အထိ ရှိသွားပြီ ဖြစ်ပြီး နှစ်ပေါင်း ၃၄ နှစ် အတွင်း အဆိုးဆုံး အိမ်ကွင်းပုံစံနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Zawgyi – ဘိုင္ယန္ျမဴးနစ္ကို အိမ္ကြင္းမွာ ရွံဴးနိမ့္ျပီးေနာက္ ဒုတိယ အေက်ာ့မွာ ျပန္အနုိင္ယူျပီး ကြာတားဖိုင္နယ္သို႔ တက္ေရာက္ဖို႔က မျဖစ္နုိင္သေလာက္ န္ီးပါး ရွိသြားျပီလို႔ ခ်ယ္ဆီး တိုက္စစ္မွဴး ဂ်ီရူးက ၀န္ခံခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းကို ဘိုင္ယန္ျမဴးနစ္က သင္ခန္းစာေကာင္း ေပးခဲ့တာ ျဖစ္ေၾကာင္း ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ဟိုကလည္း မွတ္ခ်က္ျပဳ လိုက္ပါတယ္။ ပြဲကလည္း ခက္ခဲခဲ့သလို ထိပ္သီး အသင္းၾကီး တစ္သင္းကို ရင္ဆိုင္ခဲ့ရတာ ျဖစ္တယ္လို႔ ၄င္းက ဆိုပါတယ္။

ဘရာဇီးသား ေတာင္ပံတိုက္စစ္သမား ၀ီလီယံက ခ်ယ္ဆီးအသင္းနဲ႕ သက္တမ္းတိုး စာခ်ဳပ္သစ္ ကိစၥ ေဆြးေႏြးမႈ အဆင္မေျပေသးေၾကာင္း ၀န္ခံ ေျပာၾကားခဲ့ပါတယ္။ ခ်ယ္ဆီးက နွစ္နွစ္ သက္တမ္းတိုး စာခ်ဳပ္ ကမ္းလွမ္းထားျပီး ၀ီလီယံက ၃ နွစ္ သက္တမ္း အလိုရွိေနတာပါ။

ဘိုင္ယန္နဲ႕ပြဲမွာ ခ်ယ္ဆီးအသင္းအတြက္ ထိုးနွက္မႈၾကီးက တိုက္စစ္မွဴး ေအဗရာဟမ္ ဒဏ္ရာ ရသြားျခင္း ျဖစ္ျပီး တံေကာက္ေၾကာ ဒဏ္ရာ ျဖစ္မယ္လို႕ ယူဆရပါတယ္။ အဂၤလန္သားဟာဟာ ေျခက်င္း၀တ္ ဒဏ္ရာေၾကာင့္ ဒီတေလာ သီတင္းပတ္မ်ားမွာ ရုန္းကန္ေနရသူပါ။

ခ်ယ္ဆီးအသင္းဘက္ ဘိုင္ယန္အတြက္ နွစ္ဂိုး သြင္းယူသြားတဲ့ အာဆင္နယ္အသင္းသားေဟာင္း ဆက္ ဂနာဘီကေတာ့ ပဲြအျပီးမွာ လန္ဒန္က အနီေရာင္ လႊမ္းေနဆဲလို႔ အသင္းေဟာင္းဘက္က ေၾကြးေၾကာ္သြားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဒီရာသီ ျပိဳင္ပြဲစံု အိမ္ကြင္း ရွံဳးပြဲ ၈ ပြဲ အထိ ရွိသြားျပီ ျဖစ္ျပီး နွစ္ေပါင္း ၃၄ နွစ္ အတြင္း အဆိုးဆံုး အိမ္ကြင္းပံုစံနဲ႕ ရင္ဆုိင္ေနရတယ္လို႔ သိရပါတယ္။