၁၁ နှစ်ကျော်က ချယ်ဆီးသို့ ခရီးထွက်ခဲ့ပြီး ဒရော့ဘာကြီးနဲ့ ဆုံတွေ့မှုအကြောင်း အမ်ဘတ်ပီ ပြောပြ

ပီအက်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ပဲရစ်ကနေ လန်ဒန်ကို ရထားနဲ့ ခရီးထွက်ခဲ့ပြီး ချယ်ဆီးကိုရောက်ခဲ့တဲ့အကြောင်း ပြန်ပြောင်း ပြောပြလာပါတယ်။

ထိုစဉ်က အသက် ၁၁ နှစ်အရွယ် လူငယ်လေးဟာ လန်ဒန်မှာ လူငယ်အသင်းနဲ့အတူ ရက်အတန်ကြာ လေ့ကျင့်ခွင့် ရခဲ့သလို ချယ်ဆီးဂန္တဝင်ကြီး ဒရော့ဘာနဲ့အတူ တွေ့ဆုံခွင့်တောင် ရခဲ့သေးတာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာဖလား ချန်ပီယံရဲ့ ဘောလုံးသမားဘဝ အခြေချဖို့ရာ အရေးပါတဲ့ တွန်းအားလည်း ဖြစ်လာခဲ့ပါတယ်။

အမ်ဘတ်ပီက ” ကျနော် ၁၁ နှစ်သားလောက်မှာ လန်ဒန်ကို ချယ်ဆီးလူငယ်အသင်းနဲ့ ရက်ပိုင်းလောက် လေ့ကျင့်ရေးလုပ်ဖို့ ခရီးထွက်ခဲ့တယ်။ အရမ်းကို စိတ်လှုပ်ရှားရတဲ့ ခရီးစဉ်ဖြစ်ခဲ့ပြီး အိမ်နီးနားချင်းတွေကိုတောင် ကျနော် ဘယ်သွားမယ်ဆိုတာကို မပြောပြခဲ့ဘူး။

လန်ဒန်ကနေ ပြန်ရောက်လာတော့ သူငယ်ချင်းတွေက ကျနော်ကို အရင်အပတ်က မင်းဘယ်သွားတာလဲလို့ မေးခဲ့ကြတယ်။ ကျနော်က ချယ်ဆီးနဲ့ လေ့ကျင့်ဖို့ လန်ဒန်ကို သွားခဲ့တာလို့ ပြောတော့ သူတို့ မဖြစ်နိုင်တာကွာလို့ ငြင်းဆန်ကြတယ်။ ကျနော်ကတော့ တကယ်ပြောတာ ကျိန်ရဲတယ် ဒရော့ဘာနဲ့တောင် တွေ့ခွင့်ရခဲ့တယ်လို့ သူတို့ကို ရှင်းပြခဲ့သေးတယ်။

သူငယ်ချင်းတွေက မယုံဘူးဗျ။ ဒရော့ဘာက မင်းကို ဘယ်လိုလုပ် သိမှာလဲ။ မဖြစ်နိုင်တာလို့ ပြောတယ်။ ကျနော်က အဖေ့ထံက ချယ်ဆီးမှာ ရိုက်လာတဲ့ ဓါတ်ပုံတွေကို တောင်းပြီး သူတို့ကို ပြမှပဲ သူငယ်ချင်းတွေက ယုံကြည်သွားကြတော့တယ် ” လို့ အမှတ်တရ ရှင်းပြသွားပါတယ်။

အမ်ဘတ်ပီဟာ စတမ်းဖိုဒ့်ဘရစ်မှာ တစ်ပတ်ကြာ နေခဲ့သလို လူငယ်အသင်းအတွက် တစ်ပွဲလည်း ပါဝင်ကစားခဲ့သေးတာပါ။ သူဟာ ၂၀၁၈ ခုနှစ်မှာတော့ ပြင်သစ်အသင်းနဲ့ ကမ္ဘာဖလား ချန်ပီယံဖြစ်ခဲ့သလို ဥရောပရဲ့ ကြောက်စရာအကောင်းဆုံး တိုက်စစ်မှူးလည်း ဖြစ်လာခဲ့ပါပြီ။

ZAWGYI

ပီအက္ဂ်ီတိုက္စစ္မွဴး အမ္ဘတ္ပီက လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္က ပဲရစ္ကေန လန္ဒန္ကို ရထားနဲ႔ ခရီးထြက္ခဲ့ျပီး ခ်ယ္ဆီးကိုေရာက္ခဲ့တဲ့အေၾကာင္း ျပန္ေျပာင္း ေျပာျပလာပါတယ္။

ထိုစဥ္က အသက္ ၁၁ ႏွစ္အရြယ္ လူငယ္ေလးဟာ လန္ဒန္မွာ လူငယ္အသင္းနဲ႔အတူ ရက္အတန္ၾကာ ေလ့က်င့္ခြင့္ ရခဲ့သလို ခ်ယ္ဆီးဂႏၱဝင္ၾကီး ဒေရာ့ဘာနဲ႔အတူ ေတြ႔ဆံုခြင့္ေတာင္ ရခဲ့ေသးတာျဖစ္ပါတယ္။ ဒါဟာ ကမၻာဖလား ခ်န္ပီယံရဲ႕ ေဘာလံုးသမားဘဝ အေျခခ်ဖို႔ရာ အေရးပါတဲ့ တြန္းအားလည္း ျဖစ္လာခဲ့ပါတယ္။

အမ္ဘတ္ပီက ” က်ေနာ္ ၁၁ ႏွစ္သားေလာက္မွာ လန္ဒန္ကို ခ်ယ္ဆီးလူငယ္အသင္းနဲ႔ ရက္ပိုင္းေလာက္ ေလ့က်င့္ေရးလုပ္ဖို႔ ခရီးထြက္ခဲ့တယ္။ အရမ္းကို စိတ္လႈပ္ရွားရတဲ့ ခရီးစဥ္ျဖစ္ခဲ့ျပီး အိမ္နီးနားခ်င္းေတြကိုေတာင္ က်ေနာ္ ဘယ္သြားမယ္ဆိုတာကို မေျပာျပခဲ့ဘူး။

လန္ဒန္ကေန ျပန္ေရာက္လာေတာ့ သူငယ္ခ်င္းေတြက က်ေနာ္ကို အရင္အပတ္က မင္းဘယ္သြားတာလဲလို႔ ေမးခဲ့ၾကတယ္။ က်ေနာ္က ခ်ယ္ဆီးနဲ႔ ေလ့က်င့္ဖို႔ လန္ဒန္ကို သြားခဲ့တာလို႔ ေျပာေတာ့ သူတို႔ မျဖစ္ႏုိင္တာကြာလို႔ ျငင္းဆန္ၾကတယ္။ က်ေနာ္ကေတာ့ တကယ္ေျပာတာ က်ိန္ရဲတယ္ ဒေရာ့ဘာနဲ႔ေတာင္ ေတြ႔ခြင့္ရခဲ့တယ္လို႔ သူတို႔ကို ရွင္းျပခဲ့ေသးတယ္။

သူငယ္ခ်င္းေတြက မယံုဘူးဗ်။ ဒေရာ့ဘာက မင္းကို ဘယ္လိုလုပ္ သိမွာလဲ။ မျဖစ္ႏုိင္တာလို႔ ေျပာတယ္။ က်ေနာ္က အေဖ့ထံက ခ်ယ္ဆီးမွာ ရိုက္လာတဲ့ ဓါတ္ပံုေတြကို ေတာင္းျပီး သူတို႔ကို ျပမွပဲ သူငယ္ခ်င္းေတြက ယံုၾကည္သြားၾကေတာ့တယ္ ” လို႔ အမွတ္တရ ရွင္းျပသြားပါတယ္။

အမ္ဘတ္ပီဟာ စတမ္းဖိုဒ့္ဘရစ္မွာ တစ္ပတ္ၾကာ ေနခဲ့သလို လူငယ္အသင္းအတြက္ တစ္ပြဲလည္း ပါဝင္ကစားခဲ့ေသးတာပါ။ သူဟာ ၂၀၁၈ ခုႏွစ္မွာေတာ့ ျပင္သစ္အသင္းနဲ႔ ကမၻာဖလား ခ်န္ပီယံျဖစ္ခဲ့သလို ဥေရာပရဲ႕ ေၾကာက္စရာအေကာင္းဆံုး တိုက္စစ္မွဴးလည္း ျဖစ္လာခဲ့ပါျပီ။