ချန်ပီယံလိဂ် စည်းမျဉ်း နံပါတ် ၁ ကို ချယ်ဆီးတို့ ဖောက်ဖျက်ခဲ့လို့ ခံစားခဲ့ရကြောင်း အာဆင်ဝင်းဂါး ထောက်ပြ

အာဆင်နယ်အသင်းရဲ့ နာမည်ကျော် နည်းပြဟောင်း ဖြစ်တဲ့ အာဆင်ဝင်းဂါးက ချယ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိဂ် ရှုံးထွက် ပကျော့ အိမ်ကွင်းမှာတင် ဂိုးပြတ် ရှုံးနိမ့်ခဲ့တာက ဥရောပ ထိပ်သီးပြိုင်ပွဲမှာ အရေးပါတဲ့ စည်းမျဉ်း နံပါတ် ၁ ကို ချိုးဖောက်ခဲ့တာကြောင့် ဖြစ်တယ်လို့ သုံးသပ် ပြောကြားခဲ့ပါတယ်။

ဖရန့်လမ်းပတ်ရဲ့ ချယ်ဆီးအသင်းဟာ ပထမပိုင်းမှာတင် ဦးဆောင်ဂိုး သွင်းနိုင်မယ့် အခွင့်အရေးများ ရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့ဘဲ ဒုတိယပိုင်းမှာ ဘိုင်ယန်မြူးနစ်ရဲ့ လွှမ်းမိုးကစားမှုကို ခွင့်ပြုခဲ့ရကာ အဆုံးမှာ စတန်းဖို့ဘရစ်ချ်မှာတင် ၃-၀ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ပြိုင်ဘက်ကို အဝေးဂိုး ၃ ဂိုးထိ ခွင့်ပြုခဲ့ရတာကြောင့် ချယ်ဆီးအတွက် နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်ကလည်း မှေးမှိန်သွားခဲ့ရပါတယ်။

အာဆင်နယ် နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးကတော့ ဖရန့်လမ်းပတ်ရဲ့ ချယ်ဆီးအသင်းဟာ ကွင်းလယ်မှာ ထိန်းချုပ်နိုင်စွမ်း လက်လွှတ်သွားတာကြောင့် အပြစ်ပေးခြင်း ခံခဲ့ရတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

” လမ်းပတ် ဒီပွဲမှာ သင်ခန်းစာကောင်း ရသွားပါတယ်။ အခြေအနေကို သူလည်း သဘောပေါက်ပြီး ဖြစ်မှာပါ။ ကိုယ့်အသင်းက အခြားအသင်းတွေထက် သာလွန်တဲ့ ထိပ်သီး အလွှာမှာ ရှိနေရင် အိမ်ကွင်းမှာ ငါးပွဲ အထိ မရှုံးကြပါဘူး။ ဒီလို အဆင့်မှာ ဘောလုံး ပိုင်ဆိုင်မှုကို တချိန်လုံးစီးထားပြီးမှာ နောက်ဆုံး ပြိုင်ဘက်ထံ အခွင့်ပေးလိုက်တာနဲ့ တချိန်မှာ ခံစားရတော့တာပဲ။ မိနစ် ၉၀ လုံး ပြေးလွှား ကစားခဲ့ပြီးပြီလေ။

ချန်ပီယံလိဂ်မှာ ဆိုရင် ကွင်းလယ်မှာ ထိန်းချုပ်နိုင်စွမ်း လွတ်သွားတာနဲ့ ဒုက္ခရောက်ပြီ မှတ်လိုက်တော့။ ဒါက စည်းမျဉ်း နံပါတ် ၁ ပဲ။ ဘာဖြစ်လို့လဲဆိုတော့ မင်းက အသင်းကောင်းတွေကို ယှဉ်ပြိုင် ကစားရမှာ ဖြစ်တယ်။ တချိန်ချိန်မှာတော့ သူတို့ တိုက်စစ်မှူးတွေက အခွင့်ကောင်း ယူသွားမှာ ဖြစ်ပြီး ဒါကို ပေးဆပ်လိုက်ရလိမ့်မယ်။ ကျနော်တို့ အားလုံး ဒါမျိုး ကြုံဖူးကြပါတယ်။ ” လို့ အာဆင် ဝင်းဂါးက ဆိုပါတယ်။

လန်ဒန်ပြိုင်ဘက်ဟောင်း ဆက် ဂနာဘီ ရဲ့ ဘိုင်ယန်အတွက် သွင်းပေးတဲ့ ဦးဆောင်ဂိုး နှစ်ဂိုး အပြင် လီဝန်ဒေါစကီးရဲ့ ပွဲသိမ်းဂိုးကြောင်း ဂျာမန်အင်အားကြီးကလပ်ကတော့ ဒုတိယကျော့ပွဲနဲ့ ကွာတားအဆင့် တက်ဖို့ အခြေအနေကောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ မတ်လ ၁၈ ရက်နေ့မှာ ဒုတိယအကျော့ အဖြစ် ဂျာမန်မြေမှာ ကစားရဦးမှာပါ။

Zawgyi – အာဆင္နယ္အသင္းရဲ႕ နာမည္ေက်ာ္ နည္းျပေဟာင္း ျဖစ္တဲ့ အာဆင္၀င္းဂါးက ခ်ယ္ဆီးအသင္းဟာ ဘိုင္ယန္ျမဴးနစ္ကို ခ်န္ပီယံလိဂ္ ရွံဳးထြက္ ပေက်ာ့ အိမ္ကြင္းမွာတင္ ဂိုးျပတ္ ရွံဳးနိမ့္ခဲ့တာက ဥေရာပ ထိပ္သီးျပိဳင္ပြဲမွာ အေရးပါတဲ့ စည္းမ်ဥ္း နံပါတ္ ၁ ကို ခ်ိဳးေဖာက္ခဲ့တာေၾကာင့္ ျဖစ္တယ္လို႔ သံုးသပ္ ေျပာၾကားခဲ့ပါတယ္။

ဖရန္႔လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းဟာ ပထမပိုင္းမွာတင္ ဦးေဆာင္ဂိုး သြင္းနုိင္မယ့္ အခြင့္အေရးမ်ား ရွိခဲ့ေသာ္လည္း အသံုးမခ်နိုင္ခဲ့ဘဲ ဒုတိယပိုင္းမွာ ဘိုင္ယန္ျမဴးနစ္ရဲ႕ လႊမ္းမိုးကစားမႈကို ခြင့္ျပဳခဲ့ရကာ အဆံုးမွာ စတန္းဖို႔ဘရစ္ခ်္မွာတင္ ၃-၀ နဲ႕ အေရးနိမ့္ခဲ့ရပါတယ္။ ျပိဳင္ဘက္ကို အေ၀းဂုိး ၃ ဂိုးထိ ခြင့္ျပဳခဲ့ရတာေၾကာင့္ ခ်ယ္ဆီးအတြက္ ေနာက္တစ္ဆင့္တက္ေရး ေမွ်ာ္လင့္ခ်က္ကလည္း ေမွးမွိန္သြားခဲ့ရပါတယ္။

အာဆင္နယ္ နည္းျပေဟာင္းၾကီး အာဆင္၀င္းဂါးကေတာ့ ဖရန္႔လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းဟာ ကြင္းလယ္မွာ ထိန္းခ်ဳပ္နုိင္စြမ္း လက္လႊတ္သြားတာေၾကာင့္ အျပစ္ေပးျခင္း ခံခဲ့ရတယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

” လမ္းပတ္ ဒီပြဲမွာ သင္ခန္းစာေကာင္း ရသြားပါတယ္။ အေျခအေနကို သူလည္း သေဘာေပါက္ျပီး ျဖစ္မွာပါ။ ကုိယ့္အသင္းက အျခားအသင္းေတြထက္ သာလြန္တဲ့ ထိပ္သီး အလႊာမွာ ရွိေနရင္ အိမ္ကြင္းမွာ ငါးပြဲ အထိ မရွံဳးၾကပါဘူး။ ဒီလို အဆင့္မွာ ေဘာလံုး ပိုင္ဆိုင္မႈကို တခ်ိန္လံုးစီးထားျပီးမွာ ေနာက္ဆံုး ျပိဳင္ဘက္ထံ အခြင့္ေပးလိုက္တာနဲ႕ တခ်ိန္မွာ ခံစားရေတာ့တာပဲ။ မိနစ္ ၉၀ လံုး ေျပးလႊား ကစားခဲ့ျပီးျပီေလ။

ခ်န္ပီယံလိဂ္မွာ ဆိုရင္ ကြင္းလယ္မွာ ထိန္းခ်ဳပ္နုိင္စြမ္း လြတ္သြားတာနဲ႕ ဒုကၡေရာက္ျပီ မွတ္လိုက္ေတာ့။ ဒါက စည္းမ်ဥ္း နံပါတ္ ၁ ပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ မင္းက အသင္းေကာင္းေတြကို ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္တယ္။ တခ်ိန္ခ်ိန္မွာေတာ့ သူတို႔ တိုက္စစ္မွဴးေတြက အခြင့္ေကာင္း ယူသြားမွာ ျဖစ္ျပီး ဒါကို ေပးဆပ္လိုက္ရလိမ့္မယ္။ က်ေနာ္တုိ႔ အားလံုး ဒါမ်ိဳး ၾကံဳဖူးၾကပါတယ္။ ” လို႔ အာဆင္ ၀င္းဂါးက ဆိုပါတယ္။

လန္ဒန္ျပိဳင္ဘက္ေဟာင္း ဆက္ ဂနာဘီ ရဲ႕ ဘိုင္ယန္အတြက္ သြင္းေပးတဲ့ ဦးေဆာင္ဂိုး နွစ္ဂိုး အျပင္ လီ၀န္ေဒါစကီးရဲ႕ ပြဲသိမ္းဂိုးေၾကာင္း ဂ်ာမန္အင္အားၾကီးကလပ္ကေတာ့ ဒုတိယေက်ာ့ပြဲနဲ႕ ကြာတားအဆင့္ တက္ဖို႔ အေျခအေနေကာင္းသြားခဲ့ျပီ ျဖစ္ပါတယ္။ မတ္လ ၁၈ ရက္ေန႔မွာ ဒုတိယအေက်ာ့ အျဖစ္ ဂ်ာမန္ေျမမွာ ကစားရဦးမွာပါ။