ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ် အရေးနိမ့်ခဲ့အပြီး ဝန်ခံစကားတွေ ပြောဆိုသွားတဲ့ လမ်းပတ်
ချယ်ဆီးဟာ မနက်က ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ် ရံှူးထွက်ပွဲ ပထမအကျော့မှာ ဘိုင်ယန်ကို ၃-၀ နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။
ချယ်ဆီးအသင်းသားတွေထဲမှာ ကွင်းလယ်လူ ကိုဗာဆစ် ခြေစွမ်း မဆိုးခဲ့တာကလွဲလို့ ကျန် အသင်းသားတွေက ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင်ကစားဖို့ ကြောက်ရွံ့နေခဲ့ကြတယ်။ အသင်းဟာ ခြေစွမ်းလည်း ဆိုးခဲ့ပြီး အဖက်ဖက်က မယှဉ်နိုင်ပဲ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
လမ်းပတ်က ” စွမ်းဆောင်က ညံ့ဖျင်းခဲ့ပြီး တစ်ခါတစ်လေ ဒါကို ရက်ရက်စက်စက် ဝန်ခံဖို့ လိုတယ်။ ဘိုင်ယန်က ကျနေ်ာတို့ထက် နေရာတိုင်းမှာ ပိုသာလွန်ခဲ့ပါတယ်။ သူတို့က ဥရောပနဲ့ ဘွန်ဒက်လီဂါမှာ နှစ်တိုင်း စိန်ခေါ်မှုတွေ လုပ်နိုင်တော့ အသင်းရဲ့ အဆင့်အတန်းတွေက ကွာခြားနေရတယ်။
သူတို့နဲ့ ရင်ဆိုင်ပြီး ဘာကိုမှ ပိုမလုပ်နိုင်တာအတွက် ကျနေ်ာတို့ စိတ်ပျက်ရပါတယ်။ ဒါကို စေ့စေ့တွေးပြီး ကျနေ်ာတို့ လိုချင်တဲ့ အဆင့်အတန်းကို ပြန်ရောက်ဖို့အတွက် ကြိုးစား အလုပ်လုပ်ရပါမယ်။ သူတို့ ရွေးချယ်ပေးပို့တဲ့ ပေးပို့မှုတွေကို ကြည့်ရင်း ကိုယ်ရဲ့ ပေးမှုတွေ ပိုတိုးတက်လာရမယ်။ ကိုယ်ယှဉ်ပြိုင်ကစားရတဲ့ ပြိုင်ဘက်တွေက ဘယ်လိုတွေ ဆိုတာနဲ့ သူတို့လို အဆင့်ကို ရောက်ဖို့ ဘာတွေ ကြိုးစားဖို့ လိုမလဲဆိုတာ ကစားသမားတွေ ဆင်ခြင်ရပါမယ်။
ကျနေ်ာတို့က ကိုယ်ပိုင် ဂုဏ်သိက္ခာနဲ့ အမြဲတမ်း ယှဉ်ပြိုင်ကစားပေပမယ့် ပိုကြီးမားတဲ့ အနေအထားတွေအတွက် ကျနော် ပိုပြီး စိတ်မအေးနိုင် ဖြစ်ရတယ်။ ဒီလို အနေအထားကို အမြန် ပြန်ပြီး တုန့်ပြန်နိုင်အောင် ပရီးမီးယားလိဂ်မှာ ပုံမှန် အနေအထားကို ပြန်ရောက်နိုင်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာပါပဲ ” လို့ ပွဲအပြီး ပြောဆိုခဲ့ပါတယ်။
မတ်လ ၁၈ ရက်နေ့မှာ ချယ်ဆီးဟာ မြူနစ်ထံသွားပြီး အဝေးကွင်း ပြန်လည် ယှဉ်ပြိုင်ရမှာပါ။ အိမ်ကွင်းမှာ ဂိုးပြတ် အရေးနိမ့်ခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့ မျှော်လင့်ချက် မှေးမှိန်ခဲ့ပြီ ဖြစ်ပေမယ့်လည်း ကြိုးစားခွင့်တော့ ရှိနေဆဲ ဖြစ်ပါတယ်။
ZAWGYI
ချယ်ဆီးဟာ မနက်က ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ် ရှူံးထွက်ပွဲ ပထမအကျော့မှာ ဘိုင်ယန်ကို ၃-၀ နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။