ဘိုင်ယန်မြူးနစ်နဲ့ ပွဲမတိုင်ခင် နောက်ဆုံးရ ချယ်ဆီး ညနေခင်းသတင်းများ

ဘိုင်ယန်နဲ့ ပွဲမှာ ပူလီဆစ်၊ အိုဒွိုင်းနဲ့ ကန်တေတို့ ပါဝင်နိုင်မှာ မဟုတ်ကြောင်း ပွဲကြိုမှာ လမ်းပတ်က အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဒဏ်ရာ ရှိလို့ မပါဝင်နိုင်ခဲ့တဲ့ ပက်ဒရိုနဲ့ လော့ဖ်တပ်ချိစ် တို့ လူစာရင်းမှာ ပါဝင်လာမယ်လို့ လမ်းပတ်က ဆိုပါတယ်။

ဘိုင်ယန်မြူးနစ်မှာ အဓိက တိုက်စစ်မူှး အဖြစ် ခြေစွမ်းပြဆဲ ဖြစ်တဲ့ အဓိက တိုက်စစ်မှူး လီဝန်ဒေါစကီးကို ချယ်ဆီးဘက်က ကြောက်ရွံ့နေမှာ မဟုတ်ကြောင်းလည်း လမ်းပတ်က အသိပေးစကား ဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းနဲ့ ယူနိုက်တက်တို့ အပြိုင် စိတ်ဝင်စားခြင်း ခံနေရတဲ့ တိုက်စစ်မှူး မိုဆာ ဒမ်ဘီလီ အတွက် လိုင်ယွန်အသင်းက တန်ကြေး ပေါင် ၈၃ သန်း သတ်မှတ်ပေးလိုက်ပါတယ်။

တော့တင်ဟမ် စပါးနည်းပြ မော်ရင်ညိုက လာမယ့်နွေမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်နိုင်မယ့် ချယ်ဆီး တောင်ပံ တိုက်စစ်သမား ဝီလီယံကို အလိုရှိနေတယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ ချယ်ဆီးအသင်းက အိမ်ရှင်ဖြစ်ပေမယ့် အင်အားပိုနည်းတဲ့ အောက် အသင်း အဖြစ် သတ်မှတ် နေကြခြင်းကို ပြောင်းလဲ ပစ်ကြဖို့ နည်းပြ လမ်းပတ်က အသင်းသားတွေ အား တိုက်တွန်းလိုက်ပါတယ်။

ချယ်ဆီးနဲ့ ယူနိုက်တက်တို့ ပစ်မှတ်ထားခြင်း ခံနေရတဲ့ အင်္ဂလန်သား တောင်ပံတိုက်စစ်သမား ဆန်ချိုကို ဒေါ့မွန်အသင်းက လာမယ့်နွေမှာ အသင်း ပြောင်းမသွားအောင် ဆက် ထိန်းထားနိုင်မယ်လို့ ယုံကြည်နေပါတယ်။

စပါးကို အနိုင်ကန်လိုက်တာက ချယ်ဆီး အသင်းသားတွေ အနေနဲ့ ကိုယ့်ကိုယ်ကိုရော နည်းပြ လမ်းပတ် အပေါ်ကိုပါ ယုံကြည်မှု တိုးပွားလာစေခဲ့ကြောင်း ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟိုက ပြောဆိုခဲ့ပါတယ်။

Zawgyi – ဘိုင္ယန္နဲ႕ ပြဲမွာ ပူလီဆစ္၊ အိုဒြိဳင္းနဲ႕ ကန္ေတတို႔ ပါ၀င္နုိင္မွာ မဟုတ္ေၾကာင္း ပြဲၾကိဳမွာ လမ္းပတ္က အတည္ျပဳခဲ့ပါတယ္။ ျပီးခဲ့တဲ့ သီတင္းပတ္ကုန္က ဒဏ္ရာ ရွိလို႔ မပါ၀င္နုိင္ခဲ့တဲ့ ပက္ဒရိုနဲ႕ ေလာ့ဖ္တပ္ခ်ိစ္ တို႔ လူစာရင္းမွာ ပါ၀င္လာမယ္လို႔ လမ္းပတ္က ဆိုပါတယ္။

ဘိုင္ယန္ျမဴးနစ္မွာ အဓိက တိုက္စစ္မဴွး အျဖစ္ ေျခစြမ္းျပဆဲ ျဖစ္တဲ့ အဓိက တိုက္စစ္မွဴး လီ၀န္ေဒါစကီးကို ခ်ယ္ဆီးဘက္က ေၾကာက္ရြံ႕ေနမွာ မဟုတ္ေၾကာင္းလည္း လမ္းပတ္က အသိေပးစကား ဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းနဲ႕ ယူနိုက္တက္တို႔ အျပိဳင္ စိတ္၀င္စားျခင္း ခံေနရတဲ့ တိုက္စစ္မွဴး မိုဆာ ဒမ္ဘီလီ အတြက္ လိုင္ယြန္အသင္းက တန္ေၾကး ေပါင္ ၈၃ သန္း သတ္မွတ္ေပးလိုက္ပါတယ္။

ေတာ့တင္ဟမ္ စပါးနည္းျပ ေမာ္ရင္ညိဳက လာမယ့္ေႏြမွာ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ေခၚနိုင္မယ့္ ခ်ယ္ဆီး ေတာင္ပံ တိုက္စစ္သမား ၀ီလီယံကို အလိုရွိေနတယ္လို႔ သိရပါတယ္။

ဘိုင္ယန္ျမဴးနစ္နဲ႕ ရင္ဆိုင္ရမယ့္ ပြဲစဥ္မွာ ခ်ယ္ဆီးအသင္းက အိမ္ရွင္ျဖစ္ေပမယ့္ အင္အားပိုနည္းတဲ့ ေအာက္ အသင္း အျဖစ္ သတ္မွတ္ ေနၾကျခင္းကို ေျပာင္းလဲ ပစ္ၾကဖို႔ နည္းျပ လမ္းပတ္က အသင္းသားေတြ အား တိုက္တြန္းလိုက္ပါတယ္။

ခ်ယ္ဆီးနဲ႕ ယူနုိက္တက္တို႔ ပစ္မွတ္ထားျခင္း ခံေနရတဲ့ အဂၤလန္သား ေတာင္ပံတိုက္စစ္သမား ဆန္ခ်ိဳကို ေဒါ့မြန္အသင္းက လာမယ့္ေႏြမွာ အသင္း ေျပာင္းမသြားေအာင္ ဆက္ ထိန္းထားနုိင္မယ္လို႔ ယံုၾကည္ေနပါတယ္။

စပါးကို အနုိင္ကန္လိုက္တာက ခ်ယ္ဆီး အသင္းသားေတြ အေနနဲ႕ ကိုယ့္ကိုယ္ကိုေရာ နည္းျပ လမ္းပတ္ အေပၚကိုပါ ယံုၾကည္မႈ တိုးပြားလာေစခဲ့ေၾကာင္း ကြင္းလယ္ ကစားသမား ေဂ်ာ္ဂ်င္ဟိုက ေျပာဆိုခဲ့ပါတယ္။