ချယ်ဆီး ပိုင်ဆိုင်ထားတဲ့ နည်းစနစ် အားသာချက်ကြောင့် ပြောင်းဖို့ ရွေးချယ်ခဲ့တာပါဆိုတဲ့ ဇီယက်

ချယ်ဆီးကို လာမယ့် နွေမှာ ကာလရှည် စာချုပ်ဖြင့် ရောက်လာတော့မယ့် ဇီယက်က သူ အသင်းကို ပြောင်းလာဖို့ ရွေးချယ်ရခြင်း အဓိက အကြောင်းရင်းတွေကို ထုတ်ဖော် ပြောဆိုပါတယ်။

မန်နေဂျာလမ်းပတ် လက်အောက် ချယ်ဆီးအသင်းက တိုက်စစ်အသားပေးကို ကစားနေတာက လန်ဒန်ကလပ်ကို သူရွေးချယ်ရခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်ကြောင်း ဇီယက်က ဝန်ခံခဲ့တယ်။ ဒါ့အပြင် မန်နေဂျာလမ်းပတ်နဲ့ စကားပြောမှုတွေကလည်း ဒီအပြောင်းအရွှေ့အတွက် အရေးကြီး အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့ပါတယ်။

ဇီယက်က ပြောရာမှာ ” ပျော်တယ်၊ ဂုဏ်ယူတယ်။ ဒီအခွင့်အရေးကို မစောင့်နိုင်လောက်အောင်ကို စိတ်လှုပ်ရှားနေတယ်။ ချယ်ဆီးက ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ကလပ်အသင်းကြီးပါ။ အသင်းရဲ့ ကစားဟန်ကို သဘောကျပြီး သူတို့ တိုက်စစ်ကို အသားပေး ကစားနေတာပါ။ ဒါက ကျနော်နဲ့ ကိုက်ညီမယ်လို့ ထင်ပြီး ချယ်ဆီးကို ရွေးချယ်ရတာရဲ့ အဓိက အကြောင်းရင်းပါပဲ။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ချယ်ဆီးကို ပြောင်းရွှေ့ခဲ့တာအတွက် အဓိကကျတဲ့ နေရာက လမ်းပတ်နဲ့ စကားပြောမှုလည်း ပါဝင်ခဲ့ပြီး အဆိုပါ ဆက်သွယ်မှုကနေ အကောင်းမြင်မှုတွေ တွေ့ခဲ့ရတယ်လို့ ဇီယက်ကဆိုတယ်။ နောက်ပြီး ချယ်ဆီးကို ပြောင်းရမှာအတွက် ခံစားချက်တွေ ကောင်းနေတယ်လို့ သူက ပြောပါသေးတယ်။

” လမ်းပတ်က အဓိက နေရာက ပါတာပေါ့။ သီတင်းပတ် နှစ်ခုလောက် ကျနေ်ာတို့ ဆက်သွယ်မှုတွေ အများကြီး လုပ်ခဲ့ပြီး သူက ကျနော်ကို ခံစားမှုကောင်းတွေ ပေးခဲ့ပြီး ဒီအပြောင်းအရွှေ့အတွက် ကြီးမားတဲ့ အစိတ်အပိုင်းက ပါဝင်ခဲ့ပါတယ်။

ကစားဟန်တို့ စတိုင်တို့ ဒါတွေကို ဆွေးနွေးပြီး အပြန်အလှန် စာတွေ ပို့ခဲ့တယ်။ မန်နေဂျာကလည်း ကျနော် ခြေစွမ်းတွေကို အမြဲ စောင့်ကြည့်ဖြစ်တယ်လို့ ပြောပါတယ်။ လမ်းပတ်ကလည်း ကွင်းလယ်လူကောင်းတစ်ဦး ဖြစ်ခဲ့တာပါ။ သူ့ထံကနေ အများကြီး သင်ယူမှုတွေ ရရှိတော့မှာ ဖြစ်ပါတယ်။ ချယ်ဆီးကို ရွေးချယ်ခဲ့တာအတွက် ပျော်မိတယ်။ ” လို့ ဆက်လက် ပြောဆိုသွားပါတယ်။

ZAWGYI

ခ်ယ္ဆီးကို လာမယ့္ ေႏြမွာ ကာလရွည္ စာခ်ဳပ္ျဖင့္ ေရာက္လာေတာ့မယ့္ ဇီယက္က သူ အသင္းကို ေျပာင္းလာဖို႔ ေရြးခ်ယ္ရျခင္း အဓိက အေၾကာင္းရင္းေတြကို ထုတ္ေဖာ္ ေျပာဆိုပါတယ္။

မန္ေနဂ်ာလမ္းပတ္ လက္ေအာက္ ခ်ယ္ဆီးအသင္းက တိုက္စစ္အသားေပးကို ကစားေနတာက လန္ဒန္ကလပ္ကို သူေရြးခ်ယ္ရျခင္းရဲ႕ အဓိက အေၾကာင္းရင္းျဖစ္ေၾကာင္း ဇီယက္က ဝန္ခံခဲ့တယ္။ ဒါ့အျပင္ မန္ေနဂ်ာလမ္းပတ္နဲ႔ စကားေျပာမႈေတြကလည္း ဒီအေျပာင္းအေရႊ႔အတြက္ အေရးၾကီး အစိတ္အပိုင္းအျဖစ္ ပါဝင္ခဲ့ပါတယ္။

ဇီယက္က ေျပာရာမွာ ” ေပ်ာ္တယ္၊ ဂုဏ္ယူတယ္။ ဒီအခြင့္အေရးကို မေစာင့္ႏုိင္ေလာက္ေအာင္ကို စိတ္လႈပ္ရွားေနတယ္။ ခ်ယ္ဆီးက ျပိဳင္ပြဲၾကီးမွာ ပါဝင္ယွဥ္ျပိဳင္ေနတဲ့ ကလပ္အသင္းၾကီးပါ။ အသင္းရဲ႕ ကစားဟန္ကို သေဘာက်ျပီး သူတို႔႕ တိုက္စစ္ကို အသားေပး ကစားေနတာပါ။ ဒါက က်ေနာ္နဲ႔ ကိုက္ညီမယ္လို႔ ထင္ျပီး ခ်ယ္ဆီးကို ေရြးခ်ယ္ရတာရဲ႕ အဓိက အေၾကာင္းရင္းပါပဲ။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ခ်ယ္ဆီးကို ေျပာင္းေရႊ႔ခဲ့တာအတြက္ အဓိကက်တဲ့ ေနရာက လမ္းပတ္နဲ႔ စကားေျပာမႈလည္း ပါဝင္ခဲ့ျပီး အဆိုပါ ဆက္သြယ္မႈကေန အေကာင္းျမင္မႈေတြ ေတြ႔ခဲ့ရတယ္လို႔ ဇီယက္ကဆိုတယ္။ ေနာက္ျပီး ခ်ယ္ဆီးကို ေျပာင္းရမွာအတြက္ ခံစားခ်က္ေတြ ေကာင္းေနတယ္လို႔ သူက ေျပာပါေသးတယ္။

” လမ္းပတ္က အဓိက ေနရာက ပါတာေပါ့။ သီတင္းပတ္ ႏွစ္ခုေလာက္ က်ေန္ာတို႔ ဆက္သြယ္မႈေတြ အမ်ားၾကီး လုပ္ခဲ့ျပီး သူက က်ေနာ္ကို ခံစားမႈေကာင္းေတြ ေပးခဲ့ျပီး ဒီအေျပာင္းအေရႊ႔အတြက္ ၾကီးမားတဲ့ အစိတ္အပိုင္းက ပါဝင္ခဲ့ပါတယ္။

ကစားဟန္တို႔ စတိုင္တို႔ ဒါေတြကို ေဆြးေႏြးျပီး အျပန္အလွန္ စာေတြ ပို႔ခဲ့တယ္။ မန္ေနဂ်ာကလည္း က်ေနာ္ ေျခစြမ္းေတြကို အျမဲ ေစာင့္ၾကည့္ျဖစ္တယ္လို႔ ေျပာပါတယ္။ လမ္းပတ္ကလည္း ကြင္းလယ္လူေကာင္းတစ္ဦး ျဖစ္ခဲ့တာပါ။ သူ႔ထံကေန အမ်ားၾကီး သင္ယူမႈေတြ ရရွိေတာ့မွာ ျဖစ္ပါတယ္။ ခ်ယ္ဆီးကို ေရြးခ်ယ္ခဲ့တာအတြက္ ေပ်ာ္မိတယ္။ ” လို႔ ဆက္လက္ ေျပာဆိုသြားပါတယ္။