ဘိုင်ယန်နဲ့ ပွဲမှာ ချယ်ဆီးကို အောက်အသင်းလို့ သတ်မှတ်မှုတွေ ပြောင်းပြန်လှန်ကြဖို့ ချယ်ဆီးသားတွေအား လမ်းပတ် တိုက်တွန်း

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ကတော့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မှာတွေ့ဆုံ နေတဲ ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင်ရမယ့် ပွဲ မတိုင်ခင် သူ့အသင်းကို အောက်အသင်း အဖြစ် သတ်မှတ်နေကြမှုတွေကို ပြောင်းပြန်လှန်ပစ်ကြဖု့ိ ချယ်ဆီးအသင်းသားတွေအား တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ဘိုင်ယန်က ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ လန်ဒြန်မို့ခံ စပါးနဲ့ အုပ်စု အဆင့်မှာ ဆုံတွေ့ခဲ့စဉ်က လန်ဒန်မှာတင် ၇-၂ နဲ့ အနိုင်ယူသွားတဲ့ အသင်း ဖြစ်ပါတယ်။ ဘွန်ဒစ်လီဂါမှာလည်း ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်ကို ချယ်ဆီးနဲ့ ဆုံမယ့် ပွဲမှာလည်း အနိုင်ရမယ့် အသင်းလို့ ကြေး သတ်မှတ်မှုတွေ များနေကြပါတယ်။

ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ အသင်းသားတွေအား ဒီပွဲကို အနိုင်ယူပြီး အားလုံး ထင်ကြေးတွေကို ပြောင်းပစ်ကြဖို့ ပွဲကြိုမှာ တိုက်တွန်း စိန်ခေါ်လိုက်ပါတယ်။

” တကယ်တော့ ဒီလို ပွဲမျိုးမှာ ကိုယ့်အသင်းက အောက်အသင်းလို့ အသင်းတွင်းလူတွေထက် အပြင်က လူတွေ သတ်မှတ်နေကြတာက ပို ကောင်းတယ်လို့ ကျနော်ကတော့ တွေးပါတယ်။ ကျနော့် အလုပ်က ဒီပွဲအတွက် ပြင်ဆင်မှာ ပြိုင်ဘက်ကို လေ့လာပြီး အားနည်းချက်တွေ ရှာထားမယ်။ ကျနေ်ာတို့ အသင်းကို အောက်အသင်း လို့ လူတွေ သတ်မှတ်ကြတာ ကျနော် နားလည်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘိုင်ယန်က သိပ် တောင့်တင်းတဲ့ အသင်း ဖြစ်တဲ့ အပြင် အတွေ့အကြုံတွေလည်း အများကြီး ရှိတယ်။

ဒါပေမယ့် ဒါတွေက ပြောင်းလဲ ပစ်နိုင်တဲ့ အရာတွေပါ။ အောက်အသင်း ဆိုတဲ့ သတ်မှတ်ချက်ကိုလည်း ကျနော်တို့ ပြောင်းလဲပစ်ပါမယ်။ ကျနေ်ာတို့ အားလုံးကတော့ ဒီလို သတ်မှတ်ကြတာကို သဘောကျပါတယ်။ ဘောလုံး သမိုင်းမှာ အကောင်းဆုံး ပွဲတွေက ဒီလို သတ်မှတ်ခံရတဲ့ အသင်းတွေကနေ ထွက်ပေါ်လာတာပဲ မဟုတ်လား။ ” လမ်းပတ် က ဆိုပါတယ်။

ဖရန့်လမ်းပတ်ဟာ ချယ်ဆီးအသင်းနဲ့ အတူ ၂၀၁၂ မှာလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူကာ ဥရောပ ဖလား ဗိုလ်စွဲခဲ့တဲ့ အသင်းမှာ ပါဝင်ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ ချယ်ဆီး လူငယ်တွေကို ဥရောပ ဒီလို ပြိုင်ပွဲမှာ ပွဲထုတ် ဖို့ အတွက်လည်း သံသယ မရှိဘဲ ကစားသမား အားလုံး အပေါ် ယုံကြည်မှု အပြည့် ရှိကြောင်း လမ်းပတ်က ပွဲကြိုမှာ ဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္ကေတာ့ ခ်န္ပီယံလိဂ္ ရွံဳးထြက္ အဆင့္မွာေတြ႔ဆံု ေနတဲ ဘိုင္ယန္ျမဴးနစ္ကို ရင္ဆုိင္ရမယ့္ ပြဲ မတိုင္ခင္ သူ႔အသင္းကို ေအာက္အသင္း အျဖစ္ သတ္မွတ္ေနၾကမႈေတြကို ေျပာင္းျပန္လွန္ပစ္ၾကဖု႔ိ ခ်ယ္ဆီးအသင္းသားေတြအား တိုက္တြန္း ေျပာဆိုလိုက္ပါတယ္။

ဘိုင္ယန္က ျပီးခဲ့တဲ့ ေအာက္တိုဘာလထဲမွာ လန္ဒနျ္မိဳ႕ခံ စပါးနဲ႕ အုပ္စု အဆင့္မွာ ဆံုေတြ႕ခဲ့စဥ္က လန္ဒန္မွာတင္ ၇-၂ နဲ႕ အနုိင္ယူသြားတဲ့ အသင္း ျဖစ္ပါတယ္။ ဘြန္ဒစ္လီဂါမွာလည္း ဦးေဆာင္ေနတဲ့ ဘိုင္ယန္ျမဴးနစ္ကို ခ်ယ္ဆီးနဲ႕ ဆံုမယ့္ ပြဲမွာလည္း အနုိင္ရမယ့္ အသင္းလို႔ ေၾကး သတ္မွတ္မႈေတြ မ်ားေနၾကပါတယ္။

ခ်ယ္ဆီးနည္းျပ လမ္းပတ္ကေတာ့ အသင္းသားေတြအား ဒီပြဲကို အနုိင္ယူျပီး အားလံုး ထင္ေၾကးေတြကို ေျပာင္းပစ္ၾကဖို႔ ပြဲၾကိဳမွာ တိုက္တြန္း စိန္ေခၚလိုက္ပါတယ္။

” တကယ္ေတာ့ ဒီလို ပြဲမ်ိဳးမွာ ကုိယ့္အသင္းက ေအာက္အသင္းလို႔ အသင္းတြင္းလူေတြထက္ အျပင္က လူေတြ သတ္မွတ္ေနၾကတာက ပို ေကာင္းတယ္လို႔ က်ေနာ္ကေတာ့ ေတြးပါတယ္။ က်ေနာ့္ အလုပ္က ဒီပြဲအတြက္ ျပင္ဆင္မွာ ျပိဳင္ဘက္ကို ေလ့လာျပီး အားနည္းခ်က္ေတြ ရွာထားမယ္။ က်ေန္ာတို႔ အသင္းကို ေအာက္အသင္း လို႔ လူေတြ သတ္မွတ္ၾကတာ က်ေနာ္ နားလည္ပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဘိုင္ယန္က သိပ္ ေတာင့္တင္းတဲ့ အသင္း ျဖစ္တဲ့ အျပင္ အေတြ႔အၾကံဳေတြလည္း အမ်ားၾကီး ရွိတယ္။

ဒါေပမယ့္ ဒါေတြက ေျပာင္းလဲ ပစ္နုိင္တဲ့ အရာေတြပါ။ ေအာက္အသင္း ဆိုတဲ့ သတ္မွတ္ခ်က္ကိုလည္း က်ေနာ္တို႔ ေျပာင္းလဲပစ္ပါမယ္။ က်ေန္ာတို႔ အားလံုးကေတာ့ ဒီလို သတ္မွတ္ၾကတာကို သေဘာက်ပါတယ္။ ေဘာလံုး သမိုင္းမွာ အေကာင္းဆံုး ပြဲေတြက ဒီလို သတ္မွတ္ခံရတဲ့ အသင္းေတြကေန ထြက္ေပၚလာတာပဲ မဟုတ္လား။ ” လမ္းပတ္ က ဆိုပါတယ္။

ဖရန္႔လမ္းပတ္ဟာ ခ်ယ္ဆီးအသင္းနဲ႕ အတူ ၂၀၁၂ မွာလည္း ခ်န္ပီယံလိဂ္ ဗုုိလ္လုပြဲမွာ ဘိုင္ယန္ျမဴးနစ္ကို ပင္နယ္တီ အဆံုးအျဖတ္မွာ အနုိင္ယူကာ ဥေရာပ ဖလား ဗိုလ္စြဲခဲ့တဲ့ အသင္းမွာ ပါ၀င္ဦးေဆာင္ခဲ့သူ ျဖစ္ပါတယ္။ ခ်ယ္ဆီး လူငယ္ေတြကို ဥေရာပ ဒီလို ျပိဳင္ပြဲမွာ ပြဲထုတ္ ဖို႔ အတြက္လည္း သံသယ မရွိဘဲ ကစားသမား အားလံုး အေပၚ ယံုၾကည္မႈ အျပည့္ ရွိေၾကာင္း လမ္းပတ္က ပြဲၾကိဳမွာ ဆိုခဲ့ပါတယ္။