အိုင်ကာဒီကို ပစ်မှတ်ထားခြင်း၊ လော့ဖ်တပ်ချိစ်၊ ဂိုးသမား ရွေးချယ်စရာနဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်ပွဲစဉ် ပထမအကျော့ အဖြစ် ဗုဒ္ဓဟူးနေ့ည စတန်းဖို့ဘရစ်ချ်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး ပွဲထွက် ဂိုးသမားအဖြစ် ကီပါကို ပြန်နေရာပေးမလား ကာဘယ်လာရိုကိုပဲ ဆက်လက် ပွဲထုတ်ရမလား ဆုံးဖြတ်ရဦးမှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ပွဲ မတိုင်ခင် ချယ်ဆီးအသင်းရဲ့ ကွင်းဖွင့် ထရိန်နင်ပြုလုပ်ခဲ့ရာမှာ အိုဒွိုင်း၊ ကန်တေနဲ့ ပူလီဆစ်တို့ ပါဝင်တာ မတွေ့ရပါဘူး။

ချယ်ဆီးအသင်းဟာ အေဂျက်မှ ကွင်းလယ်တိုက်စစ်သမား ဇီယက်ကို ငါးနှစ် စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း တရားဝင် အတည်ပြု ကြေငြာသွားခဲ့ပါတယ်။

အင်တာမီလန် တိုက်စစ်မှူး အိုင်ကာဒီက နွေမှာ ခေါ်ယူမယ့် ချယ်ဆီးအသင်း ပစ်မှတ်စာရင်းမှာ ပါဝင်နေကြောင်း အီတလီဘက်က သတင်းတွေမှာ ဖော်ပြနေပါတယ်။ အသက် ၂၇ နှစ် အရွယ် တိုက်စစ်မှူးဟာ လောလောဆယ် ပီအက်စ်ဂျီမှာ အငှား သွားရောက် ကစားနေပါတယ်။

၉လတာ ဒဏ်ရာကြောင့် ချယ်ဆီးအသင်းကြီးမှာ ကာလရှည် မပါဝင်နိုင်တဲ့ လော့ဖ်တပ်ချိစ်က စပါးနဲ့ ပွဲမှာတော့ ချယ်ဆီးအသင်း အရန်ခုံမှာ ပါဝင်လာခဲ့ပြီး ဝင်ကစားခဲ့ရခြင်း မရှိပါဘူး။ ဘိုင်ယန်နဲ့ ပွဲမှာ ပါဝင်ဖို့လည်း လမ်းပတ်က စောင့်ကြည့်ဆဲ ဖြစ်ကာ ကစားသမား ကစားနိုင်ဖို့ အသင့် ရှိရင် လူစာရင်းမှာ ထည့်သွင်းမှာ ဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။

ချယ်ဆီးနဲ့ စပါးပွဲမှာ ကီတာဖြစ်ရပ်ကို ဥပက္ခာပြုခဲ့တဲ့ VAR ဒိုင်ဟာ မန်စီးတီးဂိုးသမား အီဒါဆန်ရဲ့ ဥပဒေ ပ ကျူးလွန်မှုနဲ့ ဒီဘရိုင်းရဲ့ လက်ထိဘောတွေကိုလည်း မျက်ကွယ်ပြုခဲ့တာအတွက် ဂျင်မီရပ်နက်က ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္ ၁၆ သင္း ရွံဳးထြက္ပဲြဲစဥ္ ပထမအေက်ာ့ အျဖစ္ ဗုဒၶဟူးေန႕ည စတန္းဖို႔ဘရစ္ခ်္မွာ ယွဥ္ျပိဳင္ ကစားၾကမွာ ျဖစ္ျပီး ပြဲထြက္ ဂိုးသမားအျဖစ္ ကီပါကို ျပန္ေနရာေပးမလား ကာဘယ္လာရိုကိုပဲ ဆက္လက္ ပြဲထုတ္ရမလား ဆံုးျဖတ္ရဦးမွာ ျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္နဲ႕ ခ်န္ပီယံလိဂ္ ပြဲ မတိုင္ခင္ ခ်ယ္ဆီးအသင္းရဲ႕ ကြင္းဖြင့္ ထရိန္နင္ျပဳလုပ္ခဲ့ရာမွာ အိုဒြိဳင္း၊ ကန္ေတနဲ႕ ပူလီဆစ္တို႔ ပါ၀င္တာ မေတြ႔ရပါဘူး။

ခ်ယ္ဆီးအသင္းဟာ ေအဂ်က္မွ ကြင္းလယ္တိုက္စစ္သမား ဇီယက္ကို ငါးနွစ္ စာခ်ဳပ္နဲ႕ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ျပီ ျဖစ္ေၾကာင္း တရား၀င္ အတည္ျပဳ ေၾကျငာသြားခဲ့ပါတယ္။

အင္တာမီလန္ တိုက္စစ္မွဴး အိုင္ကာဒီက ေႏြမွာ ေခၚယူမယ့္ ခ်ယ္ဆီးအသင္း ပစ္မွတ္စာရင္းမွာ ပါ၀င္ေနေၾကာင္း အီတလီဘက္က သတင္းေတြမွာ ေဖာ္ျပေနပါတယ္။ အသက္ ၂၇ နွစ္ အရြယ္ တိုက္စစ္မွဴးဟာ ေလာေလာဆယ္ ပီအက္စ္ဂ်ီမွာ အငွား သြားေရာက္ ကစားေနပါတယ္။

၉လတာ ဒဏ္ရာေၾကာင့္ ခ်ယ္ဆီးအသင္းၾကီးမွာ ကာလရွည္ မပါ၀င္နုိင္တဲ့ ေလာ့ဖ္တပ္ခ်ိစ္က စပါးနဲ႕ ပြဲမွာေတာ့ ခ်ယ္ဆီးအသင္း အရန္ခံုမွာ ပါ၀င္လာခဲ့ျပီး ၀င္ကစားခဲ့ရျခင္း မရွိပါဘူး။ ဘိုင္ယန္နဲ႕ ပြဲမွာ ပါ၀င္ဖို႔လည္း လမ္းပတ္က ေစာင့္ၾကည့္ဆဲ ျဖစ္ကာ ကစားသမား ကစားနုိင္ဖို႔ အသင့္ ရွိရင္ လူစာရင္းမွာ ထည့္သြင္းမွာ ျဖစ္တယ္လို႔ အသိေပးခဲ့ပါတယ္။

ခ်ယ္ဆီးနဲ႔ စပါးပြဲမွာ ကီတာျဖစ္ရပ္ကို ဥပကၡာျပဳခဲ့တဲ့ VAR ဒိုင္ဟာ မန္စီးတီးဂိုးသမား အီဒါဆန္ရဲ႔ ဥပေဒ ပ က်ဴးလြန္မႈနဲ႔ ဒီဘရိုင္းရဲ႕ လက္ထိေဘာေတြ ကိုလည္း မ်က္ကြယ္ျပဳခဲ့တာအတြက္ ဂ်င္မီရပ္နက္က ျပင္းထန္စြာ ေဝဖန္လိုက္ပါတယ္။