အဝါကဒ် ၆၃ ကဒ်ပိုင်ရှင် ကွင်းလယ်ဒိုင် လူမှန်ကြီး ကိုင်တွယ်သွားမယ့် ချယ်ဆီးရဲ့ ချန်ပီယံလိဂ်ပွဲ

ဒီအပတ်တွေမှာ ချယ်ဆီးပွဲတွေအတွင်း လွဲမှားတဲ့ VAR ဆုံးဖြတ်တွေပဲ ရနေလို့ စိတ်ပျက်နေတဲ့ အသင်းပရိသတ်တွေအတွက် ထူးထူးခြားခြား ကိစ္စတစ်ခုကို ဖော်ပြရမှာကတော့ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ပွဲကို ကိုင်တွယ်မယ့် ကွင်းလယ်ဒိုင် အကြောင်းပါပဲ။

ချန်ပီယံလိဂ် ၁၆ သင်းရံှူးထွက်အဆင့်ရဲ့ ပထမအကျော့ကို တာဝန်ယူမယ့် ဒိုင်လူကြီးကတော့ အသက် ၃၇ နှစ်အရွယ် ပြင်သစ်သား ဒိုင်လူကြီး Clement Turpin ပဲ ဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို စတင်လာခဲ့ကတည်းက ပြိုင်ပွဲစုံ ၁၈ ပွဲကို ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူထားတဲ့ Clement Turpin ဟာ အဆိုပါ ပွဲတွေအတွင်း အဝါကဒ်ပေါင်း ၆၃ ကဒ်ကို ပြသထားသူဖြစ်တယ်။ အနီကဒ် ၃ ကဒ်ကိုလည်း ပြသထားတဲ့ ကွင်းလယ်ဒိုင်လူကြီးဟာ ဇန်နဝါရီလက ပီအက်ဂျီက စိန့်အန်တီယန်ကို ၆-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ကဒ်အများအပြား ထုတ်သုံးခဲ့တာဖြစ်တယ်။

Turpin ဟာ ဒီရာသီမှာ ဒီဇင်ဘာလတုန်းက အေဂျက်နဲ့ ဗလန်စီယာပွဲနဲ့ ဘိုင်ယန်နဲ့ စပါးပွဲတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးတာဖြစ်တယ်။ Turpin က ၂၀၁၀ ခုနှစ်ကစပြီး ဖီဖာလိုင်စင် ရခဲ့သူဖြစ်ကာ ယူအီးအက်ဖ်အေ အဆင့်မြင့် ဒိုင်လူကြီးအဖွဲ့ဝင်အဖြစ် ၂၀၁၂ ခုနှစ်မှာ ပါဝင်ခဲ့သူဖြစ်တယ်။

ပြင်သစ်မှာတော့ Turpin ဟာ အကောင်းဆုံး ဒိုင်လူကြီးတွေထဲက တစ်ဦးဖြစ်ပြီး မှန်ကန်တိကျသူအဖြစ်လည်း ထင်ရှားပါတယ်။ ဒါပေမယ့်လို့ သူက တစ်ပွဲကို အဝါကဒ် ပျှမ်းမျှ ၃.၅ ကြိမ်ထိ ပြသထားသူဖြစ်တာကြောင့် ပွဲမှာ သတိထားကစားဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ေတြမွာ ခ်ယ္ဆီးပြဲေတြအတြင္း လြဲမွားတဲ့ VAR ဆံုးျဖတ္ေတြပဲ ရေနလို႔ စိတ္ပ်က္ေနတဲ့ အသင္းပရိသတ္ေတြအတြက္ ထူးထူးျခားျခား ကိစၥတစ္ခုကို ေဖာ္ျပရမွာကေတာ့ ဘိုင္ယန္ျမဴးနစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲကို ကိုင္တြယ္မယ့္ ကြင္းလယ္ဒိုင္ အေၾကာင္းပါပဲ။

ခ်န္ပီယံလိဂ္ ၁၆ သင္းရံွဴးထြက္အဆင့္ရဲ႕ ပထမအေက်ာ့ကို တာဝန္ယူမယ့္ ဒိုင္လူၾကီးကေတာ့ အသက္ ၃၇ ႏွစ္အရြယ္ ျပင္သစ္သား ဒိုင္လူၾကီး Clement Turpin ပဲ ျဖစ္ပါတယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီကို စတင္လာခဲ့ကတည္းက ျပိဳင္ပြဲစံု ၁၈ ပြဲကို ကြင္းလယ္ဒိုင္အျဖစ္ တာဝန္ယူထားတဲ့ Clement Turpin ဟာ အဆိုပါ ပြဲေတြအတြင္း အဝါကဒ္ေပါင္း ၆၃ ကဒ္ကို ျပသထားသူျဖစ္တယ္။ အနီကဒ္ ၃ ကဒ္ကိုလည္း ျပသထားတဲ့ ကြင္းလယ္ဒိုင္လူၾကီးဟာ ဇန္နဝါရီလက ပီအက္ဂ်ီက စိန္႔အန္တီယန္ကို ၆-၁ နဲ႔ အႏုိင္ရတဲ့ပြဲမွာ ကဒ္အမ်ားအျပား ထုတ္သံုးခဲ့တာျဖစ္တယ္။

Turpin ဟာ ဒီရာသီမွာ ဒီဇင္ဘာလတုန္းက ေအဂ်က္နဲ႔ ဗလန္စီယာပြဲနဲ႔ ဘိုင္ယန္နဲ႔ စပါးပြဲေတြကိုလည္း ကိုင္တြယ္ခဲ့ဖူးတာျဖစ္တယ္။ Turpin က ၂၀၁၀ ခုႏွစ္ကစျပီး ဖီဖာလိုင္စင္ ရခဲ့သူျဖစ္ကာ ယူအီးအက္ဖ္ေအ အဆင့္ျမင့္ ဒိုင္လူၾကီးအဖြဲ႔ဝင္အျဖစ္ ၂၀၁၂ ခုႏွစ္မွာ ပါဝင္ခဲ့သူျဖစ္တယ္။

ျပင္သစ္မွာေတာ့ Turpin ဟာ အေကာင္းဆံုး ဒိုင္လူၾကီးေတြထဲက တစ္ဦးျဖစ္ျပီး မွန္ကန္တိက်သူအျဖစ္လည္း ထင္ရွားပါတယ္။ ဒါေပမယ့္လို႔ သူက တစ္ပြဲကို အဝါကဒ္ ပွ်မ္းမွ် ၃.၅ ၾကိမ္ထိ ျပသထားသူျဖစ္တာေၾကာင့္ ပြဲမွာ သတိထားကစားဖို႔ေတာ့ လိုအပ္မွာျဖစ္ပါတယ္။