ပွဲကြိုမှာ ချယ်ဆီးရဲ့ ရလဒ်မကောင်းမှုတွေကို မီးမှောင်းထိုး ထုတ်ပြောသွားတဲ့ ကင်မစ်နဲ့ မူလာ

ဘိုင်ယန်မြူးနစ် ခံစစ်သမား ဂျိုရှုအာ ကင်မစ်က ချန်ပီယံလိဂ်ပွဲကြိုမှာ ချယ်ဆီးနဲ့ပက်သက်ပြီး သူ့ရဲ့ ထင်မြင်ချက်ကို ထုတ်ပြောသွားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကစားသမားက ချယ်ဆီးလူစာရင်းကို အထင်ကြီးပေမယ့် စွမ်းဆောင်ရည် တည်ငြိမ်မှုမရှိကြောင်း မှတ်ချက်ပေးခဲ့တယ်။ ဒါ့အပြင် အင်္ဂလန်အသင်းတွေဟာ ပရီးမီးယားလိဂ်မှာ လီဗာပူးရဲ့ လွှမ်းမိုးခြင်းကို ခံနေရပါတယ်လို့ သုံးသပ်သွားပါတယ်။

” ဟုတ်ပါတယ်။ သူတို့က ငယ်ရွယ်ကြပါတယ်။ ဒါပေမယ့် အတွေ့အကြုံကောင်းတွေနဲ့ အရည်အချင်းကောင်းတွေလည်း ပိုင်ဆိုင်ထားကြတယ်။ ကုန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်မှာ သူတို့ဟာ တည်ငြိမ်နိုင်သင့်သလောက် မတည်ငြိမ်ဘူးလို့ ကျနော် ထင်တယ်။ အင်္ဂလန်ကို ကြည့်မယ်ဆိုရင် အသင်းတိုင်းက ဒီအခြေအနေမှာ လီဗာပူးရဲ့ လွှမ်းမိုးမှုကို ခံနေရပါတယ် ” လို့ ကင်မစ်က ဆိုခဲ့တာပါ။

ဒီအပတ်မှာ ချယ်ဆီးနဲ့ ချန်ပီယံလိဂ် ရံှူးထွက်ပွဲ ကစားရမှာဖြစ်ပေမယ့် ကင်မစ်ကတော့ နှစ်သင်းလုံးက ချန်ပီယံလိဂ်မှာ ရေပန်းမစားဘူးလို့ မြင်ပါတယ်။ သူကတော့ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို အနိုင်ရဖို့ ရေပန်းအစားဆုံး အသင်းက ပရီးမီးယားလိဂ်ကလပ် လီဗာပူးဖြစ်ကြောင်းကို ” အခုချိန်မှာတော့ ရေပန်းအစားဆုံးက လီဗာပူးလို့ ထင်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်တယ်။

ကစားသမားဘဝ ချန်ပီယံလိဂ်ပွဲပေါင်း ရာကျော် ကစားခဲ့ပေမယ့် စတမ်းဖိုဒ့်ဘရစ်မှာ တစ်ကြိမ်မှ ဥရောပပွဲ လာရောက် ယှဉ်ပြိင်ဖူးခြင်း မရှိသေးတဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး မူလာကလည်း ချယ်ဆီးပွဲကြို စိန်ခေါ်စကား ဆိုခဲ့ပါသေးတယ်။

” ချယ်ဆီးက ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားတယ်။ သူတို့က အရည်အသွေးတွေရှိတာကြောင့် ကျနေ်ာတို့ဘက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ လိုပါမယ်။ ဒါပေမယ့် သူတို့က ဥရောပရဲ့ အကောင်းဆုံးအသင်း မဟုတ်ပါဘူး။ ဒါကြောင့် ကျနေ်ာတို့ဘက်က ကြောက်ရွံ့နေဖို့ မလိုပါဘူး။ နိုင်ပွဲ ရယူနိုင်မယ်လို့ ယုံကြည်ချက် အပြည့်ရှိပါတယ် ” လို့ မူလာက ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဘိုင္ယန္ျမဴးနစ္ ခံစစ္သမား ဂ်ိဳရႈအာ ကင္မစ္က ခ်န္ပီယံလိဂ္ပြဲၾကိဳမွာ ခ်ယ္ဆီးနဲ႔ပက္သက္ျပီး သူ႔ရဲ႕ ထင္ျမင္ခ်က္ကို ထုတ္ေျပာသြားခဲ့ပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ ကစားသမားက ခ်ယ္ဆီးလူစာရင္းကို အထင္ၾကီးေပမယ့္ စြမ္းေဆာင္ရည္ တည္ျငိမ္မႈမရွိေၾကာင္း မွတ္ခ်က္ေပးခဲ့တယ္။ ဒါ့အျပင္ အဂၤလန္အသင္းေတြဟာ ပရီးမီးယားလိဂ္မွာ လီဗာပူးရဲ႕ လႊမ္းမိုးျခင္းကို ခံေနရပါတယ္လို႔ သံုးသပ္သြားပါတယ္။

” ဟုတ္ပါတယ္။ သူတို႔က ငယ္ရြယ္ၾကပါတယ္။ ဒါေပမယ့္ အေတြ႔အၾကံဳေကာင္းေတြနဲ႔ အရည္အခ်င္းေကာင္းေတြလည္း ပိုင္ဆိုင္ထားၾကတယ္။ ကုန္ခဲ့တဲ့ သီတင္းပတ္ အနည္းငယ္မွာ သူတို႔ဟာ တည္ျငိမ္ႏုိင္သင့္သေလာက္ မတည္ျငိမ္ဘူးလို႔ က်ေနာ္ ထင္တယ္။ အဂၤလန္ကို ၾကည့္မယ္ဆိုရင္ အသင္းတိုင္းက ဒီအေျခအေနမွာ လီဗာပူးရဲ႕ လႊမ္းမိုးမႈကို ခံေနရပါတယ္ ” လို႔ ကင္မစ္က ဆိုခ့ဲတာပါ။

ဒီအပတ္မွာ ခ်ယ္ဆီးနဲ႔ ခ်န္ပီယံလိဂ္ ရံွဴးထြက္ပြဲ ကစားရမွာျဖစ္ေပမယ့္ ကင္မစ္ကေတာ့ ႏွစ္သင္းလံုးက ခ်န္ပီယံလိဂ္မွာ ေရပန္းမစားဘူးလို႔ ျမင္ပါတယ္။ သူကေတာ့ ဒီရာသီ ခ်န္ပီယံလိဂ္ဖလားကို အႏုိင္ရဖို႔ ေရပန္းအစားဆံုး အသင္းက ပရီးမီးယားလိဂ္ကလပ္ လီဗာပူးျဖစ္ေၾကာင္းကို ” အခုခ်ိန္မွာေတာ့ ေရပန္းအစားဆံုးက လီဗာပူးလို႔ ထင္ပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာျဖစ္တယ္။

ကစားသမားဘဝ ခ်န္ပီယံလိဂ္ပြဲေပါင္း ရာေက်ာ္ ကစားခဲ့ေပမယ့္ စတမ္းဖိုဒ့္ဘရစ္မွာ တစ္ၾကိမ္မွ ဥေရာပပြဲ လာေရာက္ ယွဥ္ျပိင္ဖူးျခင္း မရွိေသးတဲ့ ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မွဴး မူလာကလည္း ခ်ယ္ဆီးပြဲၾကိဳ စိန္ေခၚစကား ဆိုခဲ့ပါေသးတယ္။

” ခ်ယ္ဆီးက ငယ္ရြယ္ျပီး အရည္အခ်င္းရွိတဲ့ ကစားသမားေတြကို ပိုင္ဆုိင္ထားတယ္။ သူတို႔က အရည္အေသြးေတြရွိတာေၾကာင့္ က်ေန္ာတုိ႔ဘက္က ၾကိဳတင္ျပင္ဆင္မႈေတြ လုပ္ဖို႔ လိုပါမယ္။ ဒါေပမယ့္ သူတို႔က ဥေရာပရဲ႕ အေကာင္းဆံုးအသင္း မဟုတ္ပါဘူး။ ဒါေၾကာင့္ က်ေန္ာတို႔ဘက္က ေၾကာက္ရြံ႔ေနဖို႔ မလိုပါဘူး။ ႏုိင္ပြဲ ရယူႏုိင္မယ္လို႔ ယံုၾကည္ခ်က္ အျပည့္ရွိပါတယ္ ” လို႔ မူလာက ဆိုခဲ့တာျဖစ္ပါတယ္။