မန်ယူကို အိုးထရက်ဖို့ဒ်မှာ ဒီည ချယ်ဆီးက သေချာပေါက် နိုင်မယ် ဟောကိန်းထုတ်လိုက်တဲ့ ခရစ်ဆက်တန်

ချယ်ဆီးအသင်းဟာ ဒီညမှာတော့ ကြားရက် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် အိုးထရက်ဖို့ဒ် ကွင်းသို့ သွားပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ ပွဲကတော့ ဒီနေ့ ဗုဒ္ဓဟူးည ၂း၄၅ နာရီ အချိန်၊ မန်ယူတို့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ဝါရင့်ကြီး ခရစ်ဆက်တန် က မန်ချက်စတာ ယူနိုက်တက် – ချယ်ဆီးပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်လာပြီ ဖြစ်ပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

စိန့်ဂျိမ်းပါ့ခ်ကပွဲမှာ မန်ချက်စတာ ယူနိုက်တက်က အတော်လေး ညံ့ဖျင်းခဲ့ပါတယ်။ သူတို့ရဲ့ ကစားသမား အချို့ကို ကြည့်ရတာ အပင်ပန်းတောင် မခံချင်တော့သလောက်ပါပဲ။

ဒီပွဲမတိုင်ခင်မှာ နည်းပြတန်ဟက်က နယူးကာဆယ်ဟာ နားရက် အပိုတစ်ရက် ရထားတယ်လို့ ပြောပါတယ်။ ကျနော်ကတော့ ဒါက မှန်ကန်တဲ့ မက်ဆေ့တစ်ခု ပေးနိုင်ခဲ့တာလို့ မထင်ပါဘူး။ သူ့ကစားသမားတွေ ဆိုးဆိုးရွားရွား စိတ်ဓါတ် ကျဆင်းနေတာကို အဆုံးသတ်တာတော့ လုပ်ပေးနိုင်ခဲ့ပါတယ်။

ယူနိုက်တက် ကစားသမားတွေ ပြေးလွှားဖို့ အားထုတ်ခဲ့ခြင်း မရှိချိန် နယူးကာဆယ် ကစားသမားတွေက တကွင်းလုံး ပြေးလွှားနေခဲ့တာကြောင့် ၁-၀ ထက် ပိုတဲ့ ရလဒ်နဲ့ကို အနိုင်ရခဲ့သင့်တာပါ။

သူတို့ရဲ့ ပရိသတ်တွေရှေ့မှာ ယူနိုက်တက်က ပိုတော့ ကစားနိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ ဒီရာသီ ဇယားထက်ဝက် အပေါ်ဘက်က အသင်းတွေကို ရင်ဆိုင်ရာမှာ နိုင်ပွဲမရပါဘူး။

ကျနော်ကတော့ ဒီပွဲမှာ ချယ်ဆီးတို့ သေချာပေါက် နိုင်သွားမယ် ထင်ပါတယ်။ သူတို့ ခြေစွမ်းတွေ မတည်ငြိမ်ပေမယ့်လို့ ဘရိုက်တန်ကို ရင်ဆိုင်တဲ့ပွဲမှာ စုဖွဲ့မှုပိုင်းအရ ပိုကောင်းလာနေတာကို မြင်ရပါတယ်။ သူတို့က တန်ဟက်တို့ရဲ့ ခံစစ်ကို ပြဿနာတွေ ပေးပါလိမ့်မယ်။

ခရစ်ဆက်တန် ရဲ့ ပွဲ ခန့်မှန်းရလဒ်

မန်ချက်စတာ ယူနိုက်တက် ၁-၂ ချယ်ဆီး။