စတားလင်းနဲ့ အန်ဇို အပါအဝင် အဝါကတ် ၁ ခါ ထိတာနဲ့ ပွဲပယ်ခံရတော့မယ့် ပရီးမီးယားလိဂ် ကစားသမားများ ၂၇ ဦး ထိ ရှိနေ

ချယ်ဆီး အသင်းမှ တိုက်စစ်သမားတွေ ဖြစ်တဲ့ စတာလင်းနှင့် အန်ဇို တို့ အပါအဝင် ပရီးမီးယားလိဂ် ကြယ်ပွင့် ၂၇ ဦးတို့ဟာ လာမယ့် ၅ ပွဲအတွင်းတွင် အဝါကတ် တစ်ကတ်ပြသခြင်းခံလာရပါက ၁ ပွဲ ပယ် ပြစ်ဒဏ် ချမှတ်ခြင်းခံရတော့မှာ ဖြစ်ပါတယ်။

ကစားသမားများဟာ ပရီးမီးယားလိဂ်ပထမအကျော့ ၁၉ အတွင်းတွင် အဝါကတ် ၅ ကတ်ပြသခြင်းခံရတိုင်း ၁ ပွဲ အပယ် ခံရပါတယ်။

မန်စီးတီးစတား ရိုဒရီနှင့် ဂျက် ဂရီးလစ်ရှ်တို့ဟာ အဝါကတ် ၅ ကတ်ပြည့်သွားပြီ ဖြစ်ကာ ယနေ့ည အက်စတွန် ဗီလာနှင့် ပွဲတွင် ပွဲပယ်ခံထားရပြီး ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်မှာလည်း ယနေ့ည ချယ်ဆီးနှင့် ပွဲတွင် အဝါကတ်ပြသခြင်းခံရပါက ပယ်ခံရပါမယ်။

ဒါ့အပြင် ချယ်ဆီးအသင်းမှ တိုက်စစ်သမားတွေ ဖြစ်တဲ့ ရာဟမ်းစတာလင်းနှင့် အန်ဇိုဖာနန်ဒက်ဇ်တို့လည်း ပါဝင်နေပြီး ယနေ့ည ယူနိုက်တက်နှင့်ပွဲတွင် အထူးသတိထားကစားရပါမယ်။

လက်ရှိအချိန်တွင် နောက်ထပ် အဝါကတ် ၁ ကြိမ်ပြသခံရလျှင် ၁ ပွဲပယ်ခံရမဲ့ ပရီးမီးယားလိဂ်ကစားသမား ၂၇ ဦးအထိ ရှိနေပါတယ်။

ထို ကစားသမားတွေထဲ တွင် အင်္ဂလန်စတားများဖြစ်ကြရန် ကီရန်ထရစ်ပီယာ၊ လူးဝစ်ဒန်ခ့်၊ အာဆင်နယ်စတား ကိုင်ဟာဗတ်ဇ်၊ ဗီလာမှ မတ်တီကက်ရှ်၊ လူကပ်စ်ဒီဂနီ၊ ဒေါက်ကလပ်လူးဝစ်ဇ်တို့လည်း ပါဝင်နေပါတယ်။