အိုးထရက်ဖို့ဒ်မှာ ဂိုးသွင်းကြမ်းကြမယ့် မန်ယူ – ချယ်ဆီး ပွဲ ဆိုတဲ့ ပေါမာဆန်ကြီးရဲ့ ပွဲကြို သုံးသပ်ခန့်မှန်းချက် ထွက်ပါပြီ

ဒီကြားရက် မှာ ပရီးမီးယားလိဂ် ပွဲတွေ ယှဉ်ပြိုင် ကစားဖို့ ရှိနေပြီး ချယ်ဆီးအသင်း ဟာ အိုးထရက်ဖို့ဒ် သွားပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က မန်ချက်စတာ ယူနိုက်တက် – ချယ်ဆီးပွဲ အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းလာပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ပြီးခဲ့တဲ့ နယူးကာဆယ်ကို ယူနိုက်တက်တို့ ရင်ဆိုင်တဲ့ ပွဲဟာ ပရီးမီးယားလိဂ်မှာ မြင်ဖူးသမျှ ပွဲတွေထဲ တစ်ဖတ်သတ် အဆန်ဆုံးပွဲဆိုတာ ချဲ့ကားပြောနေတာ မဟုတ်ပါဘူး။ ကျနော်ကတော့ အဲ့ပွဲက ရှက်ဖို့တောင် ကောင်းတယ်လို့ကို မြင်ပါတယ်။ ယူနိုက်တက် ကစားသမားတွေရဲ့ သက်ရောက်မှု နည်းပါးတဲ့ ကစားဟန်ကို ရှော့ခ်တောင် ရမိပါတယ်။

ချယ်ဆီးကတော့ ရလဒ်ကောင်း ရခဲ့ပါတယ်။ ၁၀ ယောက်ကျန် အသင်းက အနိုင်ရသွားမယ်လို့ မထင်ခဲ့ပေမယ့် သူတို့က သူတို့ ပုံစံတွေနဲ့ အကောင်းဆုံး ကစားခဲ့တယ်။ ချယ်ဆီးအသင်းမှာက ယူနိုက်တက်ကို ရင်ဆိုင်ကစားဖို့ ကစားသမားတွေ ရှိနေပြီး စိတ်လှုပ်ရှားစရာ ပွဲလည်း ဖြစ်လာပါလိမ့်မယ်။

အခုချိန်မှာ ချယ်ဆီးက အထိုင်ကျလာနေပါပြီ။ သူတို့ရဲ့ ပွဲထွက် ၁၁ ဦးက ဘယ်သူတွေ ဖြစ်ရမယ်ဆိုတာ သိလာနေပြီ။ နယူးကာဆယ်ပွဲမှာ ဆိုးရွားခဲ့ပေမယ့် ဒီတလော ချယ်ဆီးကစားနေတာ ကောင်းပါတယ်။ သူတို့မှာ ခံစစ်ပိုင်း ပြဿနာ အနည်းငယ် ရှိပေမယ့် ဘရိုက်တန်ကို တစ်ယောက်လျော့နဲ့ ရင်ဆိုင်ခဲ့တာ ကောင်းပါတယ်။

မန်ချက်စတာယူနိုက်တက်က ဒီပွဲမှာ အပြောင်းအလဲ လုပ်ပြချင်နေမှာပါ။ သူတို့ ၂ ပွဲဆက် ရလဒ် မကောင်းထားဘဲ ချယ်ဆီး၊ ဘုန်းမောက်၊ ဘိုင်ယန်မြူးနစ်တို့ကို ဆက်ရှုံးမယ်ဆိုရင် နည်းပြတန်ဟက်ရဲ့ ရာထူးက မသေချာတော့ပါဘူး။

ချယ်ဆီးက ခံစစ်ပိုင်း မကောင်းဘဲ ယူနိုက်တက်ကလည်း နေရာစုံကို အားနည်းနေပါတယ်။ ဂါလာတာစရေး ပွဲမှာ သူတို့ ပေးဂိုး ၃ ဂိုးထိရှိခဲ့ပြီး နယူးကာဆယ်ပွဲမှာတော့ ပေးဂိုး ၁၀ ဂိုးလောက် ဖြစ်ခဲ့သင့်တာပါ။ ကျနော်ကတော့ ဂိုးတွေ အများကြီးနဲ့ ဒီပွဲ သရေကျမယ် ထင်ပါတယ်။

ဒီနှစ်သင်းဟာ အိုးထရက်ဖို့ဒ်ကွင်းမှာ မနက်ဖြန် ဗုဒ္ဓဟူးည ၂း၄၅ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားမှာပါ။

ပေါမာဆန်ကြီးရဲ့ ပွဲ ခန့်မှန်းရလဒ်

မန်ချက်စတာ ယူနိုက်တက် ၃-၃ ချယ်ဆီး။