ချယ်ဆီးပရိသတ်တွေရဲ့ ချစ်ခင်ခြင်းတွေအတွက် ကျေးဇူးတင်စကားဖြင့် တုန့်ပြန်သွားတဲ့ မူဒရစ်

ချယ်ဆီး ၃-၂ ဘရိုက်တန်ပွဲမှာ တိုက်စစ်ထိုးဖောက်ရင်း ပင်နယ်တီရဖို့ အခွင့်အရေးကို ဖန်တီးပေးခဲ့တဲ့ တိုက်စစ်သမား မူဒရစ်ကတော့ ချယ်ဆီးပရိသတ်တွေရဲ့ အားပေးမှုကို အထူး ကျေးဇူးတင်စကား ပြောဆိုသွားပါတယ်။

မူဒရစ်ရဲ့ လျှင်မြန်မှုကို တားဆီးဖို့ ကြိုးစားရင်း ဘရိုက်တန် ကစားသမား မီလ်နာက ပင်နယ်တီ ဧရိယာထဲ ခြေခတ်မိရာက နှစ်ဦးလုံး လဲကျခဲ့တာပါ။ သိသာတဲ့ ဒီဖြစ်ရပ်အတွက် VAR က ပင်နယ်တီပေးရာမှာ အန်ဇိုက အကောင်းဆုံး အဆုံးသတ်ပေးခဲ့ပါတယ်။

ဒီပွဲမှာ ချယ်ဆီးအသင်းသားတွေဟာ ဒုတိယပိုင်း တပိုင်းလုံးကို တယောက်လျော့နဲ့ ကစားပြီးမှ တိုက်ပွဲဝင် စိတ်ဓာတ် ပြသပြီး အနိုင် ၃မှတ် ရှာဖွေသွားတာ ဖြစ်ပါတယ် ။

မူဒရစ်က ” ကျွန်တော် ဘောလုံး ရတဲ့ အခါတိုင်း ချဲလ်ဆီး ပရိသတ်တွေ စိတ်လှုပ်ရှားကြတာက ကျွန်တော့ကို ယုံကြည်မှု ပိုတိုးစေပါတယ်။ ပရိသတ် အားလုံးရဲ့ အားပေးမှုကို ကျွန်တော် အထူး ကျေးဇူးတင်ပါတယ် ။ ကျွန်တော် အမြဲတမ်း အကောင်းဆုံး ကြိုးစားပေးသွားမှာပါ။

ဘရိုက်တန်ကို အနိုင်ရလိုက်တာက ကျွန်တော်တို့ အတွက် ကြီးကျယ်တဲ့ ရလဒ် တခုပါ။ ဒါပေမယ့် ပွဲပြီးခါနီး အချိန်အခိုက်အတန့်လေးတွေက အတော်လေး စိတ်လှုပ်ရှားခဲ့ရပါတယ်။ နာကျင်အချိန်ပို ၁၀မိနစ်ကျော် ထည့်ပေါင်းတာက ခင်ဗျားကို အမြဲတမ်း အခက်တွေ့စေပါတယ်။

၁၀-၁၁ ယောက် ကစားရတာက ခင်ဗျားကို ရုန်းကန်ရစေပါတယ် ။ ဒါပေမယ့် ဘရိုက်တန်ပွဲအတွင်း အသင်းရဲ့ စွမ်းဆောင်ရည် အပေါ် ကျွန်တော် အရမ်း ဂုဏ်ယူမိပါတယ် ။ ဒါက ကျွန်တော်တို့ အတွက် ကြီးမားတဲ့ အနိုင် ၃မှတ်ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။