ချယ်ဆီး – ဘရိုက်တန် အသင်းတို့ရဲ့ မနက်ဖြန် ပွဲစဉ် အတွက် ပေါမာဆန်ကြီးရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

နည်းပြ ပိုချက်တီနိုရဲ့ ချယ်ဆီး အသင်းကတော့ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဘရိုက်တန် အသင်းနဲ့တွေ့နေပြီး အိမ်ကွင်းမှာ ဧည့်ခံ ကစားမှာပါ။

ပွဲ ကစားမှာကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၈ နာရီခွဲ အချိန်၊ စတန်းဖို့ ဘရစ်ချ်မှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဆရာကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က ကတော့ ချယ်ဆီးနဲ့ ဘရိုက်တန် တို့ ပွဲ အတွက် ပွဲကြို သုံးသပ် ခန့်မှန်းလာပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဒီပွဲက ဘာမဆိုဖြစ်နိုင်ပါတယ်။ ခန့်မှန်းရလည်း ခက်ခဲပါတယ်။ ချယ်ဆီးနိုင်မယ့်ဘက်က ရှိနေချင်ကြရဲ့လား မသေချာပါဘူး။

နယူးကာဆယ်ကို ရင်ဆိုင်တုန်းက ပထမပိုင်းမှာ ချယ်တို့ ကစားပုံ ကောင်းခဲ့ပါတယ်။ ချယ်ဆီးက ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ သူတို့ ပြန်မလှန်နိုင်ခဲ့ပါဘူး။

ဘရိုက်တန်လည်း အတူတူပါပဲ။ ဘယ်လိုဖြစ်မယ် ခန့်မှန်းလို့ မရပါဘူး။ ပြီးခဲ့တဲ့ ၇ ပွဲ ၈ ပွဲမှာ သူတို့ နိုင်ပွဲတွေ သိပ်မရထားပါဘူး။ အခုတော့ သူတို့ ရလဒ်တွေ နည်းနည်းလေး ပိုကောင်းလာနေပါပြီ။ ဖောရက်စ်ပွဲ အနီကဒ်ကြောင့် လူးဝစ် ဒန့် မပါနိုင်တာက ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ ဒီပွဲက အကျိတ်အနယ် ပြိုင်ဆိုင်ရမှု ဖြစ်ပါလိမ့်မယ်။

ပေါမာဆန် ခန့်မှန်းရလဒ်

ချယ်ဆီး 2-2 ဘရိုက်တန်